အကယ္ဒမီ မင္းသားႀကီး သီဟတင္စိုး ေငြေၾကး လိမ္လည္မႈ နဲ႔ က်ိဳက္လတ္မွာ အမႈဖြင့္ခံရ

အကယ္ဒမီ မင္းသားႀကီး သီဟတင္စိုး ေငြေၾကး လိမ္လည္မႈ နဲ႔ က်ိဳက္လတ္မွာ အမႈဖြင့္ခံရ

“အျပင္ကေန ေခ်းေပးတဲ့ ပိုက္ဆံလည္းပါတယ္ခင္ဗ်ာ၊ အဲ့ပိုက္ဆံေတြကို ကြၽန္ေတာ္ ကို ယုံလို႔ေပးတာဆိုေတာ့ ကြၽန္ေတာ္ကျပန္ၿပီး လယ္ေပါင္ၿပီးေတာ့ေတာင္ ဆပ္ထားရပါတယ္” ကိုေနလင္းႏိုင္(က်ိဳက္လတ္ေဒသခံတစ္ ဦး)

႐ုပ္ရွင္ႏွင့္ ဗီဒီယိုသ႐ုပ္ေဆာင္ အကယ္ဒမီ ဆုရွင္ သီဟတင္စိုးသည္ ေငြေၾကးအရႈပ္ေတာ္ပုံေၾကာင့္ ဧရာဝတီတိုင္း ေဒသႀကီး၊ က်ိဳက္လတ္ၿမိဳ႕၌ အမႈဖြင့္ခံထားရပါတယ္။

သီဟတင္စိုးသည္ က်ိဳက္လတ္ၿမိဳ႕ ၌ “ေ႐ႊစင္မင္း”အမည္ျဖင့္ ဆိုင္း တည္ေထာင္၍ နယ္လွည့္ေဖ်ာ္ေျဖခဲ့ပါတယ္။ ထိုေနာက္ သီဟတင္စိုးသည္ ၿမိဳ႕ခံထံမွ ေငြေၾကးမ်ား ေခ်းဌားၿပီး ျပန္ဆပ္ျခင္းမရွိေသာေၾကာင့္ ေငြေၾကးေခ်းဌား သူမ်ားက မတ္လ(၁၈)ရက္၌ က်ိဳက္လတ္ၿမိဳ႕ ရဲစခန္း၌ အမႈဖြင့္ခဲ့ တာလည္း ျဖစ္ ပါတယ္။ အဆိုပါျဖစ္စဥ္ အေပၚ People Media မွ သီဟတင္စိုးကို အမႈဖြင့္ခဲ့သူမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံေမးျမန္း ခဲ့သည္။

crd : panpyoelat

unicode

အကယ်ဒမီ မင်းသားကြီး သီဟတင်စိုး ငွေကြေး လိမ်လည်မှု နဲ့ ကျိုက်လတ်မှာ အမှုဖွင့်ခံရ

“အပြင်ကနေ ချေးပေးတဲ့ ပိုက်ဆံလည်းပါတယ်ခင်ဗျာ၊ အဲ့ပိုက်ဆံတွေကို ကျွန်တော် ကို ယုံလို့ပေးတာဆိုတော့ ကျွန်တော်ကပြန်ပြီး လယ်ပေါင်ပြီးတော့တောင် ဆပ်ထားရပါတယ်” ကိုနေလင်းနိုင်(ကျိုက်လတ်ဒေသခံတစ် ဦး)

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဆုရှင် သီဟတင်စိုးသည် ငွေကြေးအရှုပ်တော်ပုံကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့၌ အမှုဖွင့်ခံထားရပါတယ်။

သီဟတင်စိုးသည် ကျိုက်လတ်မြို့ ၌ “ရွှေစင်မင်း”အမည်ဖြင့် ဆိုင်း တည်ထောင်၍ နယ်လှည့်ဖျော်ဖြေခဲ့ပါတယ်။ ထိုနောက် သီဟတင်စိုးသည် မြို့ခံထံမှ ငွေကြေးများ ချေးဌားပြီး ပြန်ဆပ်ခြင်းမရှိသောကြောင့် ငွေကြေးချေးဌား သူများက မတ်လ(၁၈)ရက်၌ ကျိုက်လတ်မြို့ ရဲစခန်း၌ အမှုဖွင့်ခဲ့ တာလည်း ဖြစ် ပါတယ်။ အဆိုပါဖြစ်စဉ် အပေါ် People Media မှ သီဟတင်စိုးကို အမှုဖွင့်ခဲ့သူများနှင့် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့သည်။

crd : panpyoelat