ဆယ်ကျော်သက်လေးတွေ နဲ့ အပြိုင် နုပျို လှပနေပြီး ရှေးခေတ် ဖက်ရှင်လေး နဲ့ မြင်ရသူတိုင်း ရဲ့ ရင်ကို အေးချမ်းစေခဲ့တဲ့ မိုးဟေကို

မင်းသမီးချောလေးမိုးဟေကိုကတော့ အနုပညာ လောကမှာ နေရာတစ်ခုကိုရယူထားနိုင်ပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် အဖြစ် ရပ်တည်ထားနိုင် ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ကိုလည်း ရိုက်ကူး ခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး တစ်လက် ဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။

သူမကတော့ ယခုမှာ ဆယ်ကျော်သက်တွေ အရှုံးပေး ရလောက်အောင် အသားအရည်စိုပြေပြီး နုပျိုလှပမှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစား လိုက်ပါတယ်။ သူမကတော့ ကျွန်မလိုမင်းသမီးတစ်ယောက်မှာလည်း လှချင်တဲ့ စိတ်ရှိတယ်ဆို “ရှင်တို့” ယုံမှာလား တစ်ခါတလေ ကျွန်မဘာအရောင်မှ မချယ်ထားလည်းလှနေချင်တယ်. ..ပကာသနကင်းတဲ့ မိန်းမလှလေးတစ်ယောက်လိုလည်း လှနေစေချင်တယ်.. ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ထားခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ “.ဖြူစင်အေးချမ်းတဲ့ မိန်းမလှလေး တစ်ယောက်လိုလည်း လှနေစေချင်တယ်…ဘာလို့ အဲ့လောက် လှချင်ရလဲသိလား?မိုးချစ်ရတဲ့ ”ရှင်တို့”လေးတွေအတွက်ပေါ့ ” ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ အမိုက်စားပုံစံလေးနဲ့ ကြွေလောက်စရာကောင်းလောက်အောင် လှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

SOURCE : Moe Hay Ko ‘S FACEBOOK PAGE

Add a Comment

Your email address will not be published. Required fields are marked *

one × two =