ယုတ်မာ လိုက်ကြတာ ပုဇွန်တွေ ထဲမှာ အစားထိုး အသားတု တွေ ထည့်နေကြတာကို ဝင်ရောက် စစ်ဆေးရင်း တွေ့ရှိ အရေးယူ (ရုပ်သံ)

ပုဇွန်တွေ ထဲ မှာ အစားထိုး အသားတုတွေ ထည့်နေကြတာ ကို ဝင်ရောက် စစ်ဆေးရင်းတွေ့ရှိ အရေးယူ (ရုပ်သံ)

အစားအသောက် အဆိပ်သင့်နေကြပြီလား လူသားတွေ…. ကြက်သားရောင်းတဲ့ သူတွေဟာ ကြက်ကလေးတွေ အမြန်ကြီးထွားဖို့ ၃ ၄ လလောက်စောင့်မယ့် အစား အမြန်ကြီးထွားစေတဲ့ ဟော်မုန်းဆေးတွေ သုံးကြတယ် ၊အဲ့ကြက်သေကို တစ်ဆင့်ပြန်ရောင်းတဲ့ ကြက်သားသည်က ဓာတုဆေး တစ်မျိုးထိုး လိုက်တော့ ကြက်သေကြီးက ဖောင်းကားလာတယ် ဖောင်းလာတဲ့ ကြက်သေကို ရေထိုးလိုက်တော့မှ

အလေးချိန် တိုးပြီး ရေက အပြင်မထွက်တော့ဘူးလေ…ငါးမွေးမြူရေးခြံတွေ သွားကြည့်ပါ အများဆုံးကတော့ ကြက်ခြံ ဝက်ခြံတွေရဲ့အောက်မှာမွေးမြူထားကြတယ် ငါးစာခို တွက်ခြေကိုက်ဖို့ပေါ့ ကြက်တွေ ဝက်တွေက ဓာတုဆေးစားထားတဲ့ ချီးကို စားတဲ့ငါးတွေဆိုတော့ စဉ်းစားကြည့်ကြပေါ့ ပုဇွန်ဆိုရင်လဲ ဈေးကောင်းတော့ အလေးချိန်စီးအောင် ခေါင်းမှာ ခဲထိုးထည့်ကြတယ် ခု Vedio ဖိုင်ကတော့ ပုဇွန်တွေထဲမှာ အသားအစားထိုးထည့်နေတာကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးရင်း အရေးယူထားတဲ့ အဆင့်ထိ ရိုက်ကူးပြထားတာပါ…ကျတော့်တို့မြန်မာနိုင်ငံမှာလဲ ဒီလို စစ်ဆေး အရေးယူမှု့တွေ ပြုလုပ်ပေးကြပါ…

ကျတော်ကြုံဖူးတာကတော့ ၂၀၁၄ လောက်ကပါ မြန်မာနိုင်ငံမှာ စားသောက်ကုန် လိုင်စင်လုပ်ရတာ အရမ်းလွယ်ကူပါတယ် ပြည်သူ့အစိုးရလက်ထက်မှာ ဒါမျိုးတွေ ပပျောက်စေချင်ပါတယ် စစ်ဆေးမှု့တွေ မကြာခဏ ပြုလုပ်နေမှ တော်ရာကျပါတယ် စက်ရုံအလုပ်ရုံတွေဆိုတာ အကျိုးအမြတ်ထုတ်လူတန်းစားတွေပါ.. တရုတ်ကလာ တဲ့ အချိုမှုန့်ကို အာဂျီနိုမိုတို အိတ်အလှလေးတွေနဲ့ထည့်ရောင်းတာကို ဟင်းထဲထည့်စားနေရတဲ့ လူတွေရဲ့ကျန်းမာရေးက သက်တမ်းကို ဆွဲဆန့်လို့မရလောက်အောင်ပါ… ကျတော်တို့ လူမျိုးတွေ ရဲ့ကျန်းမာရေးကို အဖက်ဖက် ကနေ အနုနည်းနဲ့ သေမင်းဆီ မသိမသာပို့နေတဲ့ ဝင်ပေါက်တွေကို မသိရင်သိအောင်လုပ်ပေးပါ အရေးယူပေးပါ…

ကျတော်တို့ စားသုံးသူတွေအများစုကတော့ အသား ငါး ဆိုရင် လတ်ဆတ်မှု့ကိုဦးစားပေးကြတာမို့ အရသာ နဲ့ အဟာရကို ခွဲခြားသိမြင်စွာ ကျန်းမာရေးအတွက် ချင့်ချိန်စားသုံးကြပါလို့ ကျတော့် ကိုယ်တွေ့ကြုံခဲ့ဖူးတာလေးတွေ ဝေမျှရင်း စေတနာနဲ့ ဆန္ဒပြုလိုက်ပါတယ်…

#လူတင်

Add a Comment

Your email address will not be published. Required fields are marked *

20 + 17 =