အိန္ဒိယ နိုင်ငံတွင် စူပါအင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် (AMPHAN) ၀င်ရောက်ဖြတ်ကျော်နေ ပါပြီ… ( တိုက်ရိုက် ရုပ်သံပါ )

အိန္ဒိယ နိုင်ငံတွင် စူပါအင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် (AMPHAN) ၀င်ရောက်ဖြတ်ကျော်နေ ပါပြီ… ( တိုက်ရိုက် ရုပ်သံပါ )

ဘင်္ဂ လား ပင် လယ် အော် အနောက် မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော အလွန့် အလွန် အားကော င်းသော ဆိုင်ကလုန်းမုန်တိုင်း ( Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက် ဘက် သို့ ရွေ့လျားခဲ့ပြီး ၊ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဒီဂါမြို့( Digha )နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ ဟတီရာကျွန်းစု( Hatiya Islands ) တို့ကြား မှ စတင်ဖြတ် ကျော်လျက် ရှိ ပါ သည် ။

အ င် အားကြီး ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် နဲ့ ပတ်သက်ပြီး ပြောလာ တဲ့ ရခိုင်နှင့် ချင်းတိုင်း ရင်းသားများ…

စူပါ ဆိုင်က လုန်း မုန်တိုင်း အမ်ဖန်

ဘင်္ဂ လား ပင်လယ်အော် မှာ အလွန့် အလွန် အားကောင်း တဲ့ အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေပေမယ့် ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် မှာ မိုးရွာတာကလွဲ လို့ စိုးရိမ် စရာမရှိဘူး လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ကိုထွန်းကြည်က “မိုးရွာနေတယ်။ မနက်က ပဲ ရွာတာ။ ခုတော့ ပိုပြင်းလာတယ်။ လေနည်းနည်းပဲ တိုက်နေ တယ် ။ အပျက်အစီး ရှိလောက်တဲ့ အနေအထားတော့ မဟုတ်ဘူး ။ လှိုင်းတော့ မကြီးပါဘူး။ မုန်တိုင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တစုံတရာသတိပေးကြေညာ တာတော့ မကြားမိဘူး ” လို့ ပြော ပါ တယ် ။

စူပါဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် မာန်အောင်မြို့ပေါ် ရပ်ကွက်တွေမှာတော့ မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး မာန်အောင်မြို့နယ်မီးသတ် ဖွဲ့ဝင်တွေ လှည့် လည် သတိပေးနှိုးဆော်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်တွေဒေသခံတယောက်ဖြစ်သူ ဦးထွန်းရှိန်ကတော့ ဒီမနက်ပိုင်းကစလို့ မိုးသည်းသည်းရွာနေ တယ် လို့ ပြောကြားသလို့ သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက် မှာတော့ ပုံမှန်ထက် လှိုင်းတော်တော်ကြီးနေပြီး မိုးလည်းရွာတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

မုန်တိုင်းအမ်ဖန်ရဲ့ အဝန်း အဝိုင်း ဟာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း နဲ့ နီးကပ်နေသလို မုန်တိုင်းကမ်းကို ဝင်ရောက်ပြီးရင် မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့အပေါ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒေသခံ ဦးထွန်းကြည်ကတော့ “လေကတော့ မတိုက်ဘူး။ မိုးကတော့ နည်းနည်းပဲ၊ စဲလိုက်ရွာလိုက်နဲ့ တနေကုန်ရွာနေတာ။ မိုးရွာတော့ လည်း တော်သေးတာပေါ့ ။ အပူသက်သာ သွားတယ် ။ ဒီမုန် တိုင်းကြောင့်တော့ ဘာမှ ဆိုးဆိုး ရွားရွား မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။