အမေ က ယောက်ျားမယူခိုင်းရ တဲ့ အကြောင်းရင်းကို ရှင်းပြလိုက် တဲ့ ဖြူဖြူထွေး (ရုပ် သံ)
|ဖြူဖြူထွေး ဆိုတာ လွန် ခဲ့တဲ့အချိန် အနည်းငယ်ကမှ အက ဗီဒီယိုလေးတွေ၊ဟာသဗီဒီယိုလေးတွေနဲ့ နာမည် ကျော်ကြားလာပြီး ပရိ သတ်တွေရင်ထဲဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အင်တာဗျူးတွေဖြေရင် ပွင့်ပွင့်လင်းလင်းဟက်ဟက်ပက်ပက် ဖြေတတ်တဲ့ ဖြူဖြူထွေးကိုချစ်တဲ့ပရိသတ်တွေက အခိုင်အမာရှိနေတာဖြစ်ပြီး ဖြူဖြူထွေးရဲ့အနုပညာကိုတခဲနက်အားပေးတဲ့သူတွေကလည်း မြန်မာနိုင်ငံရဲ့နယ်ဘက်တွေမှာပါရှိနေတာပါ။ ဖေ့စ်ဘုတ်လူမှုကွန်ယက် စာမျက်နှာကနေ ပရိသတ်တွေ သိခဲ့တဲ့ ဖြူဖြူထွေးက ဖေ့စ်ဘုတ်ကနေ သူမကို မရရင်သေတော့မယ်လို့ပြောလာသူတွေလည်း ရှိတယ်လို့ ရင်ဖွင့် လာပါတယ်။
ဖြူဖြူထွေးက သူမ ကိုဖေ့စ်ဘုတ်က တစ်ဆင့် ချစ်ခွင့် ပန်သူတွေ များပြားတဲ့အကြောင်းနဲ့ပတ်သက်ပြီး“သူတို့ကြိုက်တယ်ဆိုတာကလည်း ဖေ့စ်ဘုတ်ကနေကြိုက်တာလေ။ ဖေ့စ်ဘုတ်ပေါ်မှာ မဖြူထွေးကိုမရရင်တော့ သေတော့မယ်ပေါ့။ အဲလိုမျိုးတွေပြောတဲ့သူတွေလည်းရှိ တာပဲ။ ဒါပေမယ့် တကယ်မှမဟုတ်တာ။ကိုယ်ကသူ့ကိုကြည့်ပြီးတော့ တကယ်စဉ်းစားမယ်ဆိုပြီး ကြည့်လည်းကြည့်လိုက်ရော In relationship
ဆိုပြီးတော့၊ ဟာ ဝမ်းသာပါတယ်။ကြည်နူး ပါတယ်။ ပစ်တိုင်းလွဲမဟုတ်ပါဘူး။ မပစ်ရသေးဘူး။ သူကလာလာ ပြောတော့ အာရုံတွေနောက်လို့။ ကိုယ့်ကိုမကြိုက်တဲ့သူများပါတယ်။ ညီမလိုအနေအထားမျိုးကိုတချို့လူတွေကထင်လိမ့်မယ် ကြိုက်တဲ့သူတွေလည်းရှိမှာပါ။ဝှက်ထားတာပဲ ဖြစ်မယ် ဆိုပြီးတော့ ထင်ကြတယ်။ ညီမကိုကျတော့ ဘယ်ယောက်ျားလေးမှ ကြိုက်ကို မကြိုက်တာ။ သူတို့ကြိုက်တာက ဆံပင်ရှည်လေးတွေ တည်တည်ငြိမ်ငြိမ်လေးတွေ ကြိုက်ကြတယ်။ ကိုယ်နဲ့ကကျတော့ ပုံစံမတူလို့ မကြိုက်တာများပါတယ်။ ကိုယ့်ရဲ့ ဟာသပုံလေးတွေကိုပဲကြိုက်ကျတာပါ။” လို့ သူမကပြောပြခဲ့ပါတယ်။သိုက်ကလာတာ ယောက်ျားယူလို့မရဘူးနော်။ ရည်းစားမထားရဘူးလို့ အမေကခဏခဏပြောတယ် ဆိုတဲ့ ဖြူဖြူထွေး…
PhyuPhyuHtwe