တစ္နိုင္ငံလုံး ထိခိုက္နစ္နာေစတဲ့ လုပ္ႀကံ တိုက္ခိုက္မႈ ႀကီး တစ္ခု (အျပည့္အစုံ ဖတ္နိုင္ရန္ ပုံကိုႏွိပ္ပါ)

တစ္နိုင္ငံလုံး ထိခိုက္နစ္နာေစတဲ့ လုပ္ႀကံ တိုက္ခိုက္မႈ ႀကီးတစ္ခု (အျပည့္အစုံ ဖတ္နိုင္ရန္ ပုံကိုႏွိပ္ပါ)

ေရးသင့္ၿပီ ထင္လို႔ေရးလိုက္ရပါတယ္ခင္ဗ်ာ ျမန္မာနိုင္ငံ ရဲ့စားသုံးဆီေလာကထဲကို ဓာတုအနံ့ေျမပဲဆီ၊ ႏွမ္းဆီေရာက္တာ 2012 13 ခုႏွစ္ကတည္းကပါ။ တ႐ုတ္နိုင္ငံသား လူငယ္တေယာက္ ဘာသာျပန္နဲ႔အတူအိမ္ေရာက္လာၿပီးနမူနာပုလင္းေလးေတြျပၿပီး ရွင္းျပပါတယ္။

က်ေနာ့္အေနနဲ႔ဒါသည္ စားသုံးသူကိုလိမ္လည္တာဘဲျဖစ္တယ္ မလုပ္သင့္ဘူး လို႔ေျပာျပပါတယ္။ ေနာက္ဓာတုအနံ့ျဖစ္လို႔ဆိုးက်ိဳးေတြျဖစ္လာနိုင္တယ္၊ အနံ့ကျပင္းလြန္းတယ္၊ လို႔ေျပာျပပါတယ္၊ သူ႔ကေတာ့နမူနာပုလင္းငယ္၄ပုလင္းထားၿပီးျပန္သြားခဲ့ပါတယ္။ က်ေနာ္လည္းFDAမွတာဝန္ရွိ သူတဦး ကိုေျပာျပၿပီးနမူနာ ပုလင္းငယ္မ်ားကို FDA ရန္ကုန္႐ုံးခြဲကိုပို႔ေပးခဲ့ပါတယ္။

ခုေတာ့ ဓာတုအနံ့ေျမပဲဆီ အတုႏွမ္းဆီ အတုကတနိုင္ငံလုံးျပန႔္လို႔ေနပါၿပီ၊ စားသုံးသူေရးရာ မွာ က်ေနာ္စတင္ပါသည့္ 2014 ခုႏွစ္ကတည္းက အစည္းအေဝးတက္တိုင္းဒီဓာတုအနံ့ရဲ့ေဈးကြက္ကိုလႊမ္းမိုးမႈကတေျဖးေျဖးႀကီးလာပါၿပီ၊ အခ်ိန္မီတားဆီးေပးဖို႔ ေျပာရင္းနဲ႔ကို2016 17မွာ ေဈးကြက္ ရဲ့80%ျဖစ္ သြားပါၿပီ။ ျမန္မာနိုင္ငံရဲ့စားသုံးဆီေဈးကြက္ မွာစားအုန္းဆီ၊ေနၾကာဆီ၊ပဲပုတ္ဆီေတြျပန္ေၾကာ္ဆီေတြ ကိုဓာတု အနံ့ေပးေျမပဲဆီ အတုႏွမ္းဆီအတုလုပ္ေရာင္းေနတာကို မတားျမစ္နိုင္တာကစၿပီး တိုင္းျပည္ရဲ့အေျခခံလယ္ယာ ဆီထြက္သီးႏွံ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ အလုပ္အကိုင္ အခြင့္အလမ္း၊စားသုံးသူ က်န္းမာေရး၊သြင္းကုန္အစားထိုး ပို႔ကုန္ျမႇင့္တင္ေရး၊ဆီစက္မ်ားစဥ္ဆက္မျပတ္တိုးတက္ေရးေတြကိုပါထိခိုက္သြာပါၿပီ၊အခ်ိန္က2012-2016ဆိုတာေလးပါ။

အမွိုက္ကစျပႆတ္ မီးေလာင္၊ အပ္နဲ႔ထြင္းရမွာ ပုဆိန္နဲ႔ထြင္းတဲ့အလုပ္ျဖစ္ေနရၿပီ၊ မၾကာခင္ေျမပဲဆံႏွမ္းေတြေပၚလာပါေတာ့မယ္၊ ေတာင္သူေတြငိုရပါဦးမယ္၊ စိုက္စရိတ္ထက္နိမ့္ေသာ သီးႏွံေဈးေတြနဲ႔ေရာင္းရပါဦးေတာ့မယ္၊ေျမပဲဆီ တပိႆာ ၃၀၀၀က်ပ္၊ ႏွမ္းဆီ တပိႆာ၂၅၀၀က်ပ္ေရာင္းတာေတာင္ျမန္မာေတြက ဓာတုအနံ့ေျမပဲဆီတု၂၂၀၀က်ပ္ႏွမ္းဆီတု၂၀၀၀က်ပ္တန္ေလာက္ရွာစားေနၾကခ်ိန္မွာ ဒီအခ်ိန္မွာတ႐ုတ္ကုန္သည္ေတြ ကေျမပဲလုံးဆန္အေကာင္းႏွမ္းေတြ ကိုေအာက္ေဈးနဲ႔ဝယ္သူ႔နိုင္ငံမွာေျမပဲဆီ တပိႆာတေသာင္းေက်ာ္ႏွမ္းကိုဆန္ကာခ်အဆင့္ျမႇင့္စက္ ကိရိယာ သုံးဂ်ပန္ ကိုေရာင္းဖို႔ျပင္ေနၾကၿပီဆိုတာလူႀကီးေတြ သိေစခ်င္ပါတယ္။ CODEX STANDARD ေၾကာင့္FDA ကဓာတု အနံ့ကိုအေရးယူလို႔မရဘူးလား၊

စားသုံးသူေရးရာ ဥပေဒထဲမွာဓာတုအနံ့ကိုအေရးယူဖို႔ဥပေဒမပါဘူးလား၊ ျမန္မာနိုင္ငံ အမ်ိဳးသား အက်ိဳးစီးပြားတခုလုံးကိုဝိသမသမားလက္တဆုပ္စာဓာတုအနံ့ေရာင္းတဲ့ ၂၆လမ္း၂၇လမ္း ကုန္ေဈးတန္းလမ္း သိမ္ႀကီးေဈး(A)႐ုံမွာ ရွိတဲ့ဆိုင္၆၀ေလာက္က ခ်ယ္လွယ္ေနတာကိုေတာ့အံ့ၾသေနမိပါတယ္။က်ေနာ္ေျပာသင့္ လို႔ေျပာခဲ့ေပါင္းလည္းမ်ား ခဲ့ပါၿပီ၊ ခုေရးသင့္ လို႔ေရးလိုက္ရပါတယ္။ ျမန္မာျပည္သူျပည္သား အေပါင္းလိမ္ညာမႈေဘးမွကင္းေဝးပါေစ။

တိုင္းျပည္ရဲ့အေျခခံကုန္ထုတ္လုပ္သူေတာင္သူလယ္သမားေမြးျမဴေရးသမားစက္သမားမ်ားလည္းႀကီးပြာခ်မ္းသာၾကပါေစ။ တနိုင္ငံလုံး၇၀% အေျခခံလူတန္းစားမ်ားျပည့္စုံခ်မ္းသာၿပီးက်န္၃၀%လူတန္းစားမ်ား တိုးတက္ၾကပါေစ။ ေကာင္းမြန္တိုးတက္ေသာ အနာဂါတ္ျမန္မာနိုင္ငံေတာ္ႀကီးအျမန္ဆုံးျဖစ္ တည္လာပါေစလို႔ ဆုေတာင္း လိုက္ပါတယ္။

ခရက္ဒစ္ ဧရာဝတီဦးခင္စိုး

unicode

တစ်နိုင်ငံလုံး ထိခိုက်နစ်နာစေတဲ့ လုပ်ကြံ တိုက်ခိုက်မှု ကြီးတစ်ခု (အပြည့်အစုံ ဖတ်နိုင်ရန် ပုံကိုနှိပ်ပါ)

ရေးသင့်ပြီ ထင်လို့ရေးလိုက်ရပါတယ်ခင်ဗျာ မြန်မာနိုင်ငံ ရဲ့စားသုံးဆီလောကထဲကို ဓာတုအနံ့မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012 13 ခုနှစ်ကတည်းကပါ။ တရုတ်နိုင်ငံသား လူငယ်တယောက် ဘာသာပြန်နဲ့အတူအိမ်ရောက်လာပြီးနမူနာပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။

ကျနော့်အနေနဲ့ဒါသည် စားသုံးသူကိုလိမ်လည်တာဘဲဖြစ်တယ် မလုပ်သင့်ဘူး လို့ပြောပြပါတယ်။ နောက်ဓာတုအနံ့ဖြစ်လို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်၊ အနံ့ကပြင်းလွန်းတယ်၊ လို့ပြောပြပါတယ်၊ သူ့ကတော့နမူနာပုလင်းငယ်၄ပုလင်းထားပြီးပြန်သွားခဲ့ပါတယ်။ ကျနော်လည်းFDAမှတာဝန်ရှိ သူတဦး ကိုပြောပြပြီးနမူနာ ပုလင်းငယ်များကို FDA ရန်ကုန်ရုံးခွဲကိုပို့ပေးခဲ့ပါတယ်။

ခုတော့ ဓာတုအနံ့မြေပဲဆီ အတုနှမ်းဆီ အတုကတနိုင်ငံလုံးပြန့်လို့နေပါပြီ၊ စားသုံးသူရေးရာ မှာ ကျနော်စတင်ပါသည့် 2014 ခုနှစ်ကတည်းက အစည်းအဝေးတက်တိုင်းဒီဓာတုအနံ့ရဲ့ဈေးကွက်ကိုလွှမ်းမိုးမှုကတဖြေးဖြေးကြီးလာပါပြီ၊ အချိန်မီတားဆီးပေးဖို့ ပြောရင်းနဲ့ကို2016 17မှာ ဈေးကွက် ရဲ့80%ဖြစ် သွားပါပြီ။ မြန်မာနိုင်ငံရဲ့စားသုံးဆီဈေးကွက် မှာစားအုန်းဆီ၊နေကြာဆီ၊ပဲပုတ်ဆီတွေပြန်ကြော်ဆီတွေ ကိုဓာတု အနံ့ပေးမြေပဲဆီ အတုနှမ်းဆီအတုလုပ်ရောင်းနေတာကို မတားမြစ်နိုင်တာကစပြီး တိုင်းပြည်ရဲ့အခြေခံလယ်ယာ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊စားသုံးသူ ကျန်းမာရေး၊သွင်းကုန်အစားထိုး ပို့ကုန်မြှင့်တင်ရေး၊ဆီစက်များစဉ်ဆက်မပြတ်တိုးတက်ရေးတွေကိုပါထိခိုက်သွာပါပြီ၊အချိန်က2012-2016ဆိုတာလေးပါ။

အမှိုက်ကစပြဿတ် မီးလောင်၊ အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ထွင်းတဲ့အလုပ်ဖြစ်နေရပြီ၊ မကြာခင်မြေပဲဆံနှမ်းတွေပေါ်လာပါတော့မယ်၊ တောင်သူတွေငိုရပါဦးမယ်၊ စိုက်စရိတ်ထက်နိမ့်သော သီးနှံဈေးတွေနဲ့ရောင်းရပါဦးတော့မယ်၊မြေပဲဆီ တပိဿာ ၃၀၀၀ကျပ်၊ နှမ်းဆီ တပိဿာ၂၅၀၀ကျပ်ရောင်းတာတောင်မြန်မာတွေက ဓာတုအနံ့မြေပဲဆီတု၂၂၀၀ကျပ်နှမ်းဆီတု၂၀၀၀ကျပ်တန်လောက်ရှာစားနေကြချိန်မှာ ဒီအချိန်မှာတရုတ်ကုန်သည်တွေ ကမြေပဲလုံးဆန်အကောင်းနှမ်းတွေ ကိုအောက်ဈေးနဲ့ဝယ်သူ့နိုင်ငံမှာမြေပဲဆီ တပိဿာတသောင်းကျော်နှမ်းကိုဆန်ကာချအဆင့်မြှင့်စက် ကိရိယာ သုံးဂျပန် ကိုရောင်းဖို့ပြင်နေကြပြီဆိုတာလူကြီးတွေ သိစေချင်ပါတယ်။ CODEX STANDARD ကြောင့်FDA ကဓာတု အနံ့ကိုအရေးယူလို့မရဘူးလား၊

စားသုံးသူရေးရာ ဥပဒေထဲမှာဓာတုအနံ့ကိုအရေးယူဖို့ဥပဒေမပါဘူးလား၊ မြန်မာနိုင်ငံ အမျိုးသား အကျိုးစီးပွားတခုလုံးကိုဝိသမသမားလက်တဆုပ်စာဓာတုအနံ့ရောင်းတဲ့ ၂၆လမ်း၂၇လမ်း ကုန်ဈေးတန်းလမ်း သိမ်ကြီးဈေး(A)ရုံမှာ ရှိတဲ့ဆိုင်၆၀လောက်က ချယ်လှယ်နေတာကိုတော့အံ့သြနေမိပါတယ်။ကျနော်ပြောသင့် လို့ပြောခဲ့ပေါင်းလည်းများ ခဲ့ပါပြီ၊ ခုရေးသင့် လို့ရေးလိုက်ရပါတယ်။ မြန်မာပြည်သူပြည်သား အပေါင်းလိမ်ညာမှုဘေးမှကင်းဝေးပါစေ။

တိုင်းပြည်ရဲ့အခြေခံကုန်ထုတ်လုပ်သူတောင်သူလယ်သမားမွေးမြူရေးသမားစက်သမားများလည်းကြီးပွာချမ်းသာကြပါစေ။ တနိုင်ငံလုံး၇၀% အခြေခံလူတန်းစားများပြည့်စုံချမ်းသာပြီးကျန်၃၀%လူတန်းစားများ တိုးတက်ကြပါစေ။ ကောင်းမွန်တိုးတက်သော အနာဂါတ်မြန်မာနိုင်ငံတော်ကြီးအမြန်ဆုံးဖြစ် တည်လာပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ခရက်ဒစ် ဧရာဝတီဦးခင်စိုး

Add a Comment

Your email address will not be published. Required fields are marked *

2 + 14 =