အခုခ်ိန္ မွာ ရပ္ကြက္ထဲက လူေတြ ကုိဗစ္ ထက္ ပုိေၾကာက္ေနတဲ့ ကိစၥ

အခုခ်ိန္ မွာ ရပ္ကြက္ထဲက လူေတြ ကုိဗစ္ ထက္ ပုိေၾကာက္ေနတဲ့ ကိစၥ

ဟိုတေန႔ ကတည္းက ေရစိမ္ရင္း အေအးမိ တဲ့ အရွိန္ နဲ႔ ဆိုးတဲ့ေခ်ာင္းက မေန႔က အထိ မေပ်ာက္ဘူး။ အဲဒါ နဲ႔ ေဆးဆိုင္က ေခ်ာင္းဆိုးေပ်ာက္ေဆး သြားဝယ္ေတာ့ အေဒၚႀကီး တစ္ေယာက္ ကလည္း ဖ်ားေနလို႔ ဆိုၿပီး ေဆးလာစပ္ ခိုင္းတာ ေတြ႕တယ္။

အေဒၚ ဘာလို႔ ေဆးခန္း မသြားတာလဲ ေမးၾကည့္ေတာ့ အမေလး အခုခ်ိန္ႀကီး မသြား ရဲ ပါဘူးတဲ့။ ေတာ္ၾကာ ကိုဗစ္ေရာဂါ သံသယ ရွိတယ္ ဆိုၿပီး ဖမ္းေခၚသြားမွ ဒုကၡတဲ့။ ဘာေျပာ ရမွန္းေတာင္ မသိဘူး။

အခုခ်ိန္ မွာ သာမန္လူေတြ ေၾကာက္တဲ့ အေၾကာက္ တရားက ေရာဂါျဖစ္ မွာ ေသမွာကို ေၾကာက္တာ မဟုတ္ဘူး။ ကြာရန္တင္း ဝင္ရမွာ၊ ရပ္ကြက္ ထဲကို PPE ေတြနဲ႔ လာေခၚတာ ခံရ မွာ၊ တျခား သူေတြကို ကိုယ့္ကို ခြဲျခားဆက္ဆံ ခံရမွာ ကို ပိုေၾကာက္တာ ျဖစ္ေနတယ္။

ေရာဂါကူးလာ ရင္ေတာင္ လူသိမခံဘဲ ႀကိတ္ကု ၾကမယ့္ သူက ပိုမ်ားမယ္။ ၾကည့္ ရတာ လူေတြ အကုန္ ကူးၿပီး herd immunity ရမွပဲ ကပ္ႀကီးၿပီးမယ့္ သေဘာ ရွိတယ္။

Zin Thaw Naing

unicode

အခုချိန် မှာ ရပ်ကွက်ထဲက လူတွေ ကိုဗစ် ထက် ပိုကြောက်နေတဲ့ ကိစ္စ

ဟိုတနေ့ ကတည်းက ရေစိမ်ရင်း အအေးမိ တဲ့ အရှိန် နဲ့ ဆိုးတဲ့ချောင်းက မနေ့က အထိ မပျောက်ဘူး။ အဲဒါ နဲ့ ဆေးဆိုင်က ချောင်းဆိုးပျောက်ဆေး သွားဝယ်တော့ အဒေါ်ကြီး တစ်ယောက် ကလည်း ဖျားနေလို့ ဆိုပြီး ဆေးလာစပ် ခိုင်းတာ တွေ့တယ်။

အဒေါ် ဘာလို့ ဆေးခန်း မသွားတာလဲ မေးကြည့်တော့ အမလေး အခုချိန်ကြီး မသွား ရဲ ပါဘူးတဲ့။ တော်ကြာ ကိုဗစ်ရောဂါ သံသယ ရှိတယ် ဆိုပြီး ဖမ်းခေါ်သွားမှ ဒုက္ခတဲ့။ ဘာပြော ရမှန်းတောင် မသိဘူး။

အခုချိန် မှာ သာမန်လူတွေ ကြောက်တဲ့ အကြောက် တရားက ရောဂါဖြစ် မှာ သေမှာကို ကြောက်တာ မဟုတ်ဘူး။ ကွာရန်တင်း ဝင်ရမှာ၊ ရပ်ကွက် ထဲကို PPE တွေနဲ့ လာခေါ်တာ ခံရ မှာ၊ တခြား သူတွေကို ကိုယ့်ကို ခွဲခြားဆက်ဆံ ခံရမှာ ကို ပိုကြောက်တာ ဖြစ်နေတယ်။

ရောဂါကူးလာ ရင်တောင် လူသိမခံဘဲ ကြိတ်ကု ကြမယ့် သူက ပိုများမယ်။ ကြည့် ရတာ လူတွေ အကုန် ကူးပြီး herd immunity ရမှပဲ ကပ်ကြီးပြီးမယ့် သဘော ရှိတယ်။

Zin Thaw Naing

Add a Comment

Your email address will not be published. Required fields are marked *

fourteen + 14 =