




Source: ဝတ် ရည် မိုး’s fb

ပရိသတ်တွေ စိတ်ဝင်တစား သိချင်နေကြတဲ့ သူမဘေးနား အမြဲတမ်းရှိ နေတတ်တဲ့ ကောင်ချောလေး အကြောင်း ပြောပြ လိုက်တဲ့ ပိုပို

နာမည်ကျော် အဆိုတော် ပိုပို ကတော့ သူမ ရဲ့ ပထမဦးဆုံး အယ်လ်ဘမ်ဖြစ်တဲ့ “ချစ်ဖူးခဲ့သမျှ” အခွေနဲ့ အောင်မြင်မှုရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ပိုပိုက အဆိုတော် တစ်ယောက်အပြင် သရုပ်ဆောင် တစ်ယောက်အဖြစ်ပါ ရပ်တည်ခဲ့ပြီး ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ မှာ အနည်းအကျဉ်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေ ကတော့ ပိုပိုရဲ့ လှုပ်ရှားမှုတိုင်း ကို စိတ်ဝင်တစား စောင့်ကြည့်အားပေးနေကြဆဲ ဖြစ်ပါတယ်။

သူမဘေးနား အမြဲတမ်း ရှိ နေတတ်တဲ့ ကောင်ချောလေး အကြောင်း ပြောပြလိုက်တဲ့ ပိုပို အခုတလော ပိုပိုရဲ့ ပရိသတ်တွေကြားမှာ ဂယက်ထနေတာကတော့ ပိုပို တစ်ယောက် ချစ်သူရသွားပြီလားဆိုတဲ့ မေးခွန်းလေးပဲ ဖြစ်ပါတယ်။ ပိုပိုက သူမရဲ့ ဓာတ်ပုံလေးတွေမှာ အမြဲတမ်းလိုလို တွေ့ရလေ့ရှိတဲ့ ကောင်ချောလေးဟာ သူမရဲ့ မောင်လေးသာဖြစ်တယ်လို့ ပရိသတ်တွေကို ရှင်းပြ ထားပါတယ်။

ပိုပို ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် (၃၀) ပြည့်သွား ခဲ့တာဖြစ်ပြီး သူမရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြခြင်းမရှိသေးပါဘူး။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source: ဝတ် ရည် မိုး’s fb

Add a Comment

Your email address will not be published. Required fields are marked *

nineteen − 2 =