မွေးနေ့အလှူ အဖြစ် လူ(၂၀၀)စာအဟာရဒါနကုသိုလ်ပြု ကျွေးမွေး လှူဒါန်းခဲ့တဲ့ မင်းသမီးလေး “မိုးပြည့်ပြည့်မောင်”

ပရိသတ်ကြီးရေ မိုးပြည့်ပြည့်မောင်ကတော့ ချစ်စရာကောင်းလှတဲ့ ရုပ်ရည်နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ ဗီဒီယိုလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆)ရက်နေ့မှာတော့ မိုးပြည့်ပြည့်မောင်က သူ့ရဲ့မွေးနေ့အလှူလေးအဖြစ် မွန်မြတ်လှတဲ့ ကောင်းမှုအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ဘဲဥပဲကုလားဟင်းနဲ့ ငါးခြောက် စပ်ကြော်တို့နဲ့ ထမင်း လူ(၂၀၀)စာအဟာရဒါနအလှူလေးကို သရုပ်ဆောင် အေးသီတာကနေ တဆင့် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်အေးသီတာကတော့ မိုးပြည့်ရဲ့ အလှူလေးကို ဒဂုံဆိပ်ကမ်းက နွမ်းပါးပြည်သူတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိုးပြည့်ရဲ့ မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

crd

zawgyi

ပရိသတ္ႀကီးေရ မိုးျပည့္ျပည့္ေမာင္ကေတာ့ ခ်စ္စရာေကာင္းလွတဲ့ ႐ုပ္ရည္နဲ႔ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။ တစ္ေခတ္တစ္ခါက ႐ုပ္ရွင္နဲ႔ ဗီဒီယိုေလာကရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ (၂၆)ရက္ေန႔မွာေတာ့ မိုးျပည့္ျပည့္ေမာင္က သူ႔ရဲ႕ေမြးေန႔အလႉေလးအျဖစ္ မြန္ျမတ္လွတဲ့ ေကာင္းမႈအလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ အလႉေလးကေတာ့ ဘဲဥပဲကုလားဟင္းနဲ႔ ငါးေျခာက္ စပ္ေၾကာ္တို႔နဲ႔ ထမင္း လူ(၂၀၀)စာအဟာရဒါနအလႉေလးကို သ႐ုပ္ေဆာင္ ေအးသီတာကေန တဆင့္ လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေအးသီတာကေတာ့ မိုးျပည့္ရဲ႕ အလႉေလးကို ဒဂုံဆိပ္ကမ္းက ႏြမ္းပါးျပည္သူေတြအတြက္ သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္။ ပရိသတ္ႀကီးေရ မိုးျပည့္ရဲ႕ ေမြးေန႔အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

crd