ရင်ခုန် စွဲမက်စရာကောင်းတဲ့ အလှတရားတွေ ထင်ဟပ်ပေါ်လွင်စေမယ့် ဖက်ရှင်လေး နဲ့ အပြတ်ဂေါ်နေတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦး
|ကျစ်လစ်သွယ်လျပြီး အဆီပိုတွေမရှိဘဲ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ပုရိသတွေ ရဲ့ အသည်းတစ်ခုလုံးကို ဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမဟာ ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကကို ဝင်ရောက်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်လေးတွေ ဟာလည်း ယောကျာ်းလေးပရိသတ်များသာမက မိန်းကလေးချင်းတောင် အခါခါ လည်ပြန်ငေးမောရလောက်အောင် လှပလွန်းတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်။
ဒီနေ့ကတော့ ဝါဆိုမိုးဦးရဲ့ အသက်(၂၆) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ် ပါတယ်။ မနေ့ညကတော့ သူမရဲ့ ချစ်သူက ည ၁၂ နာရီမှာ Birrhday Surprise လုပ်ပေးခဲ့တာကြောင့် အပျော်တွေ ထပ်ဆင့်နေ နေတာပဲ ဖြစ်ပါတယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကလည်း ဆိုဆိုကို အမှတ်တရ ပုံရိပ်လေးတွေ နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားကြတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အမိုက်စားပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ မြင်သူတိုင်း အခါခါလည်ပြန်ကြည့် ရလောက်အောင် ရင်ခုန်စွဲမက်စရာကောင်းလွန်းနေတဲ့ ဝါဆိုမိုးဦး ရဲ့ အမိုက်စား ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဆိုဆို ဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးဟာလည်း သူမရဲ့ အလှတရားတွေကို ပိုပြီး ထင်ဟပ်ပေါ်လွင် စေလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရင်ခုန် စွဲမက်စရာကောင်းတဲ့ အလှတရားတွေ ထင်ဟပ်ပေါ်လွင်စေမယ့်ဖက်ရှင်လေးနဲ့ အထာကျကျမိမိုက်နေတဲ့ ဝါဆိုမိုးဦးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source – Warso Moe Oo’s Facebook Account
Photo Crd – Khant Min Htin’s Photography