




crd : panpyoelat

unicode

ဘဝရဲ့ အစိတ်အပိုင်းတော်တော် များများက ချစ်သူနဲ့ မှ အဓိပ္ပာယ် ရှိလာတာပါလို့ ဝန်ခံ လိုက်တဲ့ နက္ခတ်

ဇာတ်လမ်းတွဲမင်းသားတွေ ထဲကမှ အကျော်အမော် တစ်ယောက်ဖြစ်တဲ့ နက္ခတ်က “အရိပ်”၊ “ကျွန်တော် အမုန်းဆုံးကျွန်တော်” စတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ပေမယ့် အပြင် မှာတော့ အနေအထိုင်တည်ငြိမ်လွန်း တဲ့ နက္ခတ်ဟာ သူ့ရဲ့ဖြစ်တည်မှု နဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့် လင်းလင်းသာ ချပြထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အချစ်ရေးကိစ္စ နဲ့ ပက်သတ်ပြီးလည်း ပရိသတ်ကို အသိပေးထားပြီးသားဖြစ်တဲ့ နက္ခတ်က ဒီနေ့ မှာလည်း “ကိုယ့်ဘဝ ရဲ့ အစိတ်အပိုင်းတော်တော် များများက ကိုယ့်ချစ်သူလေးနဲ့ တွေ့ပြီးမှ ပိုပြီးအဓိပ္ပာယ် ရှိလာခဲ့တာပါ။” ဆိုပြီး ရိုးသားစွာနဲ့ ဝန်ခံလိုက်တာကို တွေ့ရပြန် ပါတယ်။

နက္ခတ်ကတော့ သူ့ရဲ့ အနုပညာ လုပ်ငန်းတွေ နဲ့ ပက်သတ်ပြီး နားလည်မှုအပြည့်ပေးနိုင်ပြီး နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ ချစ်သူကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ နက္ခတ်တို့ စုံတွဲလေးလည်း ပရိသတ်ဖြစ်စေချင်သလို အမြန်ဆုံး ရွှေလက်တွဲနိုင်ကြ ပါစေနော်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

thirteen + fifteen =