အတိုးနဲ့ချေးကာ လုပ်ကိုင်စားသောက်နေရတဲ့ အမေအိုတစ်ဦးအတွက် လစဥ်ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ “မေပန်းချီ”

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် မေပန်းချီကတော့ မိခင်ဆုံးရှုံးထားတဲ့ သမီးတစ်ယောက် ဖြစ်တဲ့အတွက်သူမရဲ့ရင်ထဲမှာ အမေအရွယ်တွေ ဒုက္ခရောက်တာတွေ့ရင် တတ်နိုင်သ၍ ကူညီထောက်ပံ့ပေးတတ်သူပါ။သူမရဲ့မိခင်ရှိနေစဥ်ကလည်း မေပန်းချီဟာ ကိုယ်တိုင်ဝင်ငွေရှာပြီး ကိုယ်တိုင် ပြုစုပေးခဲ့တဲ့ တာဝန်ကျေတဲ့ သမီးတစ်ဦးဖြစ်ပါတယ်။

မိခင်ကြီးအတွက် ရည်ရွယ်ပြီးဆောက်လုပ်နေတဲ့ သုံးထပ်တိုက် အသစ်လေးမှာ သူမရဲ့ မိခင်ကြီး မနေသွားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သားအရင်းဆီက အတိုးနဲ့ချေးယူစားသောက်နေရတဲ့ အမေတစ်ဦးအကြောင်းကို အွန်လိုင်းမှာတွေ့ရှိသွားပြီး ကူညီပေးချင်တာကြောင့် သွားရောက်တွေ့ဆုံခဲ့စဥ်အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အမေက အရမ်းအလုပ်လုပ်ပြီး အပင်ပန်းခံရှာကျွေးခဲ့ပေမဲ့ သားသမီး ကံမကောင်းဘူး။သားသမီးတွေ အကြောင်းကြားရတော့ ရက်စက်လိုက်တာလို့ တွေးပြီး လုံးဝစိတ်မကောင်းဘူး။ဒီအမေအတွက်သမီးကောင်းတစ်ယောက်လိုအပ်နေတာမို့ကူညီပြီးလုပ်ပေးချင်တယ်။လစဉ်တတ်နိုင်သလောက်လှူဖို့ ဆုံးဖြတ်ခဲ့တာပါ..အရင်ကတော့မိဘကိုလုပ်ကြွေးရပါလို၏။ ဆုတောင်းခဲ့တာ၊အခုတော့ပေးကမ်းစွန့်ကြဲရပါလို၏ လို့ဆုတောင်းဖြစ်တယ်” ဆိုပြီးသူမရဲ့ခံစားချက်လေးတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

crd

zawgyi


