တက္ကသိုလ်ကျောင်းသူသေဆုံး မှုတစ်လပြည့်သည့် ယနေ့တွင် ဇွဲကပင်တောင်ပေါ်တွင် အစောင့်လုပ်သားနှစ်ဦးသေဆုံးမှု ဖြစ်ပြန်

ဇွဲကပင်တောင်ပေါ်က ကျောင်းဆောင် တစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက လင်မယားနှစ်ဦး သေဆုံးလျက် သားတွေ့ရပါတယ်။

အဲ့ဒီလင်မယားနှစ်ဦးဟာ ကေဘယ်လ် လုပ်ငန်းခွင်က အစောင့်လုပ်သား ဖြစ်တယ်လို့ ဇွဲကပင်တောင်ပေါ် က ဦးဇင်းတစ်ပါးက ပြောပြပါတယ်။ အဲ့ဒီလင်မယားနှစ်ဦးဟာ ကေဘယ်လ် လုပ်ငန်းခွင်က အစောင့်လုပ်သားတွေဖြစ်ပြီး မိုးကြိုးပစ် ခံရတာလား ဓာတ်လိုက်ခံရပြီး သေဆုံးခဲ့ရတာလားဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ဒီနေ့ဟာ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဇွဲကပင်တောင်ပေါ်က ခုန်ချသေဆုံးခဲ့တဲ့ တစ်လပြည့်တဲ့နေ့ လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ ရက်ကလည်း တက္ကသိုလ် ကျောင်းသား တစ်ဦး ခုန်ချသေဆုံး ခဲ့ပါတယ်။

Credit 7Day TV

Add a Comment

Your email address will not be published. Required fields are marked *

7 − one =