ကုိဗစ္ ကပ္သင့္ေနတဲ့ ႏုိင္ငံေတြ ကုိ ေဒၚလာ သန္း (၂၀၀၀) ေထာက္ပံ့မည္ ဟု တရုတ္သမၼတ ေျပာ
|ကုိဗစ္ ကပ္သင့္ေနတဲ့ ႏုိင္ငံေတြ ကုိ ေဒၚလာ သန္း (၂၀၀၀) ေထာက္ပံ့မည္ ဟု တရုတ္သမၼတ ေျပာ
ကိုရိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါေဘး က်ေရာက္ေနတဲ့ ႏုိင္ငံ မ်ားႏွင့္ ဖြံ႕ၿဖဳိးဆဲႏုိင္ငံမ်ားကို ကူညီရန္ လာမည့္ ႏွစ္ႏွစ္အတြင္း တ႐ုတ္နိုင္ငံက ကန္ေဒၚလာ ၂ ဘီလီယံ ေထာက္ပံ့ေပးအပ္မည္ ျဖစ္ေၾကာင္း သမၼတ ရွီက်င့္ဖ်င္က ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
ကမၻာ့ဒုတိယ အင္အားအႀကီးဆုံး စီးပြားေရးနိုင္ငံ ၏ ေခါင္းေဆာင္ျဖစ္သည့္ ရွီက ယမန္ေန႔ ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) ၏ အဓိက အစည္းအေဝးညီလာခံ ဖြင့္ပြဲအခမ္းအနား၌ ဗီဒီယိုအစည္းအေဝးေတြ႕ဆုံမွုတြင္ မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာသြားျခင္း ျဖစ္ပါတယ္။
အလားတူ COVID-19 ေရာဂါအတြက္ ကာကြယ္ေဆး တစ္မ်ိဳး ရရွိလာပါကလည္း ယင္းကို ကမၻာတဝန္းလုံးရွိ ျပည္သူမ်ား၏ ေကာင္းက်ိဳး အတြက္ အသုံးျပဳခြင့္ေပးသြားမယ္လုိ႔လည္း ေျပာၾကားသြားပါတယ္။
လက္ရွိအခ်ိန္တြင္ တ႐ုတ္ကုမၸဏီတခ်ိဳ့သည္ COVID-19 ကာကြယ္ေဆး စမ္းသပ္ ထုတ္လုပ္မွုတြင္ ေရွ႕တန္းေနရာ ကေန လုပ္ေဆာင္လ်က္ ရွိပါတယ္။
crd : whitesone
unicode
ကိုဗစ် ကပ်သင့်နေတဲ့ နိုင်ငံတွေ ကို ဒေါ်လာ သန်း (၂၀၀၀) ထောက်ပံ့မည် ဟု တရုတ်သမ္မတ ပြော
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါဘေး ကျရောက်နေတဲ့ နိုင်ငံ များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီရန် လာမည့် နှစ်နှစ်အတွင်း တရုတ်နိုင်ငံက ကန်ဒေါ်လာ ၂ ဘီလီယံ ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး စီးပွားရေးနိုင်ငံ ၏ ခေါင်းဆောင်ဖြစ်သည့် ရှီက ယမန်နေ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဓိက အစည်းအဝေးညီလာခံ ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုအစည်းအဝေးတွေ့ဆုံမှုတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောသွားခြင်း ဖြစ်ပါတယ်။
အလားတူ COVID-19 ရောဂါအတွက် ကာကွယ်ဆေး တစ်မျိုး ရရှိလာပါကလည်း ယင်းကို ကမ္ဘာတဝန်းလုံးရှိ ပြည်သူများ၏ ကောင်းကျိုး အတွက် အသုံးပြုခွင့်ပေးသွားမယ်လို့လည်း ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီတချို့သည် COVID-19 ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်မှုတွင် ရှေ့တန်းနေရာ ကနေ လုပ်ဆောင်လျက် ရှိပါတယ်။
crd : whitesone