




ဓာတ်ပုံ – ဝင်းလွင်
crd : duwun

unicode

တရားဟောဆရာ ဒေးဗစ်လား ကို ဒီကနေ့ စတင် ရုံးထုတ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)ဖြင့် အမှုဖွင့် အရေးယူခံထားရတဲ့ တရားဟော ဆရာဒေးဗစ်လားကို ဒီကနေ့ မေလ (၂၀)ရက်နေ့ကမရမ်းကုန်း မြို့နယ်တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပါတယ်။

ဆေးရုံကဆင်းပြီးနောက် Hotel Quarantine ရက်ပြည့် လို့ ဟိုတယ်ကထွက်တဲ့နေ့ မှာပဲ ရုံးချိန်းစတင်ဆောင်ရွက် ခဲ့တာပါ။

တရားဟောဆရာဒေးဗစ်လား အပါအဝင် ၄ ဦးကို ကိုဗစ်ကာလအတွင်း နိုင်ငံတော်ကချမှတ်ထားတဲ့ လူစုလူဝေးမပြုလုပ်ရ ဆိုတဲ့ အမိန့်ကိုချိုးဖောက်ကာ ဘာသာရေးပွဲ တစ်ခုကိုကျင်းပပြုလုပ်ခဲ့လို့ ရန်ကုန်တိုင်းအစိုးရက ဧပြီလ ၁၄ ရက်က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – ဝင်းလွင်
crd : duwun

Add a Comment

Your email address will not be published. Required fields are marked *

8 + 5 =