COVID-19 အများဆုံး ကူးစက်ခံနေရခြင်းကို အကောင်းမြင်တဲ့ဘက်က ဂုဏ်ယူဖို့ သမ္မတထရန့်ပြောကြား

COVID-19 အများဆုံး ကူးစက်ခံနေရခြင်းကို အကောင်းမြင်တဲ့ဘက်က ဂုဏ်ယူဖို့ သမ္မတထရန့်ပြောကြား

အမေရိကန် သမ္မတဒေါ်နယ်ထရန့် က ” တကယ်တော့ အမေရိကန်ဟာ ကမ္ဘာပေါ် မှာ ကူးစက် ခံရသူအများဆုံဖြစ်နေခြင်းဟာ ဂုဏ်ယူဖို့တောင်ကောင်းပါတယ်” လို့ ပြောကြားခဲ့တာ့ပါ။ ယခုရလဒ်ဟာ ကမ္ဘာပေါ်မှာ အမေရိကန်သာလျှင် ရောဂါပိုးကိုအများဆုံးစစ်ဆေးပေးနိုင်နေတယ် ဆိုတာကို ပြသနေခြင်း လည်းဖြစ်ပါတယ်” လို့လည်း သူကထပ်ဆောင်းပြောကြားခဲ့ပါတယ်။

Johns Hopkins University ရဲ့ စစ်တမ်းတွေအရဆိုရင် အမေရိကန် မှာ Covid-19 ကူးစက်ခံရသူ ၁.၅ သန်းနဲ့ သေဆုံးသူ ၉၂,၀၀၀ နီးပါးရှိပြီလည်းဖြစ်ပါတယ်။ အမေရိကန်နောက်မှာတော့ ရုရှားနိုင်ငံကကူးစက်ခံရသူ ၃သိန်းနဲ့ရပ်တည်နေတာပါ။ မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ သမ္မတဒေါ်နယ်ထရန့်က ” အခုကျွန်တော်တို့နိုင်ငံက ကူးစက်ခံရသူအရေအတွက်ထိပ်ဆုံးရောက်နေခြင်းဟာ ကျွန်တော်တို့က ရောဂါပိုးကို အခြားနိုင်ငံတွေထက် တွင်တွင်ကျယ်ကျယ်ပိုမိုစစ်ဆေးပေးနေနိုင်တယ်ဆိုတာ ပြသနေခြင်းဖြစ်ပါတယ်။ဒါကြောင့် သတင်းတွေ မှာ အမေရိကန်ကကူးစက်ခံရသူအများဆုံးလို့ကြေငြာနေတိုင်းကျွန်တော်အဆိုးဘက်ကမတွေးပါဘူး။ ကျွန်တော်တို့ကျန်းမာရေးစနစ်နဲ့ ရောဂါစစ်ဆေးပေးနိုင်မှု အလွန်ကောင်းနေလို့ပဲ လို့ ကျွန်တော်မှတ်ယူပါတယ်။ ဒါကြောင့် ကျွန်တော် ဂုဏ်ယူတယ်လို့ပြောတာပါ။ နောက်ပြီး ကျန်းမာရေးဝန်ထမ်းတွေအကုန်လုံးကိုလည်း လေးစားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာတတိယ အများဆုံး ကူးစက်ခံနေရတဲ့ ဘရားဇီးနိုင်ငံနဲ့ပတ်သတ်ပြီး ခရီးသွားလာခွင့်တွေတင်းကြပ်ဖို့လည်း စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ ဒီမိုကရက်တစ်ပါတီဝင်တွေကတော့ ယခုလို အမေရိကန်ရဲ့အဖြစ်ဆိုးဟာ ခေါင်းဆောင်ညံ့ဖျင်းတာကြောင့်လို့ ပြောင်ပြောင်တင်းတင်း ကိုဝေဖန်နေကြပါတယ်။ ဒါ့အပြင် သမ္မတထရန့်ရဲ့အဆိုကို Oxford University လေ့လာရေးဌာနက ပြန်လည်ထောက်ပြခဲ့ပါတယ်။

တကယ်တော့ အမေရိကန်ဟာ လူဦးရေ ၁၀၀၀မှာ ဘယ်နှ ဦးစစ်ဆေးပေးနိုင်လဲဆိုတဲ့နှုန်းနဲ့တွက်ရင် အမှတ်စဉ် ၁၆ မှာပဲရှိ ပါသေးတယ်။ တောင်ကိုရီးယားထက် ပိုမိုစစ်ဆေးပေးနိုင်ပေမယ့် အိုင်ယာလန်၊နယူးဇီလန်၊ ရုရှားနဲ့ ကနေဒါတို့နောက်မှာပဲရှိနေပါသေးတယ်။ ပြီးခဲ့တဲ့အပတ်က အမေရိကန်ဟာ တစ်ရက်ကို စစ်ဆေးမှုပေါင်း ၃သိန်းကနေ ၄သိန်းကြားပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပေမယ့် အမေရိကန်နိုင်ငံ ရဲ့လူဦးရေအချိုးနဲ့ပြန်တွက်မယ် ဆိုရင် တစ်ရက်ကို စစ်ဆေးမှု၉သိန်းလောက်လုပ်ပေးနိုင်မှ စိတ်ချရမှာဖြစ်ပါတယ်။သေဆုံးမှုကို နိုင်ငံတွင်းနေထိုင်တဲ့လူဦးရေအချိုးနဲ့ပြန်တွက်မယ် ဆိုရင်တော့ အမေရိကန်ရဲ့ Covid-19 ကြောင့်သေဆုံးမှုဟာ ဘယ်ဂျီယံ၊ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့နောက် အဆင့်ခြောက်နေရာမှာ ပဲရှိတယ်လို့ Johns Hopkins University ရဲ့စစ်တမ်းတွေအရသိရပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

seventeen + 3 =