ကုိဗစ္ေရာဂါ ကူးစက္ ပ်ံ႕ႏွံ႕ေနခ်ိန္ မွာ တုပ္ေကြး ကာကြယ္ေဆးထုိးသင့္ သလား?

ကုိဗစ္ေရာဂါ ကူးစက္ ပ်ံ႕ႏွံ႕ေနခ်ိန္ မွာ တုပ္ေကြး ကာကြယ္ေဆးထုိးသင့္ သလား?

ဒါနဲ႔ ပတ္သက္လို႔ (၃) ခုကို သိေစခ်င္ ပါတယ္။

၁။ တုပ္ေကြးကာကြယ္ေဆးဟာ တုပ္ေကြးကို ကာကြယ္ တဲ့ေဆးပါ။ ကိုဗစ္ကို ကာကြယ္တဲ့ေဆးမဟုတ္ပါဘူး။ တခ်ိဳ႕က ေရာၿပီး ကိုဗစ္ကိုပါ ကာကြယ္ႏိုင္သလို ေျပာၾကတာေတြရွိပါတယ္။ ကိုဗစ္အတြက္ ကာကြယ္ေဆးမရွိပါ။ တုပ္ေကြးကိုေတာ့ ကာကြယ္ေဆးထိုးႏိုင္ ပါတယ္။ ဒီေတာ့ ဖ်ားနာတဲ့အခါ ကိုဗစ္မွန္းသိရတာေပါ့ ဆိုတာမ်ဳိးလုိ ေျပာၾကတယ္။ ဒါေပမယ့္ ဖ်ားတဲ့အခါတိုင္း ကိုဗစ္ပဲရွိတာ မဟုတ္ပါဘူး။ တျခားအေၾကာင္းအရာေတြလည္း ရွိႏိုင္ေသးလို႔ ကိုဗစ္မွန္းေသခ်ာသိဖို႔က swab ယူစစ္ေဆးမႈ လုပ္ကို လုပ္ရမွာပါပဲ။

H1N1 swine flu virus particles

၂။ လက္ရွိမွာ တုပ္ေကြး ကာကြယ္ေဆးေတြဟာ ေဈးႀကီးေနပါတယ္။ ဘာလို႔ေဈးႀကီးလဲ ဆိုေတာ့ အေျဖက႐ိုးရွင္းပါတယ္။ ေဈးကြက္ သေဘာအရ ဝယ္လိုအားမ်ားရင္ ေဈးကေတာ့ တက္မွာပါပဲ။ လူေတြစုၿပဳံဝယ္ေနတဲ့အခ်ိန္မွာ ေဈးႏႈန္းက တက္လာမွာပဲ။ ဒီလိုအျဖစ္အပ်က္မ်ိဳးကို ႏွစ္တိုင္းျမင္ဖူးေနက်ပါ။

တုပ္ေကြးကာကြယ္ေဆးထိုးသင့္သူေတြက ဘယ္သူေတြ လဲ၊ တုပ္ေကြး ကာကြယ္ေဆး ထုိးသင့္သူေတြကေတာ့ ကေလးငယ္ေတြ၊ သက္ႀကီး႐ြယ္အိုေတြ၊ ႏွလုံး ဆီးခ်ိဳ ေသြးတိုးစသျဖင့္ နဂိုေရာဂါအခံရွိၿပီး ကိုယ္ခံအားနည္းေနတဲ့သူေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတဲ့သူေတြပါ။ ကိုယ္က သြားလာ စားေသာက္ေနႏိုင္တယ္၊ လူငယ္လူ႐ြယ္သန္မာျဖတ္လတ္တယ္ လုပ္ႏိုင္ကိုင္ႏိုင္တယ္ဆိုရင္ ေရာဂါပိုးကူးစက္ခံရႏိုင္ဖို႔ အခြင့္အေရးနည္းပါတယ္။

အဲဒီလိုမ်ိဳး ခြဲျခားမႈမရွိဘဲ လူတိုင္း တုပ္ေကြးကာကြယ္ေဆးေတြ ဝိုင္းဝယ္ေန ရင္ေတာ့ ေဈးတက္ၿပီး တကယ္လိုအပ္ေနတဲ့သူေတြဆီကို မေရာက္ဘဲျဖစ္မွာပဲ။ Mask (ႏွာေခါင္းစည္း) ကိစၥမွာလည္း ဒီလိုပဲဆိုတာကို ျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ မလိုအပ္ဘဲ ထိုးတာကို ကြၽန္ေတာ္ကေတာ့ ဆန္႔က်င္ ပါတယ္။

၃။ ကာကြယ္ေဆးထိုး ထားေပမယ့္လည္း တုပ္ေကြးျဖစ္ႏိုင္ပါေသးတယ္။ ကာကြယ္ေဆးထိုးထားတယ္ဆိုၿပီး ငါကေတာ့ ေရာဂါမျဖစ္ႏိုင္ဘူးသတ္မွတ္ ကာကြယ္ေရးေတြမလုပ္ဘူးဆိုရင္ တုပ္ေကြးတင္မကဘဲ ကိုဗစ္လည္း ကူးစက္ႏိုင္ပါတယ္။

လက္ေဆးတာ၊ ႏွာေခါင္း စည္းတပ္တာ၊ လူထူထပ္တဲ့ေနရာေတြ ကိုေရွာင္ရွားတာ၊ မ်က္ႏွာကိုလက္နဲ႔ ထိတာေတြမလုပ္ဘူးဆိုရင္ တုပ္ေကြးေရာ ကိုဗစ္ေရာအျပင္ တျခားအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကိုပါ ကာကြယ္ၿပီးသား ျဖစ္ေနပါလိမ့္မယ္။

ေဒါက္တာသူရိန္လႈိင္ဝင္း

unicode

ကိုဗစ်ရောဂါ ကူးစက် ပျံ့နှံ့နေချိန် မှာ တုပ်ကွေး ကာကွယ်ဆေးထိုးသင့် သလား?

ဒါနဲ့ ပတ်သက်လို့ (၃) ခုကို သိစေချင် ပါတယ်။

၁။ တုပ်ကွေးကာကွယ်ဆေးဟာ တုပ်ကွေးကို ကာကွယ် တဲ့ဆေးပါ။ ကိုဗစ်ကို ကာကွယ်တဲ့ဆေးမဟုတ်ပါဘူး။ တချို့က ရောပြီး ကိုဗစ်ကိုပါ ကာကွယ်နိုင်သလို ပြောကြတာတွေရှိပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးမရှိပါ။ တုပ်ကွေးကိုတော့ ကာကွယ်ဆေးထိုးနိုင် ပါတယ်။ ဒီတော့ ဖျားနာတဲ့အခါ ကိုဗစ်မှန်းသိရတာပေါ့ ဆိုတာမျိုးလို ပြောကြတယ်။ ဒါပေမယ့် ဖျားတဲ့အခါတိုင်း ကိုဗစ်ပဲရှိတာ မဟုတ်ပါဘူး။ တခြားအကြောင်းအရာတွေလည်း ရှိနိုင်သေးလို့ ကိုဗစ်မှန်းသေချာသိဖို့က swab ယူစစ်ဆေးမှု လုပ်ကို လုပ်ရမှာပါပဲ။

H1N1 swine flu virus particles

၂။ လက်ရှိမှာ တုပ်ကွေး ကာကွယ်ဆေးတွေဟာ ဈေးကြီးနေပါတယ်။ ဘာလို့ဈေးကြီးလဲ ဆိုတော့ အဖြေကရိုးရှင်းပါတယ်။ ဈေးကွက် သဘောအရ ဝယ်လိုအားများရင် ဈေးကတော့ တက်မှာပါပဲ။ လူတွေစုပြုံဝယ်နေတဲ့အချိန်မှာ ဈေးနှုန်းက တက်လာမှာပဲ။ ဒီလိုအဖြစ်အပျက်မျိုးကို နှစ်တိုင်းမြင်ဖူးနေကျပါ။

တုပ်ကွေးကာကွယ်ဆေးထိုးသင့်သူတွေက ဘယ်သူတွေ လဲ၊ တုပ်ကွေး ကာကွယ်ဆေး ထိုးသင့်သူတွေကတော့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နှလုံး ဆီးချို သွေးတိုးစသဖြင့် နဂိုရောဂါအခံရှိပြီး ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သူတွေပါ။ ကိုယ်က သွားလာ စားသောက်နေနိုင်တယ်၊ လူငယ်လူရွယ်သန်မာဖြတ်လတ်တယ် လုပ်နိုင်ကိုင်နိုင်တယ်ဆိုရင် ရောဂါပိုးကူးစက်ခံရနိုင်ဖို့ အခွင့်အရေးနည်းပါတယ်။

အဲဒီလိုမျိုး ခွဲခြားမှုမရှိဘဲ လူတိုင်း တုပ်ကွေးကာကွယ်ဆေးတွေ ဝိုင်းဝယ်နေ ရင်တော့ ဈေးတက်ပြီး တကယ်လိုအပ်နေတဲ့သူတွေဆီကို မရောက်ဘဲဖြစ်မှာပဲ။ Mask (နှာခေါင်းစည်း) ကိစ္စမှာလည်း ဒီလိုပဲဆိုတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ထိုးတာကို ကျွန်တော်ကတော့ ဆန့်ကျင် ပါတယ်။

၃။ ကာကွယ်ဆေးထိုး ထားပေမယ့်လည်း တုပ်ကွေးဖြစ်နိုင်ပါသေးတယ်။ ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ငါကတော့ ရောဂါမဖြစ်နိုင်ဘူးသတ်မှတ် ကာကွယ်ရေးတွေမလုပ်ဘူးဆိုရင် တုပ်ကွေးတင်မကဘဲ ကိုဗစ်လည်း ကူးစက်နိုင်ပါတယ်။

လက်ဆေးတာ၊ နှာခေါင်း စည်းတပ်တာ၊ လူထူထပ်တဲ့နေရာတွေ ကိုရှောင်ရှားတာ၊ မျက်နှာကိုလက်နဲ့ ထိတာတွေမလုပ်ဘူးဆိုရင် တုပ်ကွေးရော ကိုဗစ်ရောအပြင် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုပါ ကာကွယ်ပြီးသား ဖြစ်နေပါလိမ့်မယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း