သန်၎ကို – ရမ်းဘာသာပြန်သည်။
unicode
မိန်းမ (ဇနီး) နဲ့ ကီပင် (စမော) ကွာခြား ချက်
မိန်းမက TV နဲ့တူတယ်။ ကီပင်က စမတ်ဖုန်း နဲ့ တူတယ်။ ခင်ဗျား…. အိမ်မှာနေရင် TV ကြည့်ပေမယ့် အပြင်ထွက် ရင်တော့ ဖုန်းကိုပဲ ယူသွားတယ် မဟုတ် လား။ ဒါတောင်… TV ကို တခါတရံ မှ ကြည့်ပြီး၊ ဖုန်းကိုတော့ အချိန်ပြည့် ပွတ်နေတာပဲလေ။
သို့သော်… TV က အစီအစဉ်တွေ ကို အလကားကြည့် လို့ ရပေမယ့်၊ ဖုန်းကတော့ ငွေမဖြည့်တာနဲ့ လိုင်းဖြတ်သွားပြီသာမှတ်။ TV က ကြီးတယ်၊ လေးတယ်၊ အိုဟောင်းတဲ့အထိ အကြာကြီး သုံးရတယ်။ ဖုန်းကတော့ သေးတယ် လှပတယ် အလွယ်တကူ သယ်သွားလို့ ရတယ်၊ ၂ နှစ်ကို တစ်ကြိမ်လောက် အသစ်လဲ ကိုင်လို့ ရတယ်။
TV နဲ့ ပတ်သက်လို့ ကုန်ကျ စရိတ် သိပ်မများပေမယ့် ဖုန်းကတော့ ကုန်ကျစရိတ် မြင့်တယ်။ TV မှာ ရီမုပါလို့ အဝေးကနေ ထိန်းလို့ ရပေမယ့်၊ ဖုန်းကတော့ မရဘူး။ ဖုန်းကတော့ ပြောလို့လည်း ရတယ် နားထောင်လို့လည်း ရတယ်။
TV ကတော့ နားထောင်ရုံ သက်သက်ပဲ၊ ပြန်ပြော လို့ မရဘူး။ အရေးကြီးဆုံးအချက်က… TV မှာ ဗိုင်းရပ်စ် မရှိပေမယ့်၊ ဖုန်းကျတော့ မတော်တာ ဝင်ကြည့်မိရင် ဗိုင်းရပ်စ်ကိုက်နိုင်သလို ဟက်သွားလို့လည်း ရတယ်။
ဒီကြားထဲ အထားမတော်ရင် သူများက မ, သွားရော။ ဆိုတော့… ဖုန်းပွတ်တာလည်း ပွတ်ပေါ့။ အိမ်က TV ကြီး ကိုလည်း မကြာခဏ ဖွင့် ဖွင့် ပေး။ မဖွင့်တာကြာလို့ ဂျီးစို့သွားရင် ဆိုင်သွားပြခါမှ သူများဖွင့်သွားအုံးမယ်။
သန်၄ကို – ရမ်းဘာသာပြန်သည်။
Add a Comment
Your email address will not be published. Required fields are marked *
17 − nine =