ထိုင်းချန်နယ် တစ်ခုမှာဖော်ပြခံရကြောင်း ဂုဏ်ယူစွာ ​ပြောကြွားလာတဲ့ “စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူ”

ထိုင်းနိုင်ငံကို ဟန်းနီးမွန်း အပျော်ခရီးထွက်သွားလာ နေတဲ့ သူတို့စုံတွဲကို ထိုင်းလူမျိုးတွေက သတိထားမိပြီး YouTube ချန်နယ် တစ်ခုမှာ ဖော်ပြလာလို့ ဝမ်းမြောက် ဂုဏ်ယူစွာ ပြန်ကြွားလာတဲ့ သရုပ်ဆောင်မောင် (ခ) စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲ။ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့က တချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်နော်။ စိန်ဖြိုးလှိုင်ကိုတော့ ပရိသတ်တွေက နန္ဒာလှိုင် ရဲ့မောင် သရုပ်ဆောင် မောင် အဖြစ်နဲ့ သိခဲ့ကြတာပါ။

မောင်နဲ့ရီရီပွင့်ဖြူတို့ နှစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်က လက်ထပ် ပြီးစီးခဲ့တာဖြစ်ပြီး ကြွယ်ဝချမ်းသာတဲ့သူတွေပီပီ ငွေကို ရေလိုသုံးကာ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ကာ ပျော်ရွှင်စွာ နေထိုင်နေနိုင် ကြသူတွေပဲ ဖြစ်ပါတယ်။ စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူတို့ဟာ ပြီးခဲ့တဲ့လက စပြီး သူတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ် အဖြစ် ထိုင်းနိုင်ငံ ဘန်ဘောက်မြို့ကို တစ်လကြာ ခရီးထွက်ခဲ့ကြပြီး ခရီးသွားမှတ်တမ်း Vlog တွေ ရိုက်ကူးခဲ့ကာ လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေ ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ပြည်သူတွေ နိုင်ငံရေးကြောင့် ခက်ခဲ ကြပ်တည်းနေကြသလို စစ်ဘေးရှောင် များစွာ ဒုက္ခကြုံနေရချိန်မှာ သူတို့နှစ် ဉီး အပျော်ကြူး ခရီးထွက်နေကြလို့ဆိုပြီး ပရိသတ်ပြည်သူတွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့က ထိုင်းနိုင်ငံက ယူကျူ့ချန်နယ်တစ်ခုမှာ သူတို့နှစ်ယောက်အကြောင်း ဖော်ပြခြင်း ခံခဲ့ရကြောင်းကို “ထိုင်း YouTube ချန်နယ်တစ်ခုမှာ ပါနေတယ်ဆိုပြီး သူများလာပြလို့၊ Video ထဲမှာတော့ vlog ထဲကအကြောင်းအရာတွေ ပြောထားတယ်၊ စိန်ဖရိုး အန် ရီရီ နခါ့ ပဲ နားလည်တယ်😁😁😁 ခေါင်းစဉ်ဘာသာပြန် ကြည့်တာတော့ Myanmar Couple happy trip to Thailand တဲ့🥰” ဆိုကာ သူတို့ဇနီးမောင်နှံ ထိုင်းအလည်အပတ် ခရီးစဉ်ကို ထိုင်းက ယူကျူ့ချန်နယ်မှာ ဖော်ပြခံရကြောင်း ကြည်နူးဝမ်းသာ ဂုဏ်ယူစွာနဲ့ ပြန်လည် ဖောက်သည်ချ ပြောပြလာတာပဲ ဖြစ်ပါ တယ်။ ပရိသတ်ကြီးရေ စိန်ဖြိုး လှိုင်နဲ့ ရီရီပွင့်ဖြူတို့ ကတော့ ထိုင်းနိုင်ငံ နေရာ အနှံ့အပြား စုံလင်စွာ ဟန်းနီးမွန်း ခရီးထွက်ရင်း ထိုင်းလူမျိုးတွေရဲ့ သတိထားမိခြင်း ခံခဲ့ရကာ အခုလိုပဲ ယူကျူ့ချန်နယ်မှာ အကျယ်တဝင့် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်နော်။

crd