မိုးႀကိဳးေ တြ ပစ္ေနတုန္း မွာ ေရခ်ိဳးျခင္း ၊ ပန္းကန္ေဆးျခင္း တို႔ျပဳလုပ္ရင္ အႏၲရာယ္ ရွိေၾကာင္း ပညာရွင္မ်ားေျပာ

မိုးႀကိဳးေ တြ ပစ္ေနတုန္း မွာ ေရခ်ိဳးျခင္း ၊ ပန္းကန္ေဆးျခင္း တို႔ျပဳလုပ္ရင္ အႏၲရာယ္ ရွိေၾကာင္း ပညာရွင္မ်ားေျပာ

လၽွပ္စီးေတြလက္ မိုးႀကိဳးေတြပစ္ေနခ်ိန္ မွာ ေရမခ်ိဳးရဘူး ဆိုတာကို သိေကာင္းသိေနနိုင္ေပမယ့္လည္း မိုးႀကိဳးပစ္မခံရေအာင္ တစ္နည္းအားျဖင့္ ဓာတ္လိုက္မခံရေအာင္ အိမ္ထဲမွာ မလုပ္သင့္တဲ့အရာက ဒီတစ္ခုတည္းေတာ့ မဟုတ္ပါဘူး။ အိမ္အျပင္ဘက္မွာ လၽွပ္စီးေတြလက္ မိုးႀကိဳးေတြထစ္ေနမယ္ ဆိုရင္ ညစ္ေပေန တဲ့ အိုးခြက္ပန္းကန္ေတြကို ေဆးေၾကာတာဟာလည္း အႏၲရာယ္ႀကီးမားပါတယ္လို႔ Reader’s Digest သတင္းစာ မွာ ေဖာ္ျပထားပါတယ္။

မိုးႀကိဳးေတြပစ္ေနခ်ိန္ ေရခ်ိဳးမိလို႔ လူေတြ ထိခိုက္ ဒဏ္ရာရၾကတဲ့ ဇာတ္လမ္းေတြဟာ ဒ႑ာရီဆန္ေပမယ့္လည္း အေျခအျမစ္မရွိတာေတာ့ မဟုတ္ပါဘူး။ လၽွပ္စီးက တိမ္တိုက္ကေန ထြက္လာတဲ့အခါမွာ ေျမျပင္ထဲကို အျမန္ဆုံးလမ္းေၾကာင္းကေန ဝင္ေရာက္သြားေလ့ရွိပါတယ္။ သံေဘာင္ေတ၊ သံပိုက္ လိုင္းေတြဟာ အေကာင္းဆုံး ဓာတ္ကူးပစၥည္းေတြျဖစ္လို႔ တခါတရံ သူ႔လမ္းေၾကာင္းက အေဆာက္အဦးတစ္ခုဆီ ဦးတည္သြားတတ္ပါတယ္။

ဒါေပမယ့္လည္း လၽွပ္စီးဟာ အတြင္းကလူကို မထိခိုက္ဘဲ အိမ္ တစ္လုံးကို ျဖတ္သြားနိုင္ေပမယ့္လည္း တခ်ိဳ႕ေသာအေျခအေနေတြမွာေတာ့ ျပင္းျပင္းထန္ထန္ ထိခိုက္သြားေစတတ္ပါတယ္။ အိမ္ရဲ့ ပိုက္လိုင္းစနစ္ထဲက ေရထဲမွာ လၽွပ္ကူးမႈအားေကာင္းတဲ့ သတၱဳအမႈန္အမႊားေတြ ပါေနတတ္ ပါတယ္။ တကယ္လို႔ သင္ ပန္းကန္ေတြေဆးေၾကာေန တုန္းမွာ သင့္အိမ္ကို မိုးႀကိဳးထိမွန္ၿပီဆိုပါေတာ့၊ လၽွပ္စစ္ဓာတ္က ပိုက္လိုင္းကိုအျဖတ္မွာ ေရထဲကို ေရာက္သြားၿပီး ေနာက္ဆုံး သင္နဲ႔ ထိေတြ႕ေနတဲ့ ပန္းကန္ေဆးဇလုံကို ေရာက္လာပါတယ္။

ေရခ်ိဳးေနရင္လည္း ေရပိုက္ေခါင္းက တစ္ဆင့္ အလားတူျဖစ္ရပ္မ်ိဳး ျဖစ္နိုင္ပါတယ္။ အိမ္ထဲမွာေနရင္ မိုးႀကိဳးအပစ္ခံရနိုင္ေျခက ၇၇၅၀၀၀ပုံတစ္ပုံပဲရွိလို႔ ျဖစ္နိုင္ေျခက အင္မတန္နည္းပါးပါတယ္။ ဒါေပမယ့္လည္း အဲဒါဟာ သင့္ရဲ့နယ္ေျမထဲမွာ မိုးႀကိဳးပစ္သံေတြၾကားရင္ မကာကြယ္ရဘူးလို႔ မဆိုလိုပါဘူး။ ပိုက္ေတြထဲ ေရေတြကို ပိတ္ထား တာအျပင္ လၽွပ္စစ္ႀကိဳးေတြ အသုံးျပဳမႈကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ အကင္စက္ေတြ၊ ေမႊစက္ေတြဆိုတာလည္း အလားအလာရွိတဲ့ ဓာတ္ကူးပစၥည္းေတြပဲ ျဖစ္ပါတယ္။

Crd:ေနဇင္ထြန္း ( XYZ News )
Source: Mental-Floss

unicode

မိုးကြိုးေ တွ ပစ်နေတုန်း မှာ ရေချိုးခြင်း ၊ ပန်းကန်ဆေးခြင်း တို့ပြုလုပ်ရင် အန္တရာယ် ရှိကြောင်း ပညာရှင်များပြော

လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေချိန် မှာ ရေမချိုးရဘူး ဆိုတာကို သိကောင်းသိနေနိုင်ပေမယ့်လည်း မိုးကြိုးပစ်မခံရအောင် တစ်နည်းအားဖြင့် ဓာတ်လိုက်မခံရအောင် အိမ်ထဲမှာ မလုပ်သင့်တဲ့အရာက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။ အိမ်အပြင်ဘက်မှာ လျှပ်စီးတွေလက် မိုးကြိုးတွေထစ်နေမယ် ဆိုရင် ညစ်ပေနေ တဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောတာဟာလည်း အန္တရာယ်ကြီးမားပါတယ်လို့ Reader’s Digest သတင်းစာ မှာ ဖော်ပြထားပါတယ်။

မိုးကြိုးတွေပစ်နေချိန် ရေချိုးမိလို့ လူတွေ ထိခိုက် ဒဏ်ရာရကြတဲ့ ဇာတ်လမ်းတွေဟာ ဒဏ္ဍာရီဆန်ပေမယ့်လည်း အခြေအမြစ်မရှိတာတော့ မဟုတ်ပါဘူး။ လျှပ်စီးက တိမ်တိုက်ကနေ ထွက်လာတဲ့အခါမှာ မြေပြင်ထဲကို အမြန်ဆုံးလမ်းကြောင်းကနေ ဝင်ရောက်သွားလေ့ရှိပါတယ်။ သံဘောင်တေ၊ သံပိုက် လိုင်းတွေဟာ အကောင်းဆုံး ဓာတ်ကူးပစ္စည်းတွေဖြစ်လို့ တခါတရံ သူ့လမ်းကြောင်းက အဆောက်အဦးတစ်ခုဆီ ဦးတည်သွားတတ်ပါတယ်။

ဒါပေမယ့်လည်း လျှပ်စီးဟာ အတွင်းကလူကို မထိခိုက်ဘဲ အိမ် တစ်လုံးကို ဖြတ်သွားနိုင်ပေမယ့်လည်း တချို့သောအခြေအနေတွေမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေတတ်ပါတယ်။ အိမ်ရဲ့ ပိုက်လိုင်းစနစ်ထဲက ရေထဲမှာ လျှပ်ကူးမှုအားကောင်းတဲ့ သတ္တုအမှုန်အမွှားတွေ ပါနေတတ် ပါတယ်။ တကယ်လို့ သင် ပန်းကန်တွေဆေးကြောနေ တုန်းမှာ သင့်အိမ်ကို မိုးကြိုးထိမှန်ပြီဆိုပါတော့၊ လျှပ်စစ်ဓာတ်က ပိုက်လိုင်းကိုအဖြတ်မှာ ရေထဲကို ရောက်သွားပြီး နောက်ဆုံး သင်နဲ့ ထိတွေ့နေတဲ့ ပန်းကန်ဆေးဇလုံကို ရောက်လာပါတယ်။

ရေချိုးနေရင်လည်း ရေပိုက်ခေါင်းက တစ်ဆင့် အလားတူဖြစ်ရပ်မျိုး ဖြစ်နိုင်ပါတယ်။ အိမ်ထဲမှာနေရင် မိုးကြိုးအပစ်ခံရနိုင်ခြေက ၇၇၅၀၀၀ပုံတစ်ပုံပဲရှိလို့ ဖြစ်နိုင်ခြေက အင်မတန်နည်းပါးပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ သင့်ရဲ့နယ်မြေထဲမှာ မိုးကြိုးပစ်သံတွေကြားရင် မကာကွယ်ရဘူးလို့ မဆိုလိုပါဘူး။ ပိုက်တွေထဲ ရေတွေကို ပိတ်ထား တာအပြင် လျှပ်စစ်ကြိုးတွေ အသုံးပြုမှုကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အကင်စက်တွေ၊ မွှေစက်တွေဆိုတာလည်း အလားအလာရှိတဲ့ ဓာတ်ကူးပစ္စည်းတွေပဲ ဖြစ်ပါတယ်။

Crd:နေဇင်ထွန်း ( XYZ News )
Source: Mental-Floss