တရုတ်နဲ့ အမေရိကန်ကြား မှာ မြန်မာ ကြားညပ် နေရတဲ့ အဓိက အကြောင်းအရင်း

ယနေ့လိုင်းပေါ် မှာ တင်နေတဲ့ သတင်းတွေ ထဲမှာ တရုပ် နဲ့ အမေရိကန်ပြဿနာမှာ မြန်မာပြည်က ကြားညပ်နေတာ ဘာညာနဲ့ တွေ့နေရတယ်.။ ယခု တရုပ်အရေးက မြန်မာကြားညပ်မယ်ဆိုတာ ကြားညပ်အောင် လုပ်ထားတဲ့ စစ်အာဏာရှင်တို့နှင့် အပေါင်းအပါတွေရဲ့ တကိုယ်ကောင်းဆန် လောဘစိတ်တွေကြောင့်ပဲလို့ အရင်ပြောပါရစေ.။ အမေရိကန်နဲ့ တရုပ်ရဲ့အရေးဟာ. တစ်ဖြေးဖြေးခြင်း ကြီးထွားလာတော့ စစ်အာဏာရူးတွေအတွက်တော့ အခက်တွေ့လာတာ အမှန်ပါပဲ.။ လူမသိအောင် လုပ်ထားတဲ့ ကိစ္စတစ်ချို့ ဗူးပေါ်သလို ပေါ်လာမှာကိုလဲ စိုးရိမ်နေတာအမှန်ပဲ.။

AMPHIBIOUS LANDING DURING TROPEX 2013

ယနေ့အချိန်မှာ စစ်အာဏာရူး အာဏာရှင်တွေ ညတောင် အိပ်ပျော်ကြပါ့မလားမသိဘူးဗျ.။ ယခု အမေရိကန်နဲ့ မဟာမိတ်တွေဟာ တောင်တရုပ်ပင်လယ်မှာ တပ်ဆွဲထားကြပြီး အမေရိကန်နဲ့ အိန္ဒိယရေတပ်က ပူးပေါင်းပြီး အိန္ဒိယသမုဒ္ဒရာမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရာ ကနေ ဘင်္ဂလားပင်လယ်အော်ဘက်ကိုရောက်လာတယ်လို့ သိရပါတယ်.။ အဲ့ဒီ ဘင်္ဂလားပင်လယ်ကို. အမေရိကန်တပ်တွေ ရွှေ့လာတာဟာ စစ်အာဏာရှင်အတွက် အခက်တွေ့လာတယ်ဆို ထင်မှားစရာမရှိပါဘူး.။ စစ်အာ ဏာရှင်တွေရဲ့ လုပ်ထားတဲ့ပြစ်မှုက ကြီးပါတယ်.။

ခင်များတို့ ကျွန်တော်တို့ သိကြတဲ့အတိုင်း လွန်ခဲ့တဲ့ရက်ပိုင်းက စိန့်မာတင်ကျွန်းအကြောင်းကို ဆောင်းပါးရေးတဲ့ ဆရာသရဝဏ် (ပြည်) ကို ကြံ့ခိုင်ရေးက တရားဆွဲတယ်ဆိုတဲ့ကိစ္စကို အားလုံးသိကြမှာပါ.။ ဒါက ပြည်သူလူထူကို အာရုံလွှဲတဲ့ ရည်ရွယ်ချက် တစ်ခုလောက်သာဖြစ်တယ်.။ တကယ်တော့ ကိုကိုးကျွန်းကိစ္စကို ပြည်သူလူထုသိလာမှာစိုးလို့ ဖြစ်ပါလိမ့်မယ်.။

ယနေ့ ကိုကိုးကျွန်းကို မြန်မာ့တပ်မတော်က တရုပ်ရေတပ်ကို စစ်စခန်းချခွင့်ပေးထားတယ်ဆိုတဲ့ ကိစ္စပါ.။ တရုပ်ဟာ. ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူကနေ ရေနံပိုက်လိုင်းနဲ့ ဂက်စ် ပိုက်လိုင်းနှစ်ခုကို မြန်မာပြည်အလယ် ဗဟိုကိုဖြတ်ပြီး တရုပ်ပြည်ထိ သွယ်တန်းထားတာ လူတိုင်းအသိ ဖြစ် မှာပါ.။ အဲ့ဒီအတွက် လုံခြုံရေးအတွက် တရုပ်ရေတပ်ကို စစ်စခန်းပေးဖွင့်ထားတယ်လို့ သိရပါတယ်.။

အမေရိကန်က လွန်ခဲ့တဲ့ဆယ်စုနှစ်ပိုင်းထဲက အာရှအလယ်ပိုင်းကို ကြီးစိုးနိုင်ဖို့ ကိုကိုးကျွန်းကို ရေတပ်စခန်းဖွင့်ဖို့အတွက် စစ်အာဏာရှင်တွေကိုကမ်းလှမ်းခဲ့တာ မိတ်ဆွေအတော်များများ သိထားကြပြီး ဖြစ်ပါလိမ့်မယ်.။ တရုပ်ဟာ အဲ့ဒီရေနံ ပိုက်လိုင်းကနေ ရေနံတင်သင်္ဘောကြီးတွေမှတစ်ဆင့် တရုပ်ပြည်ကို ရေနံတရားမဝင် တင်သွင်းနေတာပါ.။ အဲ့ဒီအတွက် စစ်အာဏာရှင်ကြီးတွေဟာ ထိုက်သင့်တဲ့ အကျိုးအမြတ်ကို တရုပ်ဆီက ရရှိနေမယ်ဆိုတာ မလွဲပါဘူးဗျာ.။ အဲ့အတွက်ကြောင့် အမေရိကန်ဟာ ကိုကိုးကျွန်းမှာ အခြေချထားတဲ့ တရုပ်စစ်စခန်းကို မောင်းထုတ်ချင်လို့ ဘင်္ဂလားပင်လယ်ကို ရေတပ်သင်္ဘောတွေ စေလွှတ်လိုက်တာလို့ ယူဆရပါတယ်.။

‌နောက်တစ်ချက်ကတော့ အာရှလမ်းမကြီးကိစ္စ ဖြစ်ပါလိမ့်မယ်.။ အဲ့ဒါက ရခိုင်ပြည်နယ်အတွင်းကနေ ဖောက်တဲ့လမ်းကြီးပါပဲ.။ ဒီအာရှလမ်းမကြီးရဲ့ အစီအစဉ်ကို အမေရိကန်အနေနဲ့ ရအောင်ဖျက်မဲ့သဘော ရှိပါတယ်.။ ယခုလက်ရှိအစိုးရကတော့ အိန္ဒိယနဲ့ လမ်းသစ်တစ်ခုအတွက် စာချုပ်ချုပ်ပြီး လုပ်နေတာ ကို တရုပ်က အေအေကို ထောက်ပံ့ပြီး ပျက်အောင် ဖျက်ခိုင်းထားတဲ့သဘောရှိတယ်.။

ဒါပေမဲ့. ယမန်နေ့မနက်က ထွန်းမြတ်နိုင် ပြောဆိုတာကတော့ တရုပ်ကသာ ထောက်ပံ့ပေးနေမယ်ဆိုရင် နေပြည်တော်ကိုတောင် ဝင်တိုက်ပြီးပြီဆိုတဲ့ လေသံထွက်လာတယ်.။ ဒါဆိုရင်တော့ သေချာသွားပြီ. ထွန်းမြတ်နိုင်ပါ ပတ်ပြေးတော့မဲ့ သဘောရှိနေတယ်.။ ကာချုပ်ကြီးကတော့ တရုပ်ကြီးကို ပြေးပြီးဖားလိုက်တာ တရုပ် ကိုသဝဏ်လွှာ အစောဆုံးပို့တဲ့နိုင်ငံအဖြစ် သဝဏ်လွှာပေးပို့ခဲ့တာ တွေ့ရမှာပါ.။

ကံဆိုးတာက. အဲ့ဒီနေ့နောက်တစ်ရက်မှာပဲ အမေရိကန်သံရုံးက တရုပ်ကို စတင်စကားစစ်ထိုးလိုက်တာကို တွေ့လိုက်ရတယ်.။ အဲ့အချိန်မှာ ခဲခုသွားရှာတယ်လေ.။ နောက်ဆုံးတစ်ချက်ကတော့ ယနေ့လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ စစ်တပ်ကလုပ်သမျှကို အစိုးရက မသိရသလိုပြည်သူလူထုကလဲ မသိကြရတဲ့အခြေအနေမှာ.။ ပြည်သူတင်တဲ့အစိုးရ တက်လာတဲ့အခါမှာ စစ်အာဏာရှင်တွေရဲ့ ခိုးထားတဲ့ငွေကြေးတွေ.။ သစ်နဲ့ သယံဇာတတွေ၊ မှုးယစ်ဆေးဝါးတွေက ရတဲ့ငွေကြေးအများစုဟာ စင်္ကာပူနိုင်ငံနဲ့ တရုပ်နိုင်ငံကဘဏ်တွေ မှာ ထားကြရာကနေ.။ ပြည်သူ့အစိုးရ. (NLD) တက်လာတဲ့ အချိန်မှာတော့ စင်္ကာပူနိုင်ငံဘဏ်တွေမှာ ရှိတဲ့ငွေကြေးတွေကို တရုပ်နိုင်ငံကို အကုန်ပြောင်းရွှေ့သွားကြတယ်.။

အဲ့ဒီအထဲမှာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေပါ ပါသေးတယ်.။ အေအေ ခေါင်းဆောင် ထွန်းမြတ်နိုင်ဆိုရင် သူရဲ့မိသားစုတွေတောင် တရုပ်နိုင်ငံသား ခံထားကြသေးတယ်.။ အဲ့ဒီတော့ သူတို့အာဏာရှင်နဲ့ လက်နက်ကိုင်တွေက တရုပ်ဘက်က လိုက်ကြ ရတော့မှာပါ.။ တရုပ်ဘက်က မလိုက်ရင် သူတို့ရဲ့ ငွေကြေးတွေဟာ တရုပ်ကြီးက အကုန်သိမ်းလိုက်မှာပါ.။ အဲ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ ကြားညပ်နေမှာပါ အမှန်ပါပဲ.။ နောက်မှပဲ. နောက်ဆက်တွဲကို ဆက်ရေးပါ့မယ်.။

လေးစားစွာဖြင့် (AmstAmst)

Add a Comment

Your email address will not be published. Required fields are marked *

one × two =