




crd : panpyoelat

unicode

လူ (၄) ဦးသေဆုံးပြီး (၂၀) ကျော်ဒဏ်ရာ ရတဲ့ တရုတ်နိုင်ငံတောင်ပိုင်း ငလျင်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း Yunnan province မှာဖြစ်ပွား ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၄ ဦးရှိကာ ဒဏရာရသူ ၂၃ ထိရှိခဲ့ပါတယ်။ မေလ၁၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၎င်းလျင်ကြောင့် ဒေသခံတွေရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး စာသင်နေသော ကျောင်းသား/သူများ အလန့်တကြားခုံအောက်ပြေးပုန်း ရတဲ့ ဗီဒီယိုဖိုင်တွေဟာ တရုတ် လူမှုကွန်ရက် Weibo မှာပျံ့နှံ့လို့နေပါတယ်။

လျင်ဟာ လူဦးရေ ၆သန်းနေထိုင်တဲ့ Zhaotong မြို့နားမှာ လှုပ်ခတ်သွားတာဖြစ်ကာ အင်အား ၅.၅ ရှိတယ်လို့ အစိုးရကထုတ်ပြန်ခဲ့ပါတယ်။ အယောက် ၆၀၀ သော မီးသတ်သမားနဲ့ စစ်တပ်ကယ်ဆယ်ရေးအဖွဲ့တွေ ၎င်းဒေသကိုရောက်ရှိနေပြီလို့လည်း Yunnan အစိုးရကထုတ်ပြန်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပျက်စီး တိုက်တာအဆောက်အအုံတွေ နဲ့ လမ်းတွေကို ကူညီရှင်းလင်းပေးနေတဲ့ ဗီဒီယို ဖိုင်တွေလဲ ထွက်ပေါ်လို့နေပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နဲ့ အနောက်ပိုင်းဒေသတွေ ဟာ မကြာခဏဆိုသလို ငလျင်ဒဏ်ကိုခံစားနေရပြီး မနှစ်က Sichuan ပြည်နယ် မှာ ဖြစ်ပေါ် ခဲ့တဲ့ အင်အား ၆.၀ ရှိတဲ့ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရသူ အယောက် ၂၀၀ အထိရှိခဲ့တာပါ။၂၀၀၈ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ Sichuan ပြည်နယ် ငလျင်ဟာ အင်အား 7.9-magnitude ထိရှိ ခဲ့ပြီး သေဆုံးသူနဲ့ပျောက်ဆုံးသူ ၈၇,၀၀၀ အထိရှိခဲ့ ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

fifteen + sixteen =