အိမ်ဖော်မလေး ကို လောဘတွေ ကြား မှာ မနစ်မွန်းပါစေ နဲ့ လို့ ဆုံးမ လိုက်တဲ့ မင်းရာဇာ

အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက် သည်ဟု ဆိုကာ တရားစွဲဆိုခံထားရသည့် စွဲဆိုထား သ ည့် သရုပ်ဆောင်မင်းရာဇာ နှင့် ဇနီးအမှုတွင် ယနေ့ (ဇူလိုင် ၂၂ ရက်) ရှစ်ကြိမ်မြောက်ရုံးချိန်း အ ထိ တရားလိုဘက်မှ လာရောက်ခြင်း မရှိ၍ အမှုစစ်ဆေး နိုင်ခြင်း မရှိကြောင်း သိရသည်။ အဆိုပါအ မှုတွင် သရုပ်ဆောင်မင်းရာဇာ၊ ၎င်း၏ ဇနီး မဖူးငုံပွင့်နှင့် ယာဉ်မောင်းဖြစ်သူ အောင်လွင်စိုး တို့အား ပုဒ်မ-၃၂၆/၃၄ (‌ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု၊ အကြံတူတစ် ခုကို အထမြောက်အောင် ပြုခြင်း) ဖြင့် မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်ြး ဖ စ်သည်။

ယနေ့ရုံးချိန်းအပြီးတွင် သရုပ်ဆောင်မင်းရာဇာက ”ကျွန်တော့်ကြောင့် ကျွန်တော်တို့မိသားစု ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး။ ကလေးမလေးကိုလည်း လောဘနောက်လိုက်ေ နတဲ့သူေ တွကြားထဲမှာ မနစ်မွန်းပါစေနဲ့” ဟု မီဒီယာများ ကို ပြောကြားခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ပင် မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကိုလည်း ပုဒ်မ-၃၂၅ (မိမိ အလိုအလျောက်နာ ကျင်စေမှု)ဖြင့် တရားစွဲဆိုထားသည်။ မင်းရာဇာ၏ ယာဉ်မောင်း အောင်လွင်စိုးကလည်း “အမှုက မကြာခင် အြေ ဖ မှန်ပေါ်တော့မှာပါ” ဟု ရုံးချိန်းအပြီးတွင် ပြောဆိုခဲ့သည်။

သရုပ်ဆောင်မင်းရာဇာတစ်ဦး တ ည်းအား ပုဒ်မ-၃၇၆ ဖြင့် စွဲဆိုထားသော အမှုမှာမူ ပြီးခဲ့သည့် ဇွန်၂၆ ရက်မှစ၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တ ရားရုံး၌ စစ်ဆေးနေပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင်တရားလိုဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မ မြို့နယ်နေ ဒေါ်- (၃၅)နှစ်၏သမီးဖြစ်သူ မ – (၁၅) နှစ်သည် လွန်ခဲ့သော ၅ နှစ်ခန့်မှစ၍ တာမွေ မြို့နယ်၊ ကျောက်မြောင်း၊ ဇောတိကလမ်း၊ အမှတ်(၄၇)ရှိ သရုပ်ဆောင် မင်းရာဇာ၏နေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ခဲ့ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်၌ မင်းရာဇာ၏ လူမှုရေးပြသနာအား ဇနီးဖြ စ်သူ မဖူးငုံပွင့်(ခ) ဇူးဇူးမှ အသံဖိုင်ဖြင့် တင်ထားခဲ့သည်ကို ကြားသိရသဖြင့် သမီးဖြစ်သူကို စိုးရိမ်သောကြောင့် ရန်ကုန်သို့ လိုက်လာခဲ့ကြောင်း၊ ထိုသို့လိုက်လာစဉ် တာမွေမြို့နယ်ရှိ မင်းရာဇာ၏ နေအိမ်၌ သမီးဖြစ်သူကို မတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆက်လက်၍ မင်းရာဇာ၏ ဇနီး မဖူးငုံပွင့်(ခ)ဇူးဇူး၏ မိဘများနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်သို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူကိုတွေ့ရှိရပြီး လမ်းလျှောက်ပုံမမှန်၍ မေးမြန်းခဲ့ရာ မင်းရာဇာမှ သမီးဖြစ်သူ၏ ခန္ဓာကိုယ်အောက်ပိုင်းအား ထည့်ထားသော စပရေးဘူးဖြင့် ပက်ခဲ့သောကြောင့် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ အလားတူပင်ဧပြီလ ၅ ရက် ညနေပိုင်းတွင်လည်း မင်းရာဇာ၏ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေး မှ တရားလို၏သမီးဖြစ်သူအား ခေါင်းကို တူဖြင့် နှစ်ချက် ထုခဲ့ရာ နောက်စေ့ဖူးရောင် ဒဏ်ရာ နှစ်ချက် ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။

ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *

10 − two =