ၾကက္သြန္နီ(၁)တန္ေပး ပို႔ၿပီး ရည္းစားေဟာင္း ကို ငိုေစခ်င္ ခဲ့တဲ့ အမ်ိဳးသမီး

ၾကက္သြန္နီ(၁)တန္ေပး ပို႔ၿပီး ရည္းစားေဟာင္း ကို ငိုေစခ်င္ ခဲ့တဲ့ အမ်ိဳးသမီး

သင္အေနနဲ႔ အသဲကြဲ တာကို ႀကဳံဖူးပါသလား? စာဖတ္သူမ်ား အေနနဲ႔ အသဲကြဲ တာကို အနည္းနဲ႔ အမ်ားေတာ့ ႀကဳံဖူးၾကမွာပါ။ ပုံမွန္အားျဖင့္ေတာ့ အသဲခြဲခံရသူမ်ားအေနနဲ႔ တစ္ဖက္လူကို ကိုယ္ခံစားရသလိုမ်ိဳး ျပန္လည္ခံစားေစခ်င္တာေတာ့ မထူးဆန္းေပမယ့္ အမ်ိဳးသမီးတစ္ဦးကေတာ့ သူမကို လွည့္စားၿပီး အသဲကြဲေအာင္ လုပ္ ခဲ့တဲ့ ရည္းစားေဟာင္းကို ၾကက္သြန္နီမ်ားေပး ပို႔ခဲ့ၿပီး သူမငိုခဲ့ရသလို ျပန္လည္ငိုေစခ်င္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ဇီပိုၿမိဳ႕က Zhao လို႔ေခၚတဲ့ အမ်ိဳးသမီး တစ္ဦးဟာ ၾကက္သြန္နီ တစ္တန္ကို မွာယူခဲ့ၿပီး သူမရည္းစားေဟာင္းရဲ႕အိမ္တံခါးဝတြင္ ပို႔ေပးခဲ့ပါတယ္။ Zhao ဟာ ၾကက္သြန္နီပို႔ေပးသူမ်ားကို သူမရဲ႕ရည္းစားေဟာင္းအေနနဲ႔ အိမ္မွာမရွိခဲ့လွ်င္ ၾကက္သြန္နီမ်ားကို သူမရည္းစားေဟာင္းရဲ႕အိမ္တံခါးဝတြင္ ခ်ထားခဲ့ၿပီး စာတစ္ေစာင္ နဲ႔အတူခ်န္ထား ခဲ့ဖို႔ မွာၾကားခဲ့ပါတယ္။ စာထဲတြင္ ” နင္ငါ့ကိုသုံးရက္ ငိုေအာင္လုပ္ခဲ့တဲ့အတြက္ေၾကာင့္ ခုေတာ့ နင္ငိုရမယ့္ အလွည့္ေရာက္ပါၿပီ ” ဟု ေရးသားထားခဲ့ပါတယ္။

သူမရဲ႕ရည္းစားေဟာင္းကေတာ့ ” ကြၽန္ေတာ့္ရဲ႕ရည္းစားေဟာင္းက ဒရမ္မာ အရမ္း ဆန္တာ။ ကြၽန္ေတာ္သူနဲ႔ လမ္းခြဲခဲ့တုန္းက က်ေနာ္မ်က္ရည္တစ္စက္မွ မက်ခဲ့တာကို လူတိုင္းကိုလိုက္ေျပာျပေနေတာ့တာပဲ။ ကြၽန္ေတာ္မငိုခဲ့တဲ့အတြက္ လူဆိုးတစ္ေယာက္ျဖစ္ခဲ့ၿပီလား ” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။သူမေပးပို႔ခဲ့တဲ့ ၾကက္သြန္နီမ်ားဟာ မ်ားလြန္းတဲ့ အတြက္ ပစၥည္းပို႔သမားတစ္ေယာက္က “ကြၽန္ေတာ္တို႔ မတူညီတဲ့ၾကက္သြန္နီအေရာင္းဆိုင္မ်ားမွ ၾကက္သြန္နီမ်ားကို တစ္တန္ျပည့္ေအာင္စုၿပီး ‌သူမရည္းစားေဟာင္းအိမ္အထိ ပို႔ေဆာင္ေပးခဲ့ရာမွာ အခ်ိန္ ၅ နာရီခန႔္ ၾကာျမႇင့္ သြားခဲ့ပါတယ္။ သူမ ရည္းစားေဟာင္း တကယ္ပဲငိုပါ့မလား ဆိုတာကေတာ့ မေသခ်ာေပမယ့္ ကြၽန္ေတာ္တို႔ေတာ့ ငိုခဲ့ရပါၿပီ ” လို႔ သတင္းေထာက္မ်ားကို ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

သူမရဲ႕ရည္းစားေဟာင္းက ထိုၾကက္သြန္နီ မ်ားကို ဘယ္လို အသုံးခ်မလဲဆိုတာ စိတ္ဝင္ စားစရာေကာင္းေန ခဲ့ပါတယ္။ လူမႈကြန္အသုံးျပဳသူမ်ားကေတာ့ ” သူမရဲ႕ရည္းစားေဟာင္းကေတာ့ ၾကက္သြန္နီ မ်ားကို ငိုယိုၿပီးေတာ့ စေရာင္းပါေတာ့မယ္ ” တခ်ိဳ႕ကလည္း ” ဒါက ပိုက္ဆံကို အလကားျဖဳန္းတီးတာပဲ ၾကက္သြန္နီ ကို ခြာမွ မ်က္ရည္က်မွာေပါ့ ” အျခားသူ တစ္ေယာက္ကေတာ့ ” ဒီေကာင္ကေတာ့ ပြတာပဲ ၾကက္သြန္နီေတြကို လက္ကားေရာင္းၿပီး ဘဏ္ထဲပိုက္ဆံသြားထည့္႐ုံပဲ ” လို႔ အ႐ႊန္းေဖာက္ကာ ေျပာဆိုခဲ့ၾကပါတယ္။

crd : panpyoelat

unicode

ကြက်သွန်နီ(၁)တန်ပေး ပို့ပြီး ရည်းစားဟောင်း ကို ငိုစေချင် ခဲ့တဲ့ အမျိုးသမီး

သင်အနေနဲ့ အသဲကွဲ တာကို ကြုံဖူးပါသလား? စာဖတ်သူများ အနေနဲ့ အသဲကွဲ တာကို အနည်းနဲ့ အများတော့ ကြုံဖူးကြမှာပါ။ ပုံမှန်အားဖြင့်တော့ အသဲခွဲခံရသူများအနေနဲ့ တစ်ဖက်လူကို ကိုယ်ခံစားရသလိုမျိုး ပြန်လည်ခံစားစေချင်တာတော့ မထူးဆန်းပေမယ့် အမျိုးသမီးတစ်ဦးကတော့ သူမကို လှည့်စားပြီး အသဲကွဲအောင် လုပ် ခဲ့တဲ့ ရည်းစားဟောင်းကို ကြက်သွန်နီများပေး ပို့ခဲ့ပြီး သူမငိုခဲ့ရသလို ပြန်လည်ငိုစေချင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဇီပိုမြို့က Zhao လို့ခေါ်တဲ့ အမျိုးသမီး တစ်ဦးဟာ ကြက်သွန်နီ တစ်တန်ကို မှာယူခဲ့ပြီး သူမရည်းစားဟောင်းရဲ့အိမ်တံခါးဝတွင် ပို့ပေးခဲ့ပါတယ်။ Zhao ဟာ ကြက်သွန်နီပို့ပေးသူများကို သူမရဲ့ရည်းစားဟောင်းအနေနဲ့ အိမ်မှာမရှိခဲ့လျှင် ကြက်သွန်နီများကို သူမရည်းစားဟောင်းရဲ့အိမ်တံခါးဝတွင် ချထားခဲ့ပြီး စာတစ်စောင် နဲ့အတူချန်ထား ခဲ့ဖို့ မှာကြားခဲ့ပါတယ်။ စာထဲတွင် ” နင်ငါ့ကိုသုံးရက် ငိုအောင်လုပ်ခဲ့တဲ့အတွက်ကြောင့် ခုတော့ နင်ငိုရမယ့် အလှည့်ရောက်ပါပြီ ” ဟု ရေးသားထားခဲ့ပါတယ်။

သူမရဲ့ရည်းစားဟောင်းကတော့ ” ကျွန်တော့်ရဲ့ရည်းစားဟောင်းက ဒရမ်မာ အရမ်း ဆန်တာ။ ကျွန်တော်သူနဲ့ လမ်းခွဲခဲ့တုန်းက ကျနော်မျက်ရည်တစ်စက်မှ မကျခဲ့တာကို လူတိုင်းကိုလိုက်ပြောပြနေတော့တာပဲ။ ကျွန်တော်မငိုခဲ့တဲ့အတွက် လူဆိုးတစ်ယောက်ဖြစ်ခဲ့ပြီလား ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။သူမပေးပို့ခဲ့တဲ့ ကြက်သွန်နီများဟာ များလွန်းတဲ့ အတွက် ပစ္စည်းပို့သမားတစ်ယောက်က “ကျွန်တော်တို့ မတူညီတဲ့ကြက်သွန်နီအရောင်းဆိုင်များမှ ကြက်သွန်နီများကို တစ်တန်ပြည့်အောင်စုပြီး ‌သူမရည်းစားဟောင်းအိမ်အထိ ပို့ဆောင်ပေးခဲ့ရာမှာ အချိန် ၅ နာရီခန့် ကြာမြှင့် သွားခဲ့ပါတယ်။ သူမ ရည်းစားဟောင်း တကယ်ပဲငိုပါ့မလား ဆိုတာကတော့ မသေချာပေမယ့် ကျွန်တော်တို့တော့ ငိုခဲ့ရပါပြီ ” လို့ သတင်းထောက်များကို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

သူမရဲ့ရည်းစားဟောင်းက ထိုကြက်သွန်နီ များကို ဘယ်လို အသုံးချမလဲဆိုတာ စိတ်ဝင် စားစရာကောင်းနေ ခဲ့ပါတယ်။ လူမှုကွန်အသုံးပြုသူများကတော့ ” သူမရဲ့ရည်းစားဟောင်းကတော့ ကြက်သွန်နီ များကို ငိုယိုပြီးတော့ စရောင်းပါတော့မယ် ” တချို့ကလည်း ” ဒါက ပိုက်ဆံကို အလကားဖြုန်းတီးတာပဲ ကြက်သွန်နီ ကို ခွာမှ မျက်ရည်ကျမှာပေါ့ ” အခြားသူ တစ်ယောက်ကတော့ ” ဒီကောင်ကတော့ ပွတာပဲ ကြက်သွန်နီတွေကို လက်ကားရောင်းပြီး ဘဏ်ထဲပိုက်ဆံသွားထည့်ရုံပဲ ” လို့ အရွှန်းဖောက်ကာ ပြောဆိုခဲ့ကြပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

three × five =