ဝူဟန်တွင် လူနာ အသစ် (၆) ယောက် ထပ်တွေ့၊ အုပ်ချုပ်မှု အရာရှိကို တရုတ်အစိုးရက ရာထူးချ






Richard Myo Thant

unicode

တရုတ်ပြည် ဝူဟန် မှာ လူနာ အသစ် ၆ ယောက်တွေ့ရှိခဲ့ပါတယ်။

“မိန်းမတွေကိုဘယ်တော့မှ အသက်မမေးလေနှင့် ယောက်ျားတွေကို ဘယ်တော့မှ လခဘယ်လောက်ရလဲမမေးလေနှင့်” လို့ဆိုကြပါတယ်။ “တရုတ်ပြည်ကို Covid-19 လူနာအရေအတွက် ဘယ်တော့မှ မမေးပါနှင့်” လို့အခု ထည့်ပြောရတော့မလို ဖြစ်နေပါတယ်။

တကယ်တော့တရုတ်ပြည် ဝူဟန် မှာက asymptomatic ရောဂါလက္ခဏာမပြတဲ့သူ ရာနဲ့ချီပြီးရှိနေတာဖြစ်ပါတယ်တဲ့။

အခု positive ၆ ယောက်ပြန်တွေ့တဲ့ အတွက်ကြောင့် ဝူဟန့်မှာတကျော့ပြန်ပြန်ဖြစ်မှာကို စိုးရိမ်နေကြ ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် Covid တကယ်အကင်းသေပျောက်ကင်းပြီး လူနာတစ်ယောက်မှ ပြန်မပေါ်ဖို့ဆိုတာ ခက်ခဲနေသေးပါတယ်။

အခုလို ၆ ယောက်ပြန်တွေ့တဲ့အတွက် ဝူဟန့် ရဲ့ အုပ်ချုပ်သူအရာရှိတစ်ယောက်ကို စီမံဆောင်ရွက်မှု ညံ့ဖျင်းတယ် ဆိုပြီး ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

fifteen − thirteen =