လှလွန်းလို့ နာမည်အရမ်းကြီး နေတဲ့ ဆေးကျောင်းသူလေး Hillary Soe (ဟေလရီစိုး)
|ဗီဒီယိုဖိုင်အောင်ဆုံးတွင်ပါသည်
ပရိတ်သတ်ကြီးရေ အခုတစ်ခါ ချစ်စရာအရမ်းကောင်းတဲ့ ပုံရိပ်လေးတွေ ကြောင့် ပရိသတ်တွေကြားမှာ နာမည် အရမ်းကြီးနေတဲ့ ဆေးကျောင်းသူ Photo Modelလေး Hillary Soe(ဟေလရီစိုး)နဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးလေးတစ်ယောက်လို ချစ်စရာအပြုံး၊ ဖြူဝင်းနုဖတ်တဲ့အသားအရေနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကတော့ ရခိုင်တိုင်းရင်းသူလေး ဟေလရီစိုး(မေသဒ္ဓါ) ဘဲဖြစ်ပါတယ်။
စကားသံဝဲဝဲလေးနဲ့သူမကတော့ ၂၀၁၈ ကနေစပီး သူမရဲ့အလှပုံလေးတွေကို ဆိုရှယ်မီဒီယာကနေ ပရိတ်သတ်ကိုချပြလေ့ရှိပါတယ်။ ချစ်စရာကောင်းလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့် ယောင်္ကျားလေး မိန်းကလေးပရိတ်သတ်တွေကြား လူကြိုက်များလှပါတယ်။ အနုပညာအနေနဲ့တော့ သရုပ်ဆောင်ပိုင်းကိုပိုမိုနှစ်သက်ပြီး တစ်ဖြည်းဖြည်းချင်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်တဲ့။
သူမက ရုပ်ရည်လေးလဲလှသလို ပညာအရည် အချင်းကလည်း ဆေးတက္ကသိုလ်(၂)မှာ ဒုတိယနှစ်တက်နေတဲ့ ဆရာဝန်လောင်း ကျောင်းသူလေးဘဲဖြစ်ပါတယ်။ အမေကနှလုံးမကောင်းတော့ နှလုံးအထူးကုဖြစ်အောင်လုပ်မယ်ဆိုပီးလည်း ရည်မှန်းထားတဲ့ စိတ်ထားလည်းလှတဲ့ ဆရာဝန်မလေး တစ်ယောက်လည်းဖြစ်ပါတယ်။
သူမကို ချစ်တဲ့ We LoveံHillary Soe Group လည်းရှိပြီး အဆိုပါဂရုထဲမှာ အခုလို အရွှန်းဖောက်ရင်း သူမအကြောင်းကိုတင်ထားပါသေးတယ်။
နာမည်အရင်း = မေသဒ္ဓါ၊ Eng name = Hillary Soe ( ဟေလရီစိုး )၊ Birthday = 17/11/2000 Friday၊ Age = 20yrs၊ အရပ်အမြင့် = 5’5”၊ ပေါင်ချိန် = 115 lb၊ Relationship = Single၊ Uni = ဆေးတက္ကသိုလ် 2၊ အကြိုက်ဆုံးအရောင် = baby pink, purple၊ Lucky color = purple
အကြိုက်ဆုံးအစားအစာ = အကုန်လုံးနီးပါးပဲအစပ်မပါရင်စားတတ်ဖူး၊ ဝါသနာ = သီချင်းအော်ဆိုတာ၊ အိပ်ပုတ်တယ် အစားပုတ်တယ် အကျင့်တော့မပုတ်ဖူး၊ ရည်မှန်းချက် = ဆရာဝန် ရယ် အောင်မြင်တဲ့အနုပညာရှင်ရယ်၊ Boyfriend type = ဂရုစိုက်အလိုလိုက် တည်ကြည် ခန့်ညား အရစ်ခံနိုင် ( manly type) ဆိုပြီးဘဲဖြစ်ပါတယ်။
အကယ်၍ ဟေလရီစိုးသာ နှလုံး အထူးကုဆရာဝန်ကြီးဖြစ်ခဲ့ရင် နှလုံးရောဂါ နဲ့ ဆေးခန်းပြချင်တဲ့ ပုရိသတွေ သောက်သောက်လဲများပြားနေမယ်ဆိုတာမြင်ယောင်ရင်း…သူမရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ထန်းညက်ခဲ(ပဲခူးဆား)
photos and videos from Hillary Soe fb