ေက်ာင္းျပန္ဖြင့္ လွ်င္ အထက္တန္း မွ စဖြင့္ရန္ ျပန္စဥ္းစားမည္ ဟု ေဒၚေအာင္ဆန္းစုၾကည္ ဆို

ေက်ာင္းျပန္ဖြင့္ လွ်င္ အထက္တန္း မွ စဖြင့္ရန္ ျပန္စဥ္းစားမည္ ဟု ေဒၚေအာင္ဆန္းစုၾကည္ ဆို

အေျခခံပညာေက်ာင္း မ်ား ျပန္ဖြင့္လွ်င္ မူလတန္း အဆင့္မွ စဖြင့္ရန္ ဆုံးျဖတ္ထား ေသာ္လည္း ဆရာ ကိုယ္စားလွယ္ ႏွင့္ ေက်ာင္းသားမိဘ ကိုယ္စား လွယ္တို႔၏ အႀကံျပဳခ်က္ေၾကာင့္ အထက္တန္းအဆင့္မွ စဖြင့္ရန္စဥ္းစားမည္ဟု ႏိုင္ငံေတာ္၏ အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္က ေျပာသည္။ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ စီမံျခင္းႏွင့္ ပတ္သက္ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က အေျခခံပညာဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ မူလတန္းျပ ဆရာမ ေဒၚနီလာဝင္း၊ ေက်ာင္းသားမိဘ ဦးေက်ာ္ေဌး တို႔ႏွင့္ ေမလ ၁၉ ရက္က အြန္လိုင္းေဆြးေႏြးပြဲျပဳလုပ္ခဲ့သည္။

မႏၲေလးတိုင္းေဒသႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ မွ မူလတန္းျပဆရာမ ေဒၚနီလာဝင္းက ေက်ာင္းျပန္ ဖြင့္ရာတြင္ မူလတန္းမွ စဖြင့္ မည္ဆိုပါက ကေလးငယ္မ်ား၏ ေဆာ့ကစားတတ္သည့္ သဘာဝအရ တစ္ဦးႏွင့္တစ္ဦး ခပ္ခြာခြာေနထိုင္ေစရန္ မလြယ္ကူဘဲ ၎တို႔ကို က်န္းမာေရးအသိပညာေပး ရန္ အခက္အခဲ ရွိေၾကာင္း တင္ျပခဲ့ သည္။‘‘ကေလးေတြက သူတို႔လုပ္ခ်င္တဲ့အလုပ္က ကစားခ်င္တာပဲ။ ကစားရင္းနဲ႔ ပညာကိုသင္ယူတဲ့နည္းနဲ႔ သူငယ္တန္းသင္႐ိုးေတြ မွာ ျပ႒ာန္းထားတာပါ။ သူတို႔ကိုဒီစည္းကမ္းေတြနဲ႔ Mask ေတြအုပ္ခိုင္းမယ္၊ မ်က္ႏွာကာေတြ တပ္ခိုင္းမယ္၊ ခပ္ခြာခြာအေနအထားေတြနဲ႔ ထားမယ္။ ကိုယ့္ဘက္ကေတာ့ တတ္ႏိုင္သမွ် ျပင္ဆင္ ထားတဲ့အတြက္ ရၿပီဆိုပါစို႔။ ကေလးေတြက ၿငိမ္ၿငိမ္မေနတတ္ တဲ့ အ႐ြယ္ေလးေတြ ျဖစ္ေနတာ။ စည္းကမ္းလိုက္နာဖို႔ဆိုတာ ဒါေျပာတယ္။ ဒီနားထိုင္ပါ၊ ဒီဟာကို တပ္ထားပါ ဆိုတာကို ဘယ္လိုမွ မရတာ။ ကြၽန္မတို႔ မႏၲေလးရာသီဥတုနဲ႔ဆိုရင္ ေန႔လယ္ ေလာက္ဆို ကေလးေတြက အက်ႌေတြခြၽတ္ၿပီး ပစ္ေပါက္ၿပီးကစား တာမ်ိဳး’’ဟု ေဒၚနီလာဝင္းက ဆို သည္။

အသက္ငယ္သည့္ ကေလးမ်ားကို မိဘမ်ားက ပိုစိုးရိမ္၍ မူလတန္း အဆင့္ထက္ အထက္တန္း အဆင့္ အတန္းမ်ားကို စဖြင့္ရန္ပိုမိုလိုလားေၾကာင္း ေက်ာင္းသားမိဘကိုယ္စားလွယ္ ဦးေက်ာ္ေဌးကလည္း ေျပာၾကားသည္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က အေျခခံပညာေက်ာင္း မ်ားကို အေစာဆုံး ဇူလိုင္လဆန္းမွျပန္ဖြင့္မည္ျဖစ္ရာ က်န္ေနေသး သည့္ အခ်ိန္တစ္လခြဲအတြင္း တင္ျပခ်က္မ်ားကို ျပန္လည္သုံးသပ္ မည္ျဖစ္ေၾကာင္း၊ အျခားႏိုင္ငံမ်ား ထံမွ သင္ခန္းစာမ်ားကိုလည္း အၿမဲေလ့လာသင္ယူေနမည္ျဖစ္ ေၾကာင္း၊ မူလတန္းမွ စဖြင့္မည့္အစား အထက္တန္းမွ စဖြင့္ရန္လည္း ေလးေလး နက္နက္ ျပန္လည္စဥ္း စားမည္ျဖစ္ေၾကာင္း ေျပာၾကား ခဲ့သည္။ေဒၚေအာင္ဆန္းစုၾကည္ က ‘‘အထက္တန္းကေလးေတြ အေရအတြက္အားျဖင့္ မူလတန္းကေလးေတြက ပိုၿပီး နည္းလိမ့္မယ္ထင္တယ္။ Social Distancing လုပ္ဖို႔ ပိုၿပီး လြယ္လိမ့္မယ္ ထင္တယ္။ နည္းတဲ့အခါက်ေတာ့ ပိုၿပီးေတာ့ ခြာခြာထားလို႔ရမယ္။ ေက်ာင္းခ်ိန္ေတြ အေျပာင္းအလဲ လုပ္တာကလည္း နည္းနည္းပိုႀကီး တဲ့ ကေလးေတြနဲ႔ဆို ပိုအဆင္ေျပ မယ္ထင္တယ္။ အဲဒါေတြ အားလုံး ထည့္စဥ္းစား မွာပါ’’ဟု ဆိုသည္။

ေက်ာင္းျပန္ဖြင့္ပါက ေက်ာင္းသား၊ ဆရာ၊ ေက်ာင္းသား မိဘသာမက ေက်ာင္းလိုက္ပို႔ သူ၊ ေက်ာင္းအနီးေဈး ေရာင္းသူ မ်ားပါ လိုက္နာရမည့္စည္းမ်ဥ္းစည္းကမ္းမ်ား ထုတ္ျပန္မည္ျဖစ္ ၿပီး စည္းကမ္းလိုက္နာျခင္းရွိ၊ မရွိသက္ဆိုင္ရာလုံၿခဳံေရးပိုင္း တာဝန္ရွိသူမ်ားက ၾကပ္မတ္ရမည္ဟု လည္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။ အေျခခံပညာေက်ာင္းမ်ား ကို ဇူလိုင္လအတြင္း ဖြင့္လွစ္ရန္ ျပင္ဆင္ေနၿပီး Quarantine (အသြားအလာကန႔္သတ္ျခင္း) စင္တာအျဖစ္ အသုံးျပဳခဲ့သည့္ ေက်ာင္းမ်ားကိုလည္း ပိုးသတ္ေဆးဖ်န္းကာ ပညာေရးဝန္ႀကီး ဌာနသို႔ ဇြန္လ ၁၅ ရက္ ေနာက္ဆုံး ျပန္လည္ အပ္ႏွံရန္ ၫႊန္ၾကား ထားသည္။

crd : panpyoelat

unicode

ကျောင်းပြန်ဖွင့် လျှင် အထက်တန်း မှ စဖွင့်ရန် ပြန်စဉ်းစားမည် ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

အခြေခံပညာကျောင်း များ ပြန်ဖွင့်လျှင် မူလတန်း အဆင့်မှ စဖွင့်ရန် ဆုံးဖြတ်ထား သော်လည်း ဆရာ ကိုယ်စားလှယ် နှင့် ကျောင်းသားမိဘ ကိုယ်စား လှယ်တို့၏ အကြံပြုချက်ကြောင့် အထက်တန်းအဆင့်မှ စဖွင့်ရန်စဉ်းစားမည်ဟု နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီမံခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ် မူလတန်းပြ ဆရာမ ဒေါ်နီလာဝင်း၊ ကျောင်းသားမိဘ ဦးကျော်ဌေး တို့နှင့် မေလ ၁၉ ရက်က အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မှ မူလတန်းပြဆရာမ ဒေါ်နီလာဝင်းက ကျောင်းပြန် ဖွင့်ရာတွင် မူလတန်းမှ စဖွင့် မည်ဆိုပါက ကလေးငယ်များ၏ ဆော့ကစားတတ်သည့် သဘာဝအရ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေရန် မလွယ်ကူဘဲ ၎င်းတို့ကို ကျန်းမာရေးအသိပညာပေး ရန် အခက်အခဲ ရှိကြောင်း တင်ပြခဲ့ သည်။‘‘ကလေးတွေက သူတို့လုပ်ချင်တဲ့အလုပ်က ကစားချင်တာပဲ။ ကစားရင်းနဲ့ ပညာကိုသင်ယူတဲ့နည်းနဲ့ သူငယ်တန်းသင်ရိုးတွေ မှာ ပြဋ္ဌာန်းထားတာပါ။ သူတို့ကိုဒီစည်းကမ်းတွေနဲ့ Mask တွေအုပ်ခိုင်းမယ်၊ မျက်နှာကာတွေ တပ်ခိုင်းမယ်၊ ခပ်ခွာခွာအနေအထားတွေနဲ့ ထားမယ်။ ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှ ပြင်ဆင် ထားတဲ့အတွက် ရပြီဆိုပါစို့။ ကလေးတွေက ငြိမ်ငြိမ်မနေတတ် တဲ့ အရွယ်လေးတွေ ဖြစ်နေတာ။ စည်းကမ်းလိုက်နာဖို့ဆိုတာ ဒါပြောတယ်။ ဒီနားထိုင်ပါ၊ ဒီဟာကို တပ်ထားပါ ဆိုတာကို ဘယ်လိုမှ မရတာ။ ကျွန်မတို့ မန္တလေးရာသီဥတုနဲ့ဆိုရင် နေ့လယ် လောက်ဆို ကလေးတွေက အင်္ကျီတွေချွတ်ပြီး ပစ်ပေါက်ပြီးကစား တာမျိုး’’ဟု ဒေါ်နီလာဝင်းက ဆို သည်။

အသက်ငယ်သည့် ကလေးများကို မိဘများက ပိုစိုးရိမ်၍ မူလတန်း အဆင့်ထက် အထက်တန်း အဆင့် အတန်းများကို စဖွင့်ရန်ပိုမိုလိုလားကြောင်း ကျောင်းသားမိဘကိုယ်စားလှယ် ဦးကျော်ဌေးကလည်း ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံပညာကျောင်း များကို အစောဆုံး ဇူလိုင်လဆန်းမှပြန်ဖွင့်မည်ဖြစ်ရာ ကျန်နေသေး သည့် အချိန်တစ်လခွဲအတွင်း တင်ပြချက်များကို ပြန်လည်သုံးသပ် မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ ထံမှ သင်ခန်းစာများကိုလည်း အမြဲလေ့လာသင်ယူနေမည်ဖြစ် ကြောင်း၊ မူလတန်းမှ စဖွင့်မည့်အစား အထက်တန်းမှ စဖွင့်ရန်လည်း လေးလေး နက်နက် ပြန်လည်စဉ်း စားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် က ‘‘အထက်တန်းကလေးတွေ အရေအတွက်အားဖြင့် မူလတန်းကလေးတွေက ပိုပြီး နည်းလိမ့်မယ်ထင်တယ်။ Social Distancing လုပ်ဖို့ ပိုပြီး လွယ်လိမ့်မယ် ထင်တယ်။ နည်းတဲ့အခါကျတော့ ပိုပြီးတော့ ခွာခွာထားလို့ရမယ်။ ကျောင်းချိန်တွေ အပြောင်းအလဲ လုပ်တာကလည်း နည်းနည်းပိုကြီး တဲ့ ကလေးတွေနဲ့ဆို ပိုအဆင်ပြေ မယ်ထင်တယ်။ အဲဒါတွေ အားလုံး ထည့်စဉ်းစား မှာပါ’’ဟု ဆိုသည်။

ကျောင်းပြန်ဖွင့်ပါက ကျောင်းသား၊ ဆရာ၊ ကျောင်းသား မိဘသာမက ကျောင်းလိုက်ပို့ သူ၊ ကျောင်းအနီးဈေး ရောင်းသူ များပါ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်မည်ဖြစ် ပြီး စည်းကမ်းလိုက်နာခြင်းရှိ၊ မရှိသက်ဆိုင်ရာလုံခြုံရေးပိုင်း တာဝန်ရှိသူများက ကြပ်မတ်ရမည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အခြေခံပညာကျောင်းများ ကို ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး Quarantine (အသွားအလာကန့်သတ်ခြင်း) စင်တာအဖြစ် အသုံးပြုခဲ့သည့် ကျောင်းများကိုလည်း ပိုးသတ်ဆေးဖျန်းကာ ပညာရေးဝန်ကြီး ဌာနသို့ ဇွန်လ ၁၅ ရက် နောက်ဆုံး ပြန်လည် အပ်နှံရန် ညွှန်ကြား ထားသည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

3 + seven =