ကမ္ဘာ့ အသက်ကြီးဆုံး Gamer အဖြစ် စံချိန်တင်နိုင် ခဲ့တဲ့ အသက်(၉၀) အရွယ်ဖွားဖွား

ကမ္ဘာ့ အသက်ကြီးဆုံး Gamer အဖြစ် စံချိန်တင်နိုင် ခဲ့တဲ့ အသက်(၉၀) အရွယ်ဖွားဖွား

Game ဆိုတာ ကတော့ ဒီဘက်ခေတ် မှာ လူတိုင်း လိုလို ဆော့တတ်ကြတဲ့ အရာတစ်ခုပါ။ လူကြီးတော်တော်များများကတော့ လူငယ်တွေ ဂိမ်းကစားရင် မင်းတို့တွေ ဂိမ်းဆော့ပြီး ပျက်ဆီးနေတယ် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောလေ့ရှိကြသလို ချစ်သူမိန်းကလေးတော်တော် များများကလည်း သူတို့ ချစ်သူကောင်လေးတွေ ဂိမ်းဆော့ရင် များသောအားဖြင့် မကြိုက်ကြပါဘူး။ ကျွန်တော်ပြောချင်တာကတော့ ဂိမ်းဆော့တယ်ဆိုတာ လူတစ်ယောက်ရဲ့ တွေးတောနိုင်စွမ်း၊ ဦးနှောက်ရဲ့ အလုပ်လုပ်မှု အစရှိတာတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် ဂိမ်းဆော့တိုင်း မပျက်ဆီး သလို ပျက်ဆီးနေတဲ့ လူငယ်တော်တော်များများကလည်း Gamer တွေ မဟုတ်ပါဘူး။ အခုဆိုရင် ဂျပန်နိုင်ငံက အသက် ၉၀ အရွယ်အဖွားအိုတစ်ဦးဟာ ကမ္ဘာ့အသက်ကြီးဆုံး Gamer တစ်ယောက်အဖြစ် ဂရင်းနစ်စံချိန်ချိုးခဲ့ကြောင်း Soranews24 သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၉၀ အရွယ် Hamako Mori လို့ အမည်ရ တဲ့ ဖွားဖွားဟာ အခုဆိုရင်တော့ ကမ္ဘာ့အသက်ကြီးဆုံး Gamer တစ်ယောက် အဖြစ် မှတ်တမ်း ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ အဖွားအိုလို့ သူဆော့တဲ့ ဂိမ်းတွေကို အထင်မသေးလိုက်ပါနဲ့။ ဒီကလူကြီးတော်တော်များများဆော့တဲ့ Candy Crushတို့၊ Temple Run တို့ လို ဖုန်းဂိမ်းတေါ မဟုတ်ပါဘူး။ Call of Duty, Grand Theft Auto 5, PUBG အစရှိတဲ့ ဂိမ်းအကြီးတွေဆော့ရင်းနဲ့ ဒီလိုမျိုး မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖွားဖွား Mori မှာ Gamer Grandma လို့ အမည် ရတဲ့ ကိုယ်ပိုင် Youtube Channel လဲရှိသလို သူဆော့တဲ့ ဂိမ်းတော်တော်များများကို အဲဒီ Channel ကနေ အမြဲတင်ပေးနေတာ ဖြစ်ပါတယ်။ Mori ပထမဦးဆုံး စပြီး Youtube Channel မှာ တင်ခဲ့တဲ့ ဂိမ်းကတော့ Skyrim လို့အမည် ရတဲ့ နဂါးစီးရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး Mori ဟာ သူဆော့သမျှ ဂိမ်းတွေကို တောက်လျှောက် Youtube Channel ကနေ တင်ခဲ့တာ အခုချိန်အထိပါပဲ။ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာ Mori ဟာ သူ့ ရဲ့ Youtube Channel ကနေ သူ့ပရိသတ်တွေကို သတင်းအကြီးစား တစ်ခုကြေညာစရာရှိကြောင်း၊ အဲဒီသတင်းကတော့ အခုဆိုရင်သူဟာ ကမ္ဘာ့အသက်ကြီးဆုံး Gamer တစ်ယောက်အဖြစ် ဂရင်းနစ်စံချိန်တင်သွားပြီဖြစ်ကြောင်း ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

four × three =