ဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ် သက်တော်စောင့် ဦးစိုးဝင်း (နှလုံးလှ လူမိုက်ကြီး ) အကြောင်း
|ဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ် သက်တော်စောင့် ဦးစိုးဝင်း သည် ယမန်နေ့ ( ဇူလိုင် ၂၅ ) မွန်းလွဲပိုင်းက ဦးနှောက် သွေးကြောပြတ်ကာ ကွယ်လွန်သွားကြောင်း သိရ ပါတယ်။ “ သူတို့ ဒီနေ့ နေပြည်တော် ကနေ တပ်ကုန်း ကို သွားကြတာ ။ အဲလိုသွားရင်း ကားပေါ် မှာ လည်း အဲကွန်းအေးတယ် ။ လမ်းမကလည်း ပူနေတော့ အဲဒီ မှာ ကားပေါ်က အဆင်း မိုက်ကနဲ ဖြစ်သွားတာ ။ ဘေးက ပါလာတဲ့သူတွေက ဦးစိုးဝင်း ခြေထောက်ခေါက်ပြီး လဲကျသွားတာ ထင်နေကြတာ” ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးနေကျော်က ပြောပါ တယ်။
ဦးစိုးဝင်းကို (မနက်ဖြန် )ဇူလိုင် ၂၆ရက်နေ့တွင် သဂြိုလ်မ ည်ဖြစ်ကြောင်းနှင့် လက်ရှိ အချိန်တွင် နေပြည်တော် ရှိ ကုတင် ( ၁၀၀၀ ) ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း စုံစမ်းသိရှိရပါတယ်။ လူထုခေါင်းဆောင် အတွက် အရိုးကြေကြေ အရေခန်းခန်း အသက်နဲ့လဲပြီး ကာကွယ် သွားမယ် ဆိုတဲ့ သာကေတက နှလုံးလှ လူမိုက်ကြီး ဦးစိုးဝင်း။ တက်သစ်စ အစိုးရလက်ထက်မှာ သက်တော်စောင့် ဖြစ်လာတဲ့ ပူပူနွေးနွေး သက်တော်စောင့်မလေး ချယ်ရီထက်ကို လူသိများပေမဲ့.. နှစ်ပေါင်းများစွာ လူထု ခေါင်းဆောင် ကို ထီးလိုမိုးအရိပ် သဖွယ် ကာကွယ်ပေး ခဲ့တဲ့ ဦးစိုးဝင်းအကြောင်းကတော့ လူသိ နည်းလှ ပါတယ် ။ သူလိုလူ ရဲ့ ရှားရှားပါးပါးစိတ်ဓာတ် ကို မှတ်တမ်းတင်လိုက်ပါတယ်။
ဦးစိုးဝင်း တာဝန်ကျေ လိုက်ပုံကတော့ တော်လှန်ရေးပြန် ဗိုလ်ချုပ်ကြီး သူရဦးတင် ဦးတောင် အံ့သြ ယူရတယ် အမေစု အပြင်ကပြန်လာပြီး ကိုစိုးဝင်းကျမ ၁၅မိနစ် အချိန်ရတယ်.. ခဏနားဦးမယ် ဆိုပြီး ခဏအနားယူနေချိန်မှာ အဘဦးတင်ဦး ရောက်လာပြီး ခဏလောက် တွေ့ချင်တာ ကိုအတွေ့မခံ။ အိမ်လှေကား ဝကနေ အတက် မခံ။ အမေစု အနားယူချိန် ၁၅ မိနစ်ပဲရှိလို့ နားပါစေတဲ့ အတွေ့မခံ လို့ ဦးတင်ဦး စိတ်ဆိုးပြန်သွားတယ် ။ ခဏကြာ အဘဦးတင်ဦး ကျနော် စိတ်လောသွား လို့ပါ ကိုစိုးဝင်းလို့ ပြောပြီး တောင်းပန်ယူ ရပါသတဲ့။
ဦးရွှေမန်းနဲ့တွေ့တော့လည်း ဦးရွှေမန်း pso ကသူ့ ကို အပြင်ထွက်ခိုင်း တော့ မင်းလည်း ဦးရွှေမန်း pso ငါလည်း အမေစု ကိုယ်ရံတော် ထွက်ခြင်းထွက် နှစ်ယောက်စလုံး အခန်း အပြင်ထွက်မှထွက်မယ် လို့ ခပ်တင်းတင်း ပြန်ပြောလို့ ဦးရွှေမန်းက ရီပြီး သူ့ pso ကိုနေပါစေ မထွက်ခိုင်းပါနဲ့တဲ့ အမေစု အတွက်ဆို အသက်ကိုပေးဆပ် ဖို့ ဝန်မလေးသူ.. သာကေတသား.. နှလုံးလှ လူမိုက်ကြီးဦးစိုးဝင်း အမတ်တနေရာ ရွေးခိုင်းတော့ လည်း မယူ..
မိသားစုပါနေဖို့နေပြည်တော်က အမေစု ရဲ့ အိမ်ဝင်းလုံခြုံရေး အတွက် သီးသန့် နေဖို့ အဆောက်အဦပေးတော့ လည်း လက်မခံ…ပါဘူးတဲ့ ။ နိင်ငံခြားသွားရင် ဝတ်ဖို့ဘောင်းဘီပေးတော့လည်း မဝတ် အဆောင်အယောင်ပေးခဲ့ ရင် သူ့ကို အမေစုက အနားမှာမနေစေချင် လို့ သူ့ကိုနှင်လိုက်တာ နဲ့ အတူတူပါပဲ ဆိုလို့ ဘာမှ မပေးရဲတဲ့ သာကေတသား…နှလုံးလှလူမိုက်ကြီး ဦးစိုးဝင်း။ တကဲ့ကို သူလိုလူပါပဲဗျာ…။
Nay Lin Nay Lin