ယနေ့ တိုင် ခြောက် လှန့်နေတဲ့ ထိုင်းနိုင်ငံ မှ ကြောက်စရာ အကောင်း ဆုံး သရဲများ

အခု တစ်ခေါက်တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ ရိုးရာနတ်ကိုးကွယ်မှုတွေများပြားပြီး မြန်မာလူမျိုးတွေနဲ့လည်း ကိုးကွယ်ယုံကြည်မှု အယူအဆေတြ ဆင်တူတဲ့ ထိုင်းလူမျိုးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒါကေတာ့ အပြင်မှာတကယ် ကြမ်းကြမ်းတမ်းတမ်း ခြောက်လှန့်တက်တယ်ဆိုတဲ့ ထိုင်းနိုင်ငံက သရဲတစ်ဆေတွေအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် . ။

၁။ Krasue

Krasue ဆိုတာ ကေတာ့ မီးလောင်တိုက် သွင်းခံရပြီး သေဆုံးခဲ့တဲ့ မိန်းမချောတစ်ဦးဖြစ်ပါတယ်။ သူမဟာ အမြဲတမ်းဆာလောင်မွတ်သိပ်နေပြီး စားသောက်ဖို့ အသွေးအသာတွေကို ညအခါမှာရှာဖွေဖို့ ထွက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ပုံသဏ်ဏ္ဍာန်ကို အမျိုးမျိုးဖော်ပြကြပေမယ့် အများစုမှာတော့ ဦးခေါင်းချည်းသက်သက်လေထဲလွင့်မျောနေပြီး ကိုယ်တွင်းကလီဇာတွေ တွဲလောင်းဖြစ်နေတဲ့ နာနာဘာဝအဖြစ် ဖော်ပြလေ့ရှိပါတယ်။ ထိုင်းလူမျိုးတွေအတွက် အကြောက်ဆုံးနဲ့ အပြောအများဆုံးသရဲက Krasue ပဲဖြစ်ပါတယ်။

၂။ Mae Nak

မယ့်နာ့ခ် သရဲမ ကိုတော့အားလုံး သိပြီး သား ဖြစ်မှာပါ။ Pee Mak ရုပ်ရှင်ကားထဲမှာတော့ ရုပ်ရှင်မို့လို့ ဟာသအနေနဲ့ ရယ်စရာဖြစ်အောင်ဖန်တီးထားပေမယ့် တကယ့်အပြင်မှာတော့ သူ့ရဲ့ခြောက်လှန့်မှုတွေက အတော်လေးကြမ်းတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဒီစာရင်းမှာ အဆင့် (၂) ချိတ်တာ ဖြစ်ပါတယ်။ မယ့်နာ့ခ်ရဲ့ သမိုင်းကြောင်းကတော့ အားလုံးသိပြီးဖြစ်လို့ သိပ်အကျယ်တဝင့် မဖော်ပြပေးတော့ပါဘူး။

၃။ Pret

လွယ်လွယ်နဲ့ မြင်သာအောင် ပြောရရင် Pret ဆိုတာက ပြိတ္တာတွေလို့ မှတ်ယူလို့ရပါတယ်။ ထန်းပင်လောက်မြင့်မားတဲ့ အရပ်ကြီးနဲ့ အရွယ်အစားကြီးမားတဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပေမယ့် တစ်ခုခုစားမယ်ကြံလိုက်တိုင်း သူတို့ ပါးစပ္က အပ်ပေါက်လေးလောက်သေးသွားတက် ပါသတဲ့။ တစ်ချို့အတော် ဆိုးဆိုး ပြိတ္တာတွေကိုတော့ တစ်ခါတစ်ရံ အိမ်သာထဲမွာ မစင်တွေလာလာစားနေတာ တွေ့ရတက်တယ်လို့လည်း ပြောစမှတ်ရှိပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့ နှစ်စဉ်သူတို့အတွက်ပွဲတော်ကျင်းပတဲ့ ဓလေ့လဲ ရှိတယ်လို့သိရပါတယ်။

၎။ Krahang

ဒီသရဲ ရဲ့ ပုံစံက အတော်လေးကိုထူးခြားပြီး ရယ်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် သာ့ကြောင့် လိပ်ပြာလွင့်ခဲ့ရသူတွေရှိတယ်ဆိုတဲ့ ဖြစ်ရပ်မှန်နောက်ကြောင်းရာဇဝင်တွေရှိလို့ သွားပြောင်လို့တော့မရပါဘူးနော်။ သူ့က ဇကောလိုအရာနှစ်ခုကို လက်မှာတပ်ထားပြီး လေပေါ်ပျံနေတဲ့ အသွင်ရှိပါတယ်။ သူ့ကိုမြင်တွေ့ရတဲ့သူအများစုကတော့ ညဘက်တစ်ယောက်တည်း လမ်းလျောက်နေတဲ့သူတွေဖြစ်ပါတယ်။ ထူးခြားတာက အဲ့လိုလမ်းလျှောက်နေတဲ့သူတွေထဲကမှ မကောင်းတဲ့ အတွေး တွေ ကို တွေးတဲ့သူတွေကိုသာခြောက်လှန့်တယ်ဆိုတာပါပဲ။

၅။ Phi Pop

ထိုင်းနိုင်ငံ အီဆန် ဒေသရဲ့ အရှေ့ မြောက်ဘက်မှာ ကျင်လည် ကျက်စားတဲ့ သရဲဖြစ်ပါတယ်။ Phi Pop ကေတာ့ အတော်လေးကြောက်ဖို့ကောင်းပြီး အတော်လေးကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သရဲလို့ဆိုရပါမယ်။ ဘာလို့လဲဆိုတော့ သူက အသားစိမ်းငါးစိမ်းတွေ နဲ့ အလောင်းကောင်တွေ တိရိစ်ဆာန် အသေကောင်တွေရဲ့ ကိုယ်တွင်းက ကလီဇာတွေကို လိုက်လံရှာဖွေစားသောက်လေ့ရှိလို့ပဲဖြစ်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ သူနဲ့ပတ်သက်တဲ့ သွားလာလှုပ်ရှားမှုနဲ့ ကိစ္စအဝဝကို သူတို့နိုင်ငံမှာရှိတဲ့ ပန်းတစ်ပွင့်က ထိန်းချုပ်ထားတယ်လို့ ရှေးရိုးစွဲတွေက ယုံကြည်ကြပါသတဲ့။

၆။ Nang Tani

အစိမ်းရောင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားပြီး အနီရင့်ရင့် နှုတ်ခမ်းနီ ဆိုး ထားလေ့ရှိတဲ့ Nang Tani ကိုတော့ အမ်ားစုက ငှက်ပျောပင်သရဲ လို့ခေါ်ကြပါတယ်။ လပြည့်ညတွေမှာ သူမက ကာလသားတွေကို လိင်ဆက်ဆံဖို့ ငှက်ပျောပင်တွေဆီကို လာအောင် ဆွဲဆောင်တက်တယ်လို့ အဆိုရှိပါတယ်။ ဒီလို လိင်ဆက်ဆံ ဖူးတဲ့ သူတွေအနေနဲ့ သူမကို သစ္စာဖောက်ခဲ့ရင် အချိန်မတန်ဘဲ သေဘေးနဲ့ကြုံရတက်တယ်လို့လည်း သိရပါတယ်။ တစ်ချို့တွေက Nang Tani ဟာ ဆံပင်အရှည်ကြီးအမြဲ ဖားလျားချထားတက်ပြီး ခြေထောက်တွေက မြေကြီးနဲ့ မထိဘူးလို့ဆိုကြသိလို တစ်ချို့တွေကလည်း အောက်ပိုင်းကငှက်ပျောပင်ကြီးသာဖြစ်ပြီး အပေါ်ပိုင်းကသာ လူခန္ဓာကိုယ်ရှိတယ်လို့ ဆိုကြပါတယ်။

၇။ Phi Am

Phi Am ဆိုတာ ကေတာ့ အရှေ့တောင် အာရှနိုင်ငံ တော်တော် များများမှာ သူ့အယူနဲ့သူ သူ့နာမည်နဲ့သူ ရှိတက်တဲ့ သူရဲတစ်ဆေဖြစ်ပါတယ်။ မြန်မာအယူနဲ့ လွယ်လွယ်ပြောရရင်တော့ အိပ်နေရင်း ဘီလူးစီးသလို ခံစားမှုမျိုးဖြစ်အောင် လုပ်တက်တဲ့ သရဲဖြစ်ပါတယ်။

credit – Shwe Khit Online TV

Add a Comment

Your email address will not be published. Required fields are marked *

twenty − twelve =