တပတ်တည်း နဲ့ တပ်ဆင်ပြီး အိမ်ခြေ (၆၀) ကို ၂၄ နာရီ မီးပေးနိုင် တဲ့ ၀ဲကတော့ တာဘိုင် နည်း ပညာ ( ရုပ် / သံ )






crd : shwewiki

unicode

Vedio အောက်ဆုံးတွင် ပါဝင်သည်

ဒီ တာဘိုင် တစ်ခုဟာ အိမ်ခြေပေါင်း ဒါဇင်များစွာကို ၂၄ နာရီ မီးပေးနိုင်ပါတယ်။မြစ်ချောင်းတွေ နဲ့ တူးမြောင်းတွေ မှာ တည်ဆောက် ထားနိုင်တာ ဖြစ်ပါတယ်။

ဒီနည်းပညာနဲ့ လျှပ်စစ်ဓာတ် အားပေးစက်ဟာ ကမ္ဘာအနှံ့က ကျေးလက်ဒေသတွေ ကို အဖိုးနှုန်း ချိုသာတဲ့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ဝဲကတော့ တာဘိုင်ဟာ အိမ်ခြေထောင်ပေါင်းများစွာအတွက် တစ်ရက်ကို ၂၄ နာရီ မပြတ် မီးပေးနိုင် တာပါ။

Belgian ကုမ္ပဏီက တီထွင် တဲ့ Turbulent တာဘိုင်တွေဟာ ကျေးလက်ဒေသတွေ အတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဖြေရှင်းချက် ဖြစ်ပေမယ့် မြစ်နားချောင်းနားက အိမ်ခြေတွေအတွက်ပဲ ပေးနိုင်မှာတော့ ဖြစ်ပါတယ်။

မြစ်ချောင်းနဲ့ တူးမြောင်းတွေမှာ တာဘိုင်တွေကို တပ်ဆင်ပြီး ရေကို စီးဆင်းစေ လို့ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ အိမ်ခြေ ၆၀ လောက်ကို လုံလုံလောက်လောက် လျှပ်စစ်ပေးနိုင် တာပဲ ဖြစ်ပါတယ်။

crd : shwewiki