ပင်ပန်းစွာ ဆင်းရဲစွာဈေးရောင်းနေရှာတဲ့ အဘိုးတစ်ဦး ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ “မိုးစက်”

Posted on

မိုးစက်က လတ်တလောမှာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေနဲ့ လမ်းပေါ်မှာ ခက်ခဲစွာ ရုန်းကန်နေရသူတွေကို တစ်ဖက် တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေ သူတစ်ယောက်ပါ ။ မိုးစက်က ကိုယ်တိုင် လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။ အခုလည်း အသက်ကြီးပေမယ့် မြေးဖြစ်သူကို ရှင်ပြုပေး ချင်တာကြောင့် လမ်းမထက်မှာ ပင်ပင်ပန်းပန်း ဈေးရောင်းကာ သမာအာဇီဝ ကျကျ လုပ်ကိုင်နေတဲ့ သက်ကြီး အဘိုးတစ်ဦးကို ကူညီမှုတွေ ပေးခဲ့ပြန်ပါတယ် ။

အလှူပုံတွေနဲ့ အတူ လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်း အရာလေးတွေကိုလည်း ရေးသားဖော်ပြထားပါသေးတယ် ။“အဖိုးနဲ့အဖွားရဲ့ မြေးလေးကို ရှင်ပြုချင်လို့ပါ.”တဲ့ ။ မုန့်ဖတ်ထုပ်ရောင်းတဲ့ အပြုံးချိုချို နဲ့အဘ ပေါ့ အဘ မုန့်ဖက်ထုပ်လေး အားပေးချင်လို့ပါ ..” ဟုတ်ကဲ့ ရပါတယ် သား အဘ မုန့်ဖက်ထုပ်ရောင်းပြီး မြေးလေးကိုရှင်ပြုပေးချင်တဲ့အကြောင်းလေး လိုင်းပေါ်မှာ သိရလို့…” ဟုတ်ပါတယ် သား.. အဘရဲ့ သားလေးက မရှိတော့ဘူးဆိုတော့ မြေးလေးကို ရှင်ပြုပေးချင်တါပေါ့ကွယ်…”ဒါဆို အဘရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးမယ် မိုးဖွားတွေလဲ ကျနေပြီဆိုတော့ အဘဈေးရောင်းတာ သိမ်းပြီး အဘ အိမ်ကို ပြန်ကြရအောင်…” ဒီလိုနဲ့ အဘ အိမ်ကိုလိုက်သွားပြီး အဘဈေးရောင်းဖို့ အတွက် အိမ်မှာ သေချာပြင်ဆင်ပြီး လုပ်ကိုင်ပေးနေတဲ့ အဖွားနဲ့ ဆုံခဲ့ပါသေးတယ်။

အဖွား ဒီအိမ်လေးက အပိုင်လား …” မဟုတ်ရပါဘူး သားရယ် …ငှါးနေတာပါ ၊ တစ်လကို (၆၀၀၀၀)ပေးရတယ်…” ဒီကြားထဲက အဖွားမြေးလေးအတွက် စုပေးနေတာပေါ့…” သူ့မှာ အဖေမရှိတော့ဘူးဆိုတော့ အဖိုးနဲ့အဖွား မှာ လုပ်ပေးရမယ့် တာဝန်ရှိတယ်လေဒါကြောင့် စုဖြစ်တာတောင် သိပ်မကြာသေးပါဘူး..”ကဲ ဒါဆို အဖိုးနဲ့အဖွားရဲ့ ဆန္ဒလေးပြည့်သွားအောင်လို့ ၊ ဒီငွေလေး လက်ခံပေးပါနော်…” ဟာ..ပိုက်ဆံတွေက အများကြီးဘဲ…” (၅)သိန်းကျပ်ပါ အဖွား အဘတို့ အဖွားတို့ ဆန္ဒပြည့်မြောက်ဖို့အတွက် သားက တစ်သိန်းကျပ် မသန္တာဝင်း က မွေးနေ့အလှူအဖြစ် နှစ်သိန်းကျပ်ဆုရတနာ ဘုရားဆင်းတုတော် ရောင်းဝယ်ရေးက နှစ်သိန်း ကျပ် ၊ စုပေါင်းပြီး လှူဒါန်းပေးတာပါ အဖွား ..” ကျေးဇူးတင်ပါတယ် သားတို့ရယ်..” ဒါပေမယ့်လေ အဘတို့ အဖွားတို့ လက်ထဲမှာတော့ ပိုက်ဆံထားခဲ့ရင် ၊ ဒီအချိန်မှာ အန္တရာယ် ရှိနိုင် လို့ ကလေးတို့ ရှင်ပြုတော့မယ်ဆိုတာနဲ့ သားကို ဆက်သွယ်လိုက်ပါ …”” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေး လိုက်ပါတယ်…

crd

zawgyi

မိုးစက္က လတ္တေလာမွာ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြနဲ႔ လမ္းေပၚမွာ ခက္ခဲစြာ ႐ုန္းကန္ေနရသူေတြကို တစ္ဖက္ တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေန သူတစ္ေယာက္ပါ ။ မိုးစက္က ကိုယ္တိုင္ လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြစုေပါင္းၿပီး လႉဒါန္းသလို အမ်ားစုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိပါတယ္ ။ အခုလည္း အသက္ႀကီးေပမယ့္ ေျမးျဖစ္သူကို ရွင္ျပဳေပး ခ်င္တာေၾကာင့္ လမ္းမထက္မွာ ပင္ပင္ပန္းပန္း ေဈးေရာင္းကာ သမာအာဇီဝ က်က် လုပ္ကိုင္ေနတဲ့ သက္ႀကီး အဘိုးတစ္ဦးကို ကူညီမႈေတြ ေပးခဲ့ျပန္ပါတယ္ ။

အလႉပုံေတြနဲ႔ အတူ လႉဒါန္းျဖစ္ခဲ့တဲ့ အေၾကာင္း အရာေလးေတြကိုလည္း ေရးသားေဖာ္ျပထားပါေသးတယ္ ။“အဖိုးနဲ႔အဖြားရဲ႕ ေျမးေလးကို ရွင္ျပဳခ်င္လို႔ပါ.”တဲ့ ။ မုန႔္ဖတ္ထုပ္ေရာင္းတဲ့ အၿပဳံးခ်ိဳခ်ိဳ နဲ႔အဘ ေပါ့ အဘ မုန႔္ဖက္ထုပ္ေလး အားေပးခ်င္လို႔ပါ ..” ဟုတ္ကဲ့ ရပါတယ္ သား အဘ မုန႔္ဖက္ထုပ္ေရာင္းၿပီး ေျမးေလးကိုရွင္ျပဳေပးခ်င္တဲ့အေၾကာင္းေလး လိုင္းေပၚမွာ သိရလို႔…” ဟုတ္ပါတယ္ သား.. အဘရဲ႕ သားေလးက မရွိေတာ့ဘူးဆိုေတာ့ ေျမးေလးကို ရွင္ျပဳေပးခ်င္တါေပါ့ကြယ္…”ဒါဆို အဘရဲ႕ ဆႏၵေလးကို ျဖည့္ဆည္းေပးမယ္ မိုးဖြားေတြလဲ က်ေနၿပီဆိုေတာ့ အဘေဈးေရာင္းတာ သိမ္းၿပီး အဘ အိမ္ကို ျပန္ၾကရေအာင္…” ဒီလိုနဲ႔ အဘ အိမ္ကိုလိုက္သြားၿပီး အဘေဈးေရာင္းဖို႔ အတြက္ အိမ္မွာ ေသခ်ာျပင္ဆင္ၿပီး လုပ္ကိုင္ေပးေနတဲ့ အဖြားနဲ႔ ဆုံခဲ့ပါေသးတယ္။

အဖြား ဒီအိမ္ေလးက အပိုင္လား …” မဟုတ္ရပါဘူး သားရယ္ …ငွါးေနတာပါ ၊ တစ္လကို (၆၀၀၀၀)ေပးရတယ္…” ဒီၾကားထဲက အဖြားေျမးေလးအတြက္ စုေပးေနတာေပါ့…” သူ႔မွာ အေဖမရွိေတာ့ဘူးဆိုေတာ့ အဖိုးနဲ႔အဖြား မွာ လုပ္ေပးရမယ့္ တာဝန္ရွိတယ္ေလဒါေၾကာင့္ စုျဖစ္တာေတာင္ သိပ္မၾကာေသးပါဘူး..”ကဲ ဒါဆို အဖိုးနဲ႔အဖြားရဲ႕ ဆႏၵေလးျပည့္သြားေအာင္လို႔ ၊ ဒီေငြေလး လက္ခံေပးပါေနာ္…” ဟာ..ပိုက္ဆံေတြက အမ်ားႀကီးဘဲ…” (၅)သိန္းက်ပ္ပါ အဖြား အဘတို႔ အဖြားတို႔ ဆႏၵျပည့္ေျမာက္ဖို႔အတြက္ သားက တစ္သိန္းက်ပ္ မသႏၲာဝင္း က ေမြးေန႔အလႉအျဖစ္ ႏွစ္သိန္းက်ပ္ဆုရတနာ ဘုရားဆင္းတုေတာ္ ေရာင္းဝယ္ေရးက ႏွစ္သိန္း က်ပ္ ၊ စုေပါင္းၿပီး လႉဒါန္းေပးတာပါ အဖြား ..” ေက်းဇူးတင္ပါတယ္ သားတို႔ရယ္..” ဒါေပမယ့္ေလ အဘတို႔ အဖြားတို႔ လက္ထဲမွာေတာ့ ပိုက္ဆံထားခဲ့ရင္ ၊ ဒီအခ်ိန္မွာ အႏၲရာယ္ ရွိႏိုင္ လို႔ ကေလးတို႔ ရွင္ျပဳေတာ့မယ္ဆိုတာနဲ႔ သားကို ဆက္သြယ္လိုက္ပါ …”” ေရးသားေဖာ္ျပထားရာ ျပန္လည္ ေဝမွ်ေပး လိုက္ပါတယ္…

crd