လက်ရှိပရိသတ်တွေ ကြားမှာ ရေပန်းစားနေတဲ့ သူ့ရဲ့ ကြော်ငြာရိုက်ကွင်းနှစ်ခုက အမှတ်တရတွေ ကို ဗီဒီယိုလေး နဲ့တကွ ချပြလာတဲ့ နေတိုး
|ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက် တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ နေတိုးက အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။ နေတိုးက အကယ်ဒမီဆုကြီး သုံးဆုတိတိ ကို ရရှိထားပြီး လက်ရှိမှာလည်း သူမြတ်နိုး တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နေတိုးက သူ့ရဲ့ ပရိသတ်တွေအတွက် လက်ရှိရေပန်းစားနေတဲ့ သူ့ရဲ့ကြော်ငြာနှစ်ခုရဲ့ ရိုက်ကွင် နောက်ကွယ်က အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ နေတိုးက “ကျွန်တော်တင်ပေးချင်တာတစ်ခုတည်းပါ။ ပရိသတ်တွေရဲ့ comment တွေကိုဖ တ်ကြည့်လိုက်တော့ အားလုံးအဆင်ပြေမဲ့နည်းတစ်ခုကိုစဉ်းစားဖြစ်ပါတယ် ။
Bella mask ကိုကြည့်ချင်တဲ့ ပရိသတ်ရော mytel ကိုကြည့်ချင်တဲ့ပရိသတ်ရော 2ခုလုံးကိုကြည့်ချင်ပါတယ်ဆိုတဲ့ပရိသတ်ရော။ 1ခုတည်းပဲတင်ချင်တဲ့ကျွန်တော့်ဆန္ဒရော အားလုံးရဲ့ ဆန္ဒတွေအဆင်ပြေသွားအောင် ကျွန်တော်လုပ်လိုက်တာက Making 2ခု ကို 1ခုတည်းဖြစ်အောင်ပေါင်းပေးလိုက်ပါတယ်။ ဘယ်အရာမှာမဆို လူတွေဟာမတူညီတဲ့ ဆန္ဒတွေ ရှိကြမှာပါ အားလုံးအဆင်ပြေဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ တစ်ခုတည်းဖြစ်အောင်ပေါင်းစည်းသင့်ရင်ပေါင်းစည်းနိုင်ဖို့အရေးကြီးမယ်ထင်ပါတယ်…” ဆိုပြီး သူ့ရဲ့ ဗီဒီယိုလေးကို အခုလိုပဲမျှဝေပေးလာပါတယ်။
နေတိုးကတော့ ဘယ်အလုပ်ကိုမဆို စေ့စေ့စပ်စပ် လုပ်ကိုင်တတ်သူတစ်ယောက်ပီပီ ကြော်ငြာရိုက်ကွင်းမှာလည်း လုပ်ငန်းရှင်တွေစိတ်တိုင်းကျ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ရိုက်ကွင်းနောက်ကွယ်က လှုပ်ရှားမှုဗီဒီယိုတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။
Source: Nay Toe’s fb
Bilie – Cele Connections