




crd : panpyoelat

unicode

အတွင်းခံ စွန်ကြီး ကို မှ ကြံကြံဖန်ဖန် ဖန်တီး ခဲ့တဲ့ ဖိလစ်ပိုင် အမျိုးသား

ငယ်ငယ်တုန်းက ရောင်စုံ စွန်လေးတွေကို လွှတ်ပြီး ကစား ခဲ့ဖူးလား..? စွန်လွှတ်ရတဲ့ ကစားနည်းက ကတော့ စိတ်ကို တည်ငြိမ် အေးချမ်းပြီး ပျော်စရာ အရမ်း ကောင်းတဲ့ ကစားနည်းပါ။ရောင်စုံ ပုံစံစုံ စွန်တွေမှာ အမြှီးတွေ တပ်ပြီး စွန် လွှ တ် ရတဲ့ အချိန် တွေ ကတော့ က လေးဘဝ ရဲ့ အပျော်ဆုံး အချိန် လေးတွေပါ။စွန် မှာတော့ များ သော အားဖြင့် အေ ကာင်ပုံစံ၊ ကာတွန်းဇာတ်ကောင် ပုံစံ စွန်လေး တွေနဲ့ အများဆုံးဆော့ကစားရတာပါ။ ဖိလစ်ပိုင် နိုင်ငံက အမျိုးသား တ စ်ယောက် က တော့ ထူးခြားတဲ့ စွန်တမျိုးကို ဖန်တီးခဲ့ပါတယ်။ ဒီ အ ကြောင်း ကိုတော့ 9gag မှာ ဖော်ပြ ထားတာပါ။

သူဖန်တီး တဲ့ စွန် ကတော့ ရယ်လည်း ရပါတယ်။အတွင်းခံ ပုံစံ စွန်ကြီးကို ဖန်တီးခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံ Palawan ပြည်နယ်ရှိ Barangay Pulot စင်တာမှာ နေထိုင်တဲ့ Neil Alcantara က အဲ့လို စွန်ကို ဖန်တီး ခဲ့တာပါ။ဒီဇိုင်း ဆန်း တဲ့ စွန်ကြီး ကတော့ အားလုံးရဲ့ အထူး စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ အတွင်းခံ စွန်ကြီးကိုတော့ ပလတ်စတစ် တွေ နဲ့ ဖန်တီး ထားတာပါ။စွန်ရဲ့ အ ရှေ့ဘက်ကိုတော့ ဖဲကြိုးအနီနဲ့ အလှ ဆင်ထားပါတယ်။ အတွင်းခံ ပုံစံ မို့ ခပ် မိုက် မိုက် အတွင်းခံ ပုံမျိုးဖြစ်အောင် ဖဲကြိုးတွေနဲ့ပါ အလှဆင်ထားတာပါ။

အတွင်းခံ စွန်ကြီးရဲ့ ပုံတွေကိုတော့ Neil Alcantara က သူ့ရဲ့ FB မှာ တင်ထားတာပါ။စွန်ကြီးရဲ့ အရွယ်အစား ကတော့ (၁.၅)မီတာ ရှိပါတယ်။ကောင်းကင်မှာ ပျံဝဲ နေ တဲ့ အတွင်းခံ စွန်ကြီးရဲ့ ပုံကိုပါ Neil Alcantara ရဲ့ Fb မှာ ဝေမျှ ခဲ့တာပါ။

Add a Comment

Your email address will not be published. Required fields are marked *

three + eight =