သာယာတဲ့ မိသားစု ဘဝဖြစ်ဖို့ ဒီအချက် တွေကို ရှောင်ပါ

သာယာသော မိသားစုဖြစ်ဖို့ အိမ်ထောင်ရေးတွင် ဒီအရာတွေကို ရှောင်ရှားပါ။

၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း – လင်နဲ့မယား လျှာနဲ့သွားပါ။အိမ်ထောင်သက် ရလာတာနဲ့ အမျှအထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။လူရှေ့သူရှေ့ မရှောင်တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထားရောက်သွားတတ်ပြီးခက်ခဲသွားပါတယ်။ဒါကြောင်မို့လို့ လင်မယားမှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။

၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း – မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလိုခိုလုံရာ လည်းဖြစ်ပါတယ်။လင်မယားနှစ်ယောက်ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလိုသူတို့ရဲ့ အနာဂတ်အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါထိခိုက်နိုင်ပါတယ်။တကယ်လို့ သားသမီးများဟာအိမ်မှာ သာယာ တဲ့အရသာကို မခံစားရဘူးဆိုရင်နောင်မျိုးဆက်တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ်။

၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း – အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင်စိတ်ဓါတ်ကျပြီးစိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကိုလုံးဝထိခိုက်သွားနိုင်ပါတယ်။

၄။ အနာဟောင်း ပြန်ဖော်ခြင်း – ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုးလုံးဝရှောင်ကြင်သင့်ပါတယ်။မမှားတဲ့ရှေ့နေ မသေတဲ့ဆေး သမားဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှားဖူးတတ်ကြစမြဲပါ။အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏထုတ်သုံးရင်တော့အဲဒီအိမ်ထောင်ရေးပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။

၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကိုထိခိုက်စေသော စကားများ – ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။အဲဒီကိစ္စအပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။

၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့အကျင့် – ရန်ဖြစ်ပြီဆိုမှ နဂိုက တည်းက အသံကကျယ်လှောင်ပြီးသား၊ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ချစ်လို့ယူထားကြတာပဲ၊ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်ပါတယ်။

၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ – စိတ်ဆိုးအောင်လုပ်လို့ ရတယ်။စိတ်နာအောင်မလုပ်ကြပါနဲ့၊ စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။“ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့်ပိုက်ဆံရှာဘယ်လောက်တော်လဲ၊ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ”စတဲ့စကားမျိုး ကို မပြောဆိုရပါ။

၈။ သေတာနဲ့ ချိန်းခြောက်ခြင်း – ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊ငါအသက်မရှင်ချင်တော့ဘူး ၊ငါမင်းကို သေပြမယ်စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုးလုံးဝရှောင်ကြင်သင့်ပါတယ်။

၉။ လက်ပါ ခြင်း – ဘယ်လောက်ပဲ စိတ်ဆိုးစိတ် ဆိုး ကိုယ့်လက် ကိုလုံး၀ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင်ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။

၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း – ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ် မျိုး ဝင်တတ်ပ ါတယ်။ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပေမဲ့တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်းတင်ပြလိုက်ရပါတယ်။