မြန်မာတို့ သတိ ထားရမယ့် “ ဆွေမျိုး ပေါက်ဖော် ” ဆို တဲ့ စကား နောက် ကွယ် မှာ “သူခိုး သေဖော်ညှိ” တဲ့ ကစား ကွက်ကြီး

” တာင်တရုတ် ပင်လယ် မှာ ဖြစ်နေ တဲ့ စစ်မြားဦး က မြန်မာပြည် ထဲကို သန်းလာပါပြီး…မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကနေ ခေတ္တတာဝန်ယူထားတဲ့ ဂျော့အန်ဆယ်ဘယ်လီရဲ့ အက်ဆေး တစ်ပုဒ်အပေါ် တရုတ် တို့က ဆက်ဆက်ခါနာပြီး နောက်တစ်ရက် မှာပဲ တုံ့ပြန် ပါတယ်… စကားအသုံးအနှုန်းက ပြေပြစ်ပြီး အကိုးအကားလှနေတာ ကို တွေ့ရတယ်…

“ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး” “ဆင်စွယ် မှန်ရင် ပိုးမစားဘူး” ဆို တဲ့ သံတမန်ရေး အသုံးအနှုန်းနဲ့ စကားပုံတွေ ကို အသုံးပြုသွားတာပဲ…တကယ်တမ်း တရုတ်တို့ အနေ နဲ့ မြန်မာနိုင်ငံ အပေါ် တစ်ဆင့်နှိမ့်ထား တဲ့ middle kingdom အယူအဆနဲ့ ကြွေးမြီထောင်ချောက်တွေ အသုံးပြုပြီး စီမံကိန်းနဲ့ သယံဇာတ အပေါ်ပြောင်သလင်း ခါအောင် လုပ်ဆောင် ခဲ့တာ ကိုတော့ မဖော်ပြခဲ့ဘူး…

ကိုဗစ်ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်က မြန်မာ ကို ကူညီထောက် ပံ့ပေးနေတဲ့ ကိစ္စမှာ ပြည်သူလူထုနဲ့အစိုးရ ကို ကူညီထောက်ပံ့ပေးနေ တာလား သို့တည်း မဟုတ် စစ်တပ်ကို ကူညီထောက်ပံ့ပေးနေတာ လား ဆိုတာ ဧပြီနဲ့မေလ မှာ တရုတ်ဆေးဝါး အကူအညီပေးရေး အဖွဲ့တွေ စစ်တပ် နဲ့ပဲ နှစ်ပါးသွားခဲ့ တာကို မြင်ခဲ့ရတယ်…

အသက်ရူ စက်တွေ၊ နှာခေါင်းစည်းကိစ္စတွေ ကို အစိုးရကို ပေးအပ် တာလား…စစ်တပ် ကို ပေးအပ်တာလား ရှင်းရှင်းလင်းလင်းဖော်ပြ သင့်တယ်…ဧပြီလမှာမြန်မာကိုCovid လှိုင်းစဝင်နေတဲ့ အချိန်မှာ သံသယရှိလူနာတွေကို စစ်ဆေး မယ့်စက်တွေ အတွက် တရုတ်က အကူ အညီမပေး တဲ့ အပြင် နဂိုက တည်း က သည်စက်တွေ ရှိနေတဲ့စစ်တပ်ကလည်း အနီရောင် အဆင့်ရောက်မှ ကူညီမယ် လို့ ဆိုထားတဲ့ စကားလည်း ရှိ ခဲ့ တယ်…ဧပြီလမှာ တရုတ်က မူဆယ်နယ်စပ် ၁၀၅မိုင်ဂိတ် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ခဲ့တဲ့အပြင် တရုတ်ပြည်ထဲမှာ ရှိ တဲ့ ကျပန်းလုပ်နေ တဲ့ မြန်မာလုပ်သား ၂၀၀၀၀ ကျော် ကို နှင်ထုတ် ခဲ့တယ်..

နယ်စပ်ကုန် သွယ်ရေး ကို ပိတ်ခဲ့တဲ့အတွက် ရာသီပေါ် သစ်သီးဝလံတွေ၊ ကုန်စိမ်းတွေ ပုပ်ပြီး မြန်မာကုန်သည်တွေ၊ စိုက်ပျိုးရေးခြံပိုင်ရှင်တွေ ထိခိုက်ဆုံးရှုံးနစ်နာခဲ့တာကို တရုတ်ဘက်က စာနာကြောင်းမပြ ခဲ့တဲ့ အပြင် “မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ”ဆိုတဲ့စကားပုံအတိုင်း ပြုမှုခဲ့တာကို မျက်စိပိတ် နားပိတ်နေရမှာပေါ့ဟုတ်လား… “ဆွေမျိုး၊ ပေါက်ဖော်”ဆိုတဲ့စကားကို လှိုင်လှိုင်သုံးပြီး အရပ်သား အစိုးရအပေါ် နောက်ကျောဓား နဲ့ အကြိမ်ကြိ မ်ထိုးခဲ့တာ၊ မြေနိမ့်ရာ လှံစိုက်တတ် တဲ့ တရုတ်တွေ ရဲ့ ကိုယ်ပိုင် လက္ခဏာလား ဆိုတာ ဖြေပေးစေချင်တယ်…

၂၀၂၀ခုနှစ် ဇူလိုင်လ ၁၆ ရက် မှာ တရုတ်အထူး ကိုယ်စားလှယ် အဖွဲ့ ဟာ တပ်ချုပ်နဲ့ သွားရောက်တွေ့ဆုံပြီးနောက်မှာ ဟောင်ကောင်ဒေသ အမျိုးသား လုံခြုံရေးဥပဒေကြမ်းပြဌာန်းတာ၊ စင်ကျန်းဝီဂါကိစ္စ၊ ထိုင်ဝမ်နဲ့ တောင်တရုတ် ပင်လယ်ပြင် မှာ တရုတ် တို့ လက်ရုံးဆန့်တန့်မှုအပေါ် မြန်မာဘက်က ထောက်ခံသဘောတူတဲ့ကိစ္စမှာ အစိုးရအာဘော်ပါသရောင် လုပ်ခဲ့တာ အစိုးရအာဏာကို တမင်စော်ကားတာသံတမန်ရေးချိုးဖောက်တာ ကို ဇွန်လ ၁၈ ရက် မှာ အမေရိကန်သံရုံးယာယီတာဝန်ခံဂျော့အစ္စဘယ်လီက ဆောင်းပါးရေးပြီး ထုတ်ပြန်တာကို နာနေကြတာ မချိမဆန့်ပဲ… ဇူလိုင်၁၉ရက် မှာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ပေမယ့်ဓားသွားပေါ် က ပျားရည်စက်တွေ ဆိုတာ မြန်မာပြည်သူလူထု အားလုံးသိကြတယ်…

“ဆွေမျိုးပေါက်ဖော်”ဆိုတဲ့ စကားနောက်ကွယ် မှာ “သူခိုး သေဖော်ညှိ” တဲ့ ကစားကွက် မျိုးပဲ မြင်မိတာ မဆန်းဘူး ထင်တယ်…

—ကချင်ပြည်နယ် ဝိုင်းမော် မှာ တစ်သျူးငှက်ပျော စိုက်ခဲ့တဲ့ ကိစ္စ၊ လက်ပံ တောင်းတောင်နဲ့ တကောင်းတောင်နီကယ်စီမံကိန်းတွေမှာ အရင်စစ်အစိုးရနဲ့အပြင်
စစ်တစ်ပိုင်းဘောင်းဘီချွတ်အစိုးရနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုပြီး သူခိုးဈေး သာသာပေး ခဲ့တာ ကို စာချုပ် နဲ့ အတိအကျရှင်းပြဖူးပါ သလား…

-၂၀၀၆ ဒီဇင်ဘာ ၂၈ရက် မှာ မြန်မာစစ် အစိုးရ နဲ့ တရုတ် CIP တို့ ချုပ်ဆို ခဲ့တဲ့မြစ်ဆုံရေအားလျှ ပ်စစ်စီမံကိန်း ကို တရုတ်CPIက ၈၅%၊ မြန်မာ က ၁၅%ချုပ်ဆိုပြီး တစ်ရက်ကို လျှပ်စစ်ဓာတ်အား MW6000ထုတ်မယ် လို့ သဘောတူစာချုပ်ချုပ်ခဲ့ကြတယ်… တရုတ်ကို လျှပ်စစ်ဓာတ် အားအကုန်ပို့ပြီး မြန်မာက ဝယ်ယူချင်ရင်တော့ ပေါက်ဈေးအတိုင်း ရောင်းမယ်လို့ ပါရှိတယ်… မြန်မာကတစ်နှစ်လျှင် ကန်ဒေါ်လာသန်း၅၀၀ရရှိမယ် လို့ ဖော်ပြထားပြီး MoUထဲမှာ ဘယ်လိုနှုန်းထားနဲ့ အပေးအယူလုပ်ခဲ့တယ်ဆိုတာ ဖုံးကွယ်ထားတယ်…စာချုပ်ထဲမှာနှစ်ရှည် ၂၅+၃၀ = ၅၅နှစ်အထိ ချုပ်ဆိုထားတာ နိုင်ငံတကာစာချုပ် စည်းကမ်း နဲ့ မညီဘူး…

အရပ်သားပြည်သူလူထုနဲ့တတ်သိ ပညာရှင်တွေက မြစ်ဆုံ စီမံကိန်း ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ လို့ ၂၀၁၁ခုနှစ် စက်တင်ဘာ၃၀ရက်နေ့မှာ ဦးသိန်းစိန်က ယာယီရပ်ဆိုင်းခဲ့တယ်… ရပ်ဆိုင်းခဲ့တဲ့အတွက် တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၅၀ တရုတ် ကို ပေးခဲ့ ရတယ်… ၂၀၁၉ ဇန်နဝါရီလ မှာ တရုတ်ဘက်က မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ တရုတ်သံအမတ်ဟုန်လျှံ(ယခုပြောင်းရွှေ့)က ကချင်ခေါင်းဆောင်တွေ နဲ့ သဘောတယ် ဆိုပြီး မြစ်ဆုံပြန်စဖို့ လုပ်ဆောင်ခဲ့တယ်… နောက်တစ်ကြိမ်ပြည်သူလူထုကထပ်ကန့်ကွက်ခဲ့ပြီး လျော်ကြေးပေးမယ် လို့ တုံ့ပြန်တဲ့ အခါ မှာ တရုတ်CPIရဲ့Options သုံးခု ထွက်လာ ခဲ့တယ်…
“ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး”

ကန်ဒေါ်လာ၃.၆ဘီလီယံတန် မြစ်ဆုံစီမံကိန်း ကို ဆက်လုပ်မယ် ဆိုရင် မြန်မာက တစ်နှစ်ကို ဒေါ်လာသန်း ၅၀၀ ရမယ်… ဆက်ပြီး ရပ်ဆိုင်းမယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာသန်း၅၀ တရုတ်ကို နှစ်စဉ်ပေးနေရမယ်… လျော်ကြေးပေး ဖျက်သိမ်းမယ်ဆိုရင် တရုတ်ကို ဒေါ်လာသန်း၈၀၀ပေး ဆောင်ရမယ်…

အပိုင်ချည်ပြီး ၊ တုပ်ပြီးသား ကိစ္စ…မိအေး အခါခါ နစ်နာရမယ့်အဖြစ်မျိုးကိုလုပ်ဆောင်ခဲ့တယ်… ဧရာဝတီမြစ်ကို ထိပ်ပိုင်းကနေစပြီး မြစ်ဆုံဆည်လိုစီမံကိန်းရခု တည်ဆောက်ပြီး ပုံမှန်လျှပ်စစ်ထုတ်ပြီး တရုတ်ကို ပေးပို့မယ့် အကြံ အစည် အပြင် နိုင်ငံရေးအရလို အပ်ရင် ရေထိန်း တံခါးတွေ ဖွင့်ပြီး မြန်မာပြည်ကို ရေထဲနစ်မြုပ် သတ်မယ့် အကြံအစည်…

မြစ်ဆုံစီမံကိန်း ကို စတင်လုပ်ဆောင်နေတဲ့ အချိန် မှာ တရုတ်တို့က Rare Earth Elements တွေပါ တူးဖော်ထုတ်လုပ်ခဲ့ပြီး၊ ကမ္ဘာရဲ့ Rare earth elementsတွေရဲ့ ၈၀ရာခိုင်နှုန်းကို ချုပ်ကိုင် ထားတယ်… စရိတ်စကသက်သာပြီး သက်သာတဲ့ဈေးနှုန်း(သူခိုးဈေးသာသာ)ရတဲ့ အတွက်ကြောင့် တရုတ်ဟာ ရှားပါးသဲမြေ(REE)ဈေးနှုန်းနဲ့ ကမ္ဘာကို ချုပ်ကိုင်ဖို့ကြိုးစားလာခဲ့တယ်… ၂၀၁၉ မေလကုန်သွယ်ရေး စစ်ပွဲ မှာ တရုတ်က USကို REEနဲ့ တိုက်ခိုက်ဖို့ကြိုးစားချိန်မှာအမေရိကန်ကလည်း REEကို အလောတကြီးပြန်ထုတ်ဖို့ စိုင်းပြင်ခဲ့ရတယ်…အချိန်မှီပြန်ထုတ်ဖို့ ကြိုးစားခဲ့တာကြောင့် လည်း တရုတ်အကြံ အစည် သဲထဲရေသွန်ဖြစ်ခဲ့ ရတယ်…

ဗိုလ်တင်အောင်မြင့်ဦး(ရှစ်လုံး) အမိုက်ခံ လက်မှတ်ရေး ထိုးထား တဲ့ မြစ်ဆုံစာချုပ် အရ အရပ်သား အစိုးရ တက်လာချိန်မှာ တရုတ်ဘက်ကနေ စာချုပ်ပြပြီး ဆက်လုပ်မယ့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ အချိန်ဆွဲရုံကလွဲပြီး ပြတ်ပြတ် သားသား ဖြေရှင်းလို့မရခဲ့ဘူး… ရှည့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ(Let’s lives its let live) ပုံစံမျိုးသာ ကြည့်နေခဲ့ရတယ်… တရုတ်ဘက်က ဆက်တိုးမယ်ကြံရင်တော့ နိုင်ငံတကာကို ချပြပြီး သည်လို မောင်ပိုင်စီးထား တဲ့ စာချုပ်ကို လှစ်ဟပြလိုက်ရုံပဲ…

၂၀၂၀ခုနှစ် ဇူလိုင်၂ရက်နေ့မှာ ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာဖြစ်တဲ့ မှော်ထဲမှာ နွံကန်ပေါက်ကျပြီး မြေပြိုမှုဖြစ်ပွားခဲ့တယ်…သေဆုံးသူ ၁၇၂ဦးရှိခဲ့ပြီး ဒဏ်ရာရသူ၅၄ဦးဖြစ် ခဲ့တဲ့ ဝှေခါမှော်ပြိုကျမှုမှာ အဓိကတာဝန်ရှိသူဟာ ဘယ်သူဖြစ်မယ်ထင်သလဲ…မဆင်မခြင်တူးပြီးမြေစာပုံတွေကို ပုံချင်ရာပုံတဲ့ ကုမ္ပဏီကြောင့်လား… ပေထောင်ပေါင်းများစွာ တူးပြီး မဆင်မခြင်မြေစာတွေကိုစွန့် ပစ်ရာ က မိုးရာသီမှာနွံကန်တွေဖြစ်၊ စိမ့်ပြီးအက်ကွဲလာရာကနေ မြေပြိုကျမှုတွေက နှစ်စဉ်နှစ်တိုင်းဖြစ်တာကို အစိုးရလည်း မတားဆီးနိုင်ဘူး…

သည်ကျောက်စိမ်းလုပ်ကွက်တွေနောက် မှာ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ ဝ”အဖွဲ့တွေ၊ ကချင်KIAအဖွဲ့တွေနဲ့ တရုတ်တွေ ခြေရှုပ်ပြီးလုပ်စားနေကြတာကို သိရဲ့သားနဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး…စစ်တပ်က တပ်ရင်းမှူးတစ်ဦးနဲ့ ကချင်နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း ကို တာဝန် မှရပ်စဲပြီး မူလစစ်ဘက်မှာ တာဝန်ပြန်ထမ်းဆောင်စေတယ်လို့ တပ်မတော်သတင်းမှန်က ထုတ်ပြန်ကြေညာတယ်…အကုန်လုံးကို လိုက်ဖုံးဖိနေတာပဲ…ထိပ်တန်းကျောက်စိမ်းကုမ္ပဏီတွေက တပ်ပိုင်၊ တိုင်းရင်းသား အမည်ခံ တရုတ်ကုမ္ပဏီပိုင်တွေချည်း ပဲ…

၂၀၁၄ခုနှစ် Global Witness အစီရင်ခံစာ အရ ပြည်ပ(တရုတ်)ကို တရားမဝင်ထွက်သွားတဲ့ ကျောက်စိမ်းတန်ဖိုးက ကန်ဒေါ်လာ၃၁ဘီလီယံရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်… ကျောက်စိမ်းလုပ်ကွက်တွေနောက်မှာ လက်မည်းကြီးတွေကို မရှင်းနိုင်သရွေ့ ရေမဆေးကျောက်သမားတွေရဲ့အသက်တွေက တန်ဖိုးမဲ့နေအုံးမယ်ဆိုတာ …ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ပေမယ့် တရုတ်ကတော့ တုန့်တုန့်မလုပ်ခဲ့ဘူး…

သည္လိုပဲ…

တရုတ်ဟာ သူတို့လုပ်ခိုင်းတာကို တသွေမတိမ်းလိုက်ပြီး ကြိုးဆွဲ ရာကမယ့် အစိုးရ တစ်ရပ် ကို လိုချင်တယ်…အရင်စစ်အစိုးရကို ထိန်းချုပ်ထားတဲ့အတွက်ကြောင့်တရုတ်ဟာ လိုချင်တဲ့စီမံကိန်းနဲ့ သယံဇာတကို အတားအဆီးမရှိ ရခဲ့တာပဲ…အရပ်သားအစိုးရတက်လာချိန် မှာ ဒီမိုကရေစီ စနစ်ပါ အားကောင်းလာတဲ့အတွက် ဂွင်တွေ၊ စားကွက်တွေ ပိတ်လာခဲ့တယ်…ဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့လမ်းကြောင်းကနေ မြန်မာပြည်တွင်းစစ်ကနေ အစိုးရ ရဲ့ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကို နောက်ကွယ်ကနေ အမျိုးမျိုး ဒုက္ခပေးခဲ့တယ်…

တရုတ်တို့ရဲ့ ပိုးလမ်းမ(BRI)နဲ့ CMECအတွက် သမ္မတရှီကျင့်ဖျင် ဟာ ၂၀၂၀ဇန်နဝါရီ ၁၇ ရက်နေ့မှာ မြန်မာပြည်ကို ရောက်ရှိလာခဲ့ပြီး CMECအတွက် MoUထိုးဖို့ ရောက်လာခဲ့တယ်… ဒေါ်စုကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအနောက်ကနေ ကူညီ ထောက်ပံ့ပေးနေတဲ့ အဖြစ် မျိုး မလုပ်ဖို့ ပြောခဲ့တယ်…အရေး ပါတဲ့ ကျောက်ဖြူစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ စာချုပ်တွေအပေါ် မယုတ်မလွန်ပဲ ပြောထားပြီး မန္တလေး-မူဆယ်-ကူမင်ရထားလမ်းကိုသာ ဖောက်လုပ်ဖို့သာ MoU ထိုးခဲ့တယ်… ပြောင်းလွယ် ပြင်လွယ်တဲ့ အနေအထားမျိုးက တရုတ်ကို မယုံကြည်ဘူးဆိုတာ တရုတ်ကလည်း သဘောပေါက်တယ်…။

ဒါသံရေးတမန်ရေး အရ ငြင်းပယ် လိုက်တယ် ဆိုတာ… မိတ်မပျက်ချင်တယ့် အပြင်အိမ်နီးချင်းအင်အားကြီးနိုင်ငံအပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ ပထုတ်တယ်ဆိုတာ…နောက်ပြီး တရုတ်-အမေရိကန်တို့ရဲ့ အားပြိုင်မှုကို စောင့်ကြည့်နေပြီး မဟာဗျူဟာမြောက် လှုပ်ရှားနိုင်ရင် မြန်မာအတွက် အခွင့်အလမ်း ဆုပ်ကိုင်နိုင်မယ် ဆိုတာဒေါ်စု ကောင်းကောင်းသဘော ပေါက်တယ်… ဒါကြောင့် နဂိုကကျင့်သုံး ခဲ့တဲ့ ဘက်မလိုက် မူဝါဒ ကို ဆက်လက်ကျင့် သုံးသွားမယ် ဆိုတာ ထုတ်ပြ န်ခဲ့တယ်…

ဂျော့အန်ဆန်ဘယ်လီ ရဲ့ဆောင်းပါးဟာ တရုတ် တို့ရဲ့ မြန်မာပြည် အပေါ် နိုင်ထက် စီးနင်း အကျင့်တန်မှု ကို ဖော်ပြထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ သည်အတိုင်းဆက်ပြီးသွားရင် တရုတ်တို့ရဲ့ဝါးမျိုးမှုကို ဆက်ပြီးခံရလိမ့်မယ်လို့ သတိပေး ထား တယ်…တောင်တရုတ် ပင်လယ်ပြင်တွင် တရုတ် နဲ့ အာဆီယံ၊ ကပ္ပလီ ပင်လယ်ပြင်တွင် တရုတ်နဲ့အိန္ဒိယသာမက၊ အရှေ့တရုတ်ပင်လယ်တွင် ဂျပန်နှင့်တရုတ်တို့ ကျွန်းများ ပိုင်ဆိုင်မှုအရေး နဲ့ ပြဿနာ တတ်နေပြီး၊ အမေရိကန် ကလည်း တရုတ် ကို ဖိအားပေးရေး အတွက် အင်ဒို-ပစိဖိတ် အားပြိုင်မှုအရ အင်အား သုံး ဝင်ရောက် လာပြီး ဖြစ်သည်…

တရုတ်နဲ့ အမေရိကန် တင်းမာမှုက တောင်တရုတ်ပင်လယ်မှာ ကန်ဘက်က USS Nimitz နဲ့ USS Ronald Reaganတို့ဟာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေခဲ့တယ်…ဇူလိုင်လ၁၃ရက်နေ့မှာ US နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က သူ့ကြေညာချက် မှာ ကုလသမဂ္ဂ၏ပင်လယ်ဆိုင်ရာဥပဒေ(UNCLOS)အရ ၂၀၁၆ ဇူလိုင်လ၁၂ရက်တွင်ချမှတ်ခဲ့သော The Hagueရှိ သမာဓိခုံရုံးက ဖိလစ်ပိုင်ကိုအနိုင်ပေးခဲ့သော် လည်း တရုတ်က လျစ်လျူရှုခဲ့မှု ကို ဖော်ပြ ခဲ့သည်…တရုတ်အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက် ကို လျစ်လျူရှုပြီး ၎င်းတို့ထုတ်ခဲ့သော မျဉ်းပြတ်ကိုးခု (Nine- dash-line)တွင် ကျွန်းတုများ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့စင်များ၊ လေယာဉ်ပြေးလမ်းများကို တိုးချဲ့တည်ဆောက်နေသည့် အတွက် အာဆီယံနိုင်ငံများနှင့် ထိပ်တိုက် တိုးနေပြီး ဖြစ်သည်…

ဖိလစ်ပိုင်၏ စကားဘရူ(Scarborough) ရေတိမ်သောင်ခုံနှင့် ပတ်သတ်၍ ဖိလစ်ပိုင်၏ပိုင်ဆိုင်ကြောင်းကို အမေရိကန်က ထပ်လောင်းအတည်ပြုခဲ့သလို၊ Second Thomas ရေတိမ်သောင်ခုံနှင့် Mischief ကျောက်တန်းနေရာများအပေါ် ပိုင်ဆိုင်မှုနှင့် ပတ်သတ် ၍ တရုတ်နိုင်ငံ ၏ ပြောဆိုချက် ကို ပယ်ချ ခဲ့သည်…

ယခုအခါ တရုတ်နိုင်ငံက ပြန်လည်သိမ်းပိုက် ထား သည့် Mischief ကျောက်တန်းနှင့် Second Thomas ရေတိမ်သောင်ခုံနှင့်ပတ်သတ်၍ ထိုနေရာနှစ်ခုလုံးကို ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် တရားစီရင်ပိုင်ခွင့်အောက်တွင် အပြည့် အဝကျရောက်နေကြောင်း အမေရိကန် က ဖိလစ်ပိုင် ၏ တောင်းဆိုမှု ဘက် မှ ပွင့်ပွင့်လင်းလင်း ရပ်တည်လာသည်…ထို့ပြင် စွမ်းအင်ကြွယ်ဝသော NatunaBesar ကျွန်း(အင်ဒိုနီးရှား)၊ Vanguard Bank(ဗီယက်နမ်)၊ Luconia ရေတိမ်သောင်ခုံများ ( မလေးရှား )၊ ဘရူးနိုင်၏ EEZစသည့် အာဆီယံနိုင်ငံများ၏ ပတ်ဝန်းကျင်မှ ရေပိုင်နက် များများ အပေါ် တရုတ်နိုင်ငံ ၏ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုမှန် သမျှ ကို အမေရိကန်က ပယ်ချထား သည်…

တောင်တရုတ် ပင်လယ် အတွင်း ပိုင်နက် အငြင်းပွားမှု ပြဿနာများ ကို နိုင်ငံတကာ ဥပဒေနှင့် အညီသာ ဖြေရှင်းရမည် ဆိုသည့် အကြောင်း ခိုင်မာသည့်ကြေညာချက် တစ်ရပ်ကို အရှေ့တောင်အာရှနိုင်ငံများက ၂၀၂၀ခုနှစ် ဇွန်လ၂၆ရက်နေ့ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် သည်…

ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝန်းလုံး ထိခိုက် ခံနေ ရချိန် တွင် တရုတ်၏ အဆောတလျင်တောင်တရုတ်ပင်လယ်တွင် ၎င်းတို့၏ Nine-dash -lineအစီအစဉ်အရ စစ်ရေးလေ့ကျင့်ခြင်း၊ ဖိလစ်ပိုင် ဗီယက်နမ်တို့၏ ငါးဖမ်းလှေများ ကို တိုက်ခိုက် နစ်မြုပ်ခြင်း စသည့် ရန်စကျူးကျော်မှုများ ကို ပြုလုပ်နေ သည်… ထိုအချက်ကြောင့် US မှ တောင်တရုတ် ပင်လယ်ပြင် တွင် လေယာဉ်တင်သဘောင်္ နှစ်စင်းစေလွှတ်၍ အာဆီယံနိုင်ငံများ ကို မူတည် ၍ ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းလာသည်… စစ်အေး ခေတ် သီအိုရီအရ အကြောင်းပြချက်ကောင်းကောင်း ရှာတွေ့ပြီးဖြစ်သည်…တောင်တရုတ်ပင်လယ်ကျွန်းများနှင့် ပတ်သတ် ၍ တရုတ်နှင့် အာဆီယံတို့ အငြင်းပွားလေအမေရိကန် တို့ အကြောင်းပြချက်ရလေလေဖြစ်သည်…

တရုတ်ဘက် က အိန္ဒိယနှင့် လည်း ရန်စောင်နေပြီး၊ ထိုအခြင်းအရာကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်း အိန္ဒိယနှင့် အမေရိကန်လေယာဉ်တင်သဘောင်္ USS Nimitz တို့သည် ကပ္ပလီပင်လယ်ပြင်နှင့်နီကိုဘာကျွန်း များ တွင် ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်နေ သည်… ၂၀၁၉ နိုဝင်ဘာလ တွင် အိန္ဒိယနှင့် ကန်တို့ ပထမအကြိမ် စစ်ရေးလေ့ကျင့်အပြီး ယခုဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုသည် တရုတ်တို့၏ မဟာဗျူဟာမြောက် ပိုးလမ်းမ(BRI)ကို ချေဖျက်ပစ်ရန် ခြေလှမ်းဖြစ်သည်…အိန္ဒိယရေတပ်က ဒီစစ်ဆင်ရေး ကို Passage ဆက်ဆံရေး ပေါင်းကူးလေ့ကျင့်မှုလို့ နာမည်ပေးထား တယ်…

စစ်ဖြစ်၊ မဖြစ် ယတိပြတ် မပြောနိုင်သော် လည်း ဒုတိယ ကမ္ဘာစစ်ပြီးချိန် ကန်-ဆိုဗီယက် စစ်အေးခေတ်ထက်ပင် အားပြိုင်မှုက ပြင်းထန်နေသည်… တစ်ခါတစ်ရံအမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီမှာ ခပ်ကြောင်ကြောင်နိုင်သော်လည်း စီးပွားရေး၊နိုင်ငံရေးသိပ္ပံဆိုင်ရာ နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ strategic တွင် အမေရိ ကန်က အမြဲတမ်း Modify လုပ်နိုင်သောကြောင့် ကမ္ဘာကြီးကို မောင်းနှင် နေဆဲရှိသည်သာဖြစ်သည်…

တရုတ် တို့သည် စီးပွားရေး တွင် ကမ္ဘာဒုတိယအင်အား ကြီး နေရာသို့ရောက်လာသော်လည်း စစ်ရေး၊နည်းပညာများတွင် USမဆိုထားဘိ ရုရှားထက်ပင်နောက်ကျနေသေးသည်…၎င်းတို့၏ခပ်လျိုလျိုမူဝါဒ(တိန့်ပေါ်လစီ) အခြေခံပြီး ၊ နောင်နှစ်ပေါင်း ၂၅နှစ်အကြာမှ အစွယ်ထုတ်ပြလျှင် တရုတ်တို့ Super Powerကို လွှဲပြောင်းယူနိုင်သော်လည်း၊ ရှီကျင့်ဖျင်၏ လောဘရမ္မက်ကြီးမှုနှင့် မော်စီတုန်းထက်ပင် အာဏာကို ချုပ်ကိုင်မှု တစ်ဘက်စောင်းနင်းရောက် လာမှုကြောင့် ကမ္ဘာရေကြောင်းသွားလာမှု ၏ သုံးပုံ နှစ်ပုံရှိသော တောင်တရုတ်ပင်လယ် ကျွန်းများ အပေါ် ၎င်းတို့သာ ပိုင်ဆိုင်ကြောင်း Middle kingdomအစွယ် ကို ထုတ်ပြခဲ့ သည်…

တရုတ်-အိန္ဒိယနယ်စပ်ဖြစ်သည့် လာဒါ့ရှ်ဒေသပြဿနာကို အရှိန်လျှော့ချနိုင် ခဲ့သော် လည်း၊ WHO၏ ကိုဗစ်စဖြစ်ရာ ဝူဟန်မြို့သို့ စစ်ဆေးရန်ရောက်ရှိလာမှုကိုလည်း ရေကြီးမှုနှင့် ရော၍ တရုတ်ပြည် အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ယန်စီမြစ်ရေ ကိုဖောက်ချမှုကြောင့် တရုတ် ပြည်သူ သန်း၄၀ကျော်ရေဘေး ဒုက္ခရောက်နေမှုများသည် အပေါ်ယံမျက်လှည့်ပြမှုဖြစ်ကြောင်းနိုင်ငံတကာက သုံးသပ်လာကြပြီးဖြစ် သည်…
“ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး”

Trump၏ ကွက်ကျော်မြင်နိုင် စွ မ်းရှိသော စီးပွားရေး ဗျူဟာ အောက် တွင် တရုတ်တို့ ထောင်ချောက် ကို မြင်နေရက်ကနေ လောဘကြောင့် ခြေလှမ်းပြန်နုတ် လို့မရပဲ ကျွံဝင်နေရက်သားဖြစ်သည်… ကုန်သွယ်ရေးတိုက်ပွဲကနေနည်း ပညာ တိုက်ပွဲ အစ ယခု စစ်အင်အားပြခြင်း၊ စစ်အေးတိုက်ပွဲ ကြီးထွားလာမှုအဆုံး Trump လိုချင်နေသည်က တရုတ်ဘက်က ကျည်စထွက်ဖို့ပင်… ဘေဂျင်း-ဝါရှင်တန် စကားလုံးတိုက်ပွဲများအဆုံး အမေရိကန်၏ ဝိုင်း ပတ်ပိတ်ဆို့ရေးဗျူဟာ(China Containment Policy) သည် ပြီးပြည့်စုံ နေပြီး ဖြစ်သည်…

အီရန်ဘက်ကနေ ဖိအားလျှော့ရန် တရုတ်လုပ်ဆောင်လာမှုအပေါ်တွင် ဇွန်လ၂၀ရက်တွင် အစ္စရေးက ၁၉၆၇ ၆ရက်စစ်ပွဲကမေ ၎င်းတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ကနေ ဆီးရီးယားအခြေစိုက် အီရန်စစ်စခန်းတစစ်ခုကို တိုက်ခိုက် ခဲ့သည်… အမေရိကန်ဉာဏပစ္စည်းမူပိုင်ခွင့်ကို တရုတ်ဘက်က မကြာခဏခိုးယူမှုကြောင့် ဇူလိုင် ၂၂ရက် အဂါင်္နေ့တွင် တက္ကဆက်ပြည်နယ် ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး ကို ပိတ်ပစ်ရန် USနိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အမိန့်ပေးခဲ့သည်…ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်သုတေသနလုပ်နေတဲ့ USကုမ္ပဏီတွေကို စုံစမ်းတာအပြင် အခြားခိုးယူမှုတွေလုပ်ဖို့ တရုတ် အစိုးရထောက်လှမ်းရေးတွေဆီ က အကူအညီ ယူခဲ့တယ် ဆိုပြီး တရုတ် အမျိုးသား အီလက်ထရောနစ်အင်ဂျင်နီယာဟောင်း လီဇောင်ဝူနဲ့ ဒေါင်ဇီဟီတို့ကို ဇူလိုင်၂၁ရက် မှာ ဖမ်းဆီး လိုက်တယ်…

တရုတ်ဘက် ကလည်း ဇူလိုင်၂၄ ရက် မှာ ပဲ ဝူဟန်မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်လိုက်ပြီးဖြစ်တယ်…တစ်ဖက်နှင့်တစ်ဖက် ကောင်စစ်ဝန်ရုံးတွေ ပိတ်သိမ်းမှုနောက်ကွယ် မှာ အခြေအနေက ပြန်လည်စေ့စပ်ညှိနှိုင်း ဖို့ဆိုတာ ခဲယဉ်းသွားပြီး ဖြစ်တယ်…

အဓိက အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်မှာ တရုတ် တို့ရဲ့ ဗျူဟာမြောက် အထိုင်ချမှု ကို အပြီးတိုင်ချေဖျက် ဖို့ လုပ်ဆောင် လာချိန် မှာ ဂျော့အန်ဆယ်လဘီ ရဲ့ ဆောင်းပါးဟာ မြန်မာအပေါ် အမေရိကန်ရဲ့မူဝါဒသစ် ကို ထင်ဟပ်စေပြီး၊ တရုတ်တို့ရဲ့မြန်မာအပေါ် စီးပွားရေး လုပ်ကိုင်မှုကြောင့် မြန်မာရဲ့လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ကြောင်း ရေးထားတယ်… အဓိက တရုတ်နဲ့ မြန်မာတပ်ချုပ် တို့ ရဲ့ ဇူလိုင်၁၆ရက်တွေ့ဆုံမှုကနေ တရုတ် ကို မြန်မာက ထောက်ခံကြောင်း သဘော ထားကြေညာချက် ထုတ် အပြီး မှာ ဖြစ်ပေါ်လာတဲ့ အတွက် တရားဝင်အစိုးရရဲ့သဘောထား ကိုသာ သိလိုကြောင်း ဆောင်းပါးရေး လိုက်တာပါ…

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနဘက် က ဒီအရေး မှာ ဘက်မလိုက် မူဝါဒကျင့် သုံးကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်လို့ တပ်ချုပ်သဘောထားသည် အရာမဝင်ဘူးလို့ ပြလိုက်တာပဲဖြစ်တယ်…ကြက်လည်း မော၊ ယာလည်းကြက်လို့ ဆိုရမယ့် သည်မူဝါဒဟာ ကျွဲနှစ်ကောင်ကြား မှာ မြေစာပင်ဖြစ် ရမယ့် တပ်ချုပ် ရဲ့ တရုတ်ဘက် လိုက်မယ့် မူဝါဒထက် အပုံကြီး သာတယ်…

သွေးအေးမနေပါ နဲ့…

သွေးပူပူနဲ့လည်း မဆုံးဖြတ်ပါ နဲ့…မြန်မာမြေအပေါ် ကျည်ကျ မခံပဲ နဲ့ ရခိုင်ဒေသမှာ စစ်ပွဲဖြစ်နေမှု ကိုငြမ်းသက်နိုင်မယ့် နိုင်ငံခြားရေးပေါ်လစီ တစ်ရပ် ကို အမြန်ဆုံးလုပ်ဆောင်နိုင် ပါစေလို့…။

Written by:
A.M.H(Irony)

Hawkeye Amh HawkeyeAmh

https://web.facebook.com/permalink.php?story_fbid=909010816245269&id=100014090767225

Add a Comment

Your email address will not be published. Required fields are marked *

1 + nine =