အေမရိကန္ႏိုင္ငံ မွာ COVID-19 ကူးစက္ ခံရသူ ၁.၅သန္း နဲ႔ ေသဆုံးသူ ၉ေသာင္းေက်ာ္ ခဲ့ေလၿပီ

အေမရိကန္ႏိုင္ငံ မွာ COVID-19 ကူးစက္ ခံရသူ ၁.၅သန္းနဲ႔ ေသဆုံးသူ ၉ေသာင္းေက်ာ္ ခဲ့ေလၿပီ

Johns Hopkins University ရဲ႕ ေမလ ၁၈ ရက္ေန႔ထုတ္ျပန္ခ်က္အရ အေမရိကန္ႏိုင္ငံ တြင္း Covid-19 ကူးစက္ခံရသူအေရအတြက္ဟာ ၁.၅ သန္းအထိရွိလာၿပီး ေသဆုံးသူအေရအတြက္ဟာလည္းပဲ လူဦးေရ ၉ ေသာင္းေက်ာ္ခဲ့ၿပီလို႔ သိရွိရပါတယ္။ ဒါ့အျပင္ တစ္ပတ္အတြင္း လူတစ္ေသာင္းေသဆုံး ခဲ့တယ္လို႔ လည္းေဖာ္ျပထားပါတယ္။ ယခုလက္ရွိအခ်ိန္အထိ Covid-19 ေၾကာင့္ ကမာၻတစ္လႊားအထိခိုက္ဆုံးႏိုင္ငံေတြထဲမွာ အေမရိကန္က ထပ္ဆုံးကရပ္တည္ေနၿပီး သူ႔ေနာက္မွာေတာ့ ဘယ္ဂ်ီယံ၊ စပိန္၊ ၿဗိတိန္၊ အီတလီနဲ႔ ဆြီဒင္တို႔က အသီးသီး ရပ္တည္ေနၾကပါတယ္။

အေမရိကန္ႏိုင္ငံတြင္းေသဆုံးမႈ ရဲ႕ သုံးပုံ တစ္ပုံဟာ နယူးေယာက္ျပည္နယ္ မွျဖစ္ၿပီး ၂၈,၃၀၀ဦးအထိရွိတာပါ။ တရားဝင္ေဖာ္ျပခ်က္မွာေတာ့ ၂၂,၇၀၀ လို႔ဆိုေပမယ့္ ဒါဟာ ၿပီးျပည္စုံတဲ့စစ္တမ္းမဟုတ္ေသးဘူးလို႔လည္း နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ထားတာပါ။

ေရာဂါစစ္ေဆးေပးႏိုင္မႈ အပိုင္းမွာေတာ့ လက္ရွိ အခ်ိန္အထိ လူဦးေရ ၁၁.၅ သန္းကို ေရာဂါစစ္ေဆးေပးႏိုင္ခဲ့တယ္လို႔လည္း သိရပါၿပီး လူ၃သိန္းနီးပါး ျပန္လည္သက္သာလာတယ္လို႔လည္းသိရပါတယ္။မႏွစ္က တ႐ုတ္ႏိုင္ငံကစတင္ခဲ့တဲ့ Covid-19 ဟာ ယခုဆိုရင္ ကမာၻ႔လူဦးေရ ၄.၈ မီလီယံ ကိုကူးစက္ခဲ့ၿပီျဖစ္ကာ ေသဆုံးသူ ၃၁၈,၀၀၀ ဦးနဲ႔ ျပန္လည္ သက္သာေကာင္းမြန္လာသူ ၁.၇၉ မီလီယံ ရွိပါတယ္။

crd : panpyoelat

unicode

အမေရိကန်နိုင်ငံ မှာ COVID-19 ကူးစက် ခံရသူ ၁.၅သန်းနဲ့ သေဆုံးသူ ၉သောင်းကျော် ခဲ့လေပြီ

Johns Hopkins University ရဲ့ မေလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ တွင်း Covid-19 ကူးစက်ခံရသူအရေအတွက်ဟာ ၁.၅ သန်းအထိရှိလာပြီး သေဆုံးသူအရေအတွက်ဟာလည်းပဲ လူဦးရေ ၉ သောင်းကျော်ခဲ့ပြီလို့ သိရှိရပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်း လူတစ်သောင်းသေဆုံး ခဲ့တယ်လို့ လည်းဖော်ပြထားပါတယ်။ ယခုလက်ရှိအချိန်အထိ Covid-19 ကြောင့် ကမ္ဘာတစ်လွှားအထိခိုက်ဆုံးနိုင်ငံတွေထဲမှာ အမေရိကန်က ထပ်ဆုံးကရပ်တည်နေပြီး သူ့နောက်မှာတော့ ဘယ်ဂျီယံ၊ စပိန်၊ ဗြိတိန်၊ အီတလီနဲ့ ဆွီဒင်တို့က အသီးသီး ရပ်တည်နေကြပါတယ်။

အမေရိကန်နိုင်ငံတွင်းသေဆုံးမှု ရဲ့ သုံးပုံ တစ်ပုံဟာ နယူးယောက်ပြည်နယ် မှဖြစ်ပြီး ၂၈,၃၀၀ဦးအထိရှိတာပါ။ တရားဝင်ဖော်ပြချက်မှာတော့ ၂၂,၇၀၀ လို့ဆိုပေမယ့် ဒါဟာ ပြီးပြည်စုံတဲ့စစ်တမ်းမဟုတ်သေးဘူးလို့လည်း နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

ရောဂါစစ်ဆေးပေးနိုင်မှု အပိုင်းမှာတော့ လက်ရှိ အချိန်အထိ လူဦးရေ ၁၁.၅ သန်းကို ရောဂါစစ်ဆေးပေးနိုင်ခဲ့တယ်လို့လည်း သိရပါပြီး လူ၃သိန်းနီးပါး ပြန်လည်သက်သာလာတယ်လို့လည်းသိရပါတယ်။မနှစ်က တရုတ်နိုင်ငံကစတင်ခဲ့တဲ့ Covid-19 ဟာ ယခုဆိုရင် ကမ္ဘာ့လူဦးရေ ၄.၈ မီလီယံ ကိုကူးစက်ခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၁၈,၀၀၀ ဦးနဲ့ ပြန်လည် သက်သာကောင်းမွန်လာသူ ၁.၇၉ မီလီယံ ရှိပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

twenty − 18 =