COVID-19 Case-185 အမ်ိဳးသား ၏ မိသားစုဝင္ မ်ားႏွင့္ ထိေတြ႕ဆက္ဆံ ခဲ့သူ ၁၁ ဦးႏွင့္ ထိုင္းမွ ျပန္လာသည့္ လုပ္သား (၁၃၄) Negative အေျဖထြက္

COVID-19 Case-185 အမ်ိဳးသား ၏ မိသားစုဝင္ မ်ားႏွင့္ ထိေတြ႕ဆက္ဆံ ခဲ့သူ ၁၁ ဦးႏွင့္ ထိုင္းမွ ျပန္လာသည့္ လုပ္သား (၁၃၄) Negative အေျဖထြက္

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈ ဌာနသို႔ ေပးပို႔စစ္ေဆးရာ တြင္ COVID-19 Case-185 အမ်ိဳးသား၏ မိသားစုဝင္မ်ားႏွင့္ ထိေတြ႕ဆက္ဆံ ခဲ့သူ ၁၁ ဦးႏွင့္ ထိုင္းမွျပန္လာသည့္ လုပ္သား ၁၃၄ ဦး၏ နမူနာမ်ားကို ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္သည္။Simple (နမူနာ) ကေလ ၁၄၄ ေယာက္ကေတာ့ ျပန္ရၿပီအေျဖက၊ တစ္ခု ကေတာ့ မရေသးဘူး။ error တက္ေနလို႔။ အဲဒါျပန္ၿပီး လုပ္ရမယ္ေပါ့ေနာ္။ ျပန္ၿပီးလုပ္မယ္ ဆိုတာက swab (ဓာတ္ခြဲစစ္ေဆးမည့္ လည္ေခ်ာင္းႏွင့္ ႏွာေခါင္းတို႔ဖတ္ နမူနာ) ျပန္ပို႔စရာေတာ့မလိုဘူး။ သူတို႔ဟာ သူတို႔လက္က်န္နဲ ့ျပန္လုပ္မယ္။ ဒီည ပါရင္ပါမယ္၊ ဒါမွမဟုတ္ မနက္ေပါ့ေနာ္။ အေျဖကေတာ့ မနက္ပါႏိုင္တယ္။ Positive ေတြ႕တဲ့ မေလးရွားျပန္ နဲ႔ ပတ္သက္ၿပီး Quarantine ထားတဲ့ closed contact ၁၁ ေယာက္ရွိတယ္။ မိသားစုဝင္ေတြအျပင္ သူ႔သားရဲ႕ ရည္းစားပါတယ္။ က်န္တဲ့ သူေတြေတာ့ မပါဘူး။ ရည္းစား ရဲ႕ သူငယ္ခ်င္းေတြ ကိုေတာ့ Home Stay ပဲေနေပါ့ေနာ္။ ဒီဘက္က အေျဖ ကိုၾကည့္ၿပီး ဆက္လုပ္စရာရွိတာ လုပ္မယ္ေပါ့။ အခုက မိသားစုဝင္ေတြနဲ႔ ထိေတြ႕မႈရွိတဲ့ ၁၁ ေယာက္ပါပဲ။ ၁၁ ေယာက္စလုံး Negative ပဲ” ဟု တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန မွ ေျပာေရး ဆိုခြင့္ ရသူ ေဒါက္တာေထြးျမစိုးက ေျပာၾကား သည္။

ဓာတ္ခြဲနမူနာ တစ္ခုမွာ ဓာတ္ခြဲ နည္းစနစ္ အခက္အခဲ ႀကဳံေတြ႕ရသျဖင့္ အေျဖထုတ္ျပန္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း တိုင္းေဒသႀကီး ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။ထားဝယ္ျပည္သူ႔ေဆး႐ုံႀကီး သီးသန႔္လူနာေဆာင္၌ ထားရွိကုသမႈ ေပးေနသည့္ အသက္ ၄၆ ႏွစ္ အ႐ြယ္ Case-185 အမ်ိဳးသားမွာ အနံ႔ခံအာ႐ုံ ေပ်ာက္ဆုံးေနသည္မွ လြဲ၍ ဖ်ားနာျခင္းႏွင့္ အျခား လကၡဏာမ်ားျပသျခင္း မရွိဘဲ အေျခအေန ေကာင္းမြန္ေနေၾကာင္း သိရသည္။ထို႔ျပင္ Case-185 ႏွင့္အတူ မေလးရွားႏိုင္ငံမွ ေလေၾကာင္းျဖင့္ ဝင္ေရာက္လာၿပီး ရန္ကုန္ေလဆိပ္ မွ ထားဝယ္ၿမိဳ႕သို ့ေရာက္လာသူ ၂၁ ဦးကို သြားေရာက္ႀကိဳဆို ခဲ့သည့္ ကားသမား ႏွစ္ဦးအား Quarantine ထားရွိ ထားသည့္အျပင္ ထားဝယ္ၿမိဳ႕သို႔ ေရာက္ရွိစဥ္ ေ႐ႊဝယ္သီရိ အားကစားကြင္းႏွင့္ ထားဝယ္တကၠသိုလ္ ေ႐ႊဝယ္ထိပ္ထား အေဆာင္၌ သြားေရာက္ႀကိဳဆိုကာ လိုအပ္သည္မ်ား စီစဥ္လုပ္ေဆာင္ ေပးခဲ့သူမ်ားကိုလည္း closed contacts အျဖစ္ စာရင္းေကာက္ယူေနၿပီး ဓာတ္ခြဲနမူနာမ်ားရယူကာ စစ္ေဆးသြားရန္ရွိေၾကာင္း ထားဝယ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးထံမွ သိရသည္။

Case-185 နဲ ့ထိေတြ႕တဲ့ ကြင္းဆက္ေတြကိုေတာ့ Swab ယူဖို႔လုပ္ေနတယ္။ လက္ရွိစာရင္းကို လိုက္ေနတုန္းပဲ။ ရန္ကုန္မွာ သြားႀကိဳတာ ကားသမားနဲ႔ စပယ္ရာပဲပါတယ္ေလ။ ဒီမွာက်ေတာ့ သူတို႔ေရာက္တဲ့ အခါက်ေတာ့ သူတို႔နဲ ့ထိေတြ႕တဲ့ ကြင္းဆက္ေလးေတြကိုေတာ့ လိုက္ေနတယ္။ Sawb ေတာ့ယူမယ္၊ Quarantine ကေတာ့ လိုအပ္ရင္ ဝင္ရမယ္။ အဓိက Swab ကိုအရင္ယူရမယ္။ Swab ယူၿပီးမွပဲ အေျဖသိမယ္” ဟု ခ႐ိုင္အဆင့္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းေကာ္မတီ (ထားဝယ္ခ႐ိုင္) ဥကၠ႒ျဖစ္သူ ထားဝယ္ခ႐ို္င္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္စိုးမိုး ထံမွ သိရသည္။

ေ႐ႊဝယ္သီရိ အားကစားရင္ျပင္၌ ထားရွိထားသည့္ ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕မွ ဝင္ေရာက္လာေသာ ေနရပ္ျပန္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားအနက္ Negative အေျဖထြက္ရွိခဲ့သူ ၁၀၀ ခန႔္ကို ေမ ၂၁ ရက္ နံနက္ပိုင္းတြင္ တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ ဘူတာႀကီးသို ့ပို႔ေဆာင္ သြားရန္ စီစဥ္ထားၿပီး ယင္းမွတဆင့္ မီးရထားျဖင့္ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ သြားမည္ျဖစ္ေၾကာင္း၊ လက္ရွိ အေျဖထြက္ေပၚျခင္း မရွိေသးသည့္ တစ္ဦးကိုလည္း ေစာင့္ၾကည့္ေနၿပီး က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ အေျဖအေပၚ မူတည္ကာ ေနရပ္ (သို႔မဟုတ္) ထားဝယ္ျပည္သူ ့ေဆး႐ုံႀကီးထံ တင္ပို႔သြားမည္ဟု ဦးေအာင္စိုးမိုးက ေျပာၾကားသည္။

ထိုင္းႏိုင္ငံ ရေနာင္းခ႐ိုင္၌ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ အခ်ဳပ္က် ခံေနရသည့္ ျမန္မာႏိုင္ငံအႏွံ႔မွ ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားအနက္ ပထမအသုတ္အျဖစ္ အမ်ိဳးသား ၁၅၈ ဦးႏွင့္အမ်ိဳးသမီး ၂၀ ဦး စုစုေပါင္း ၁၇၈ ဦးမွာ ေကာ့ေသာင္းနယ္စပ္မွတဆင့္ ျမန္မာျပည္တြင္းသို ့ေမလ ၁၅ ရက္ေန႔က ျပန္လည္ ဝင္ေရာက္လာခဲ့ၿပီး အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီး မ်ားမွ ေ႐ႊ ့ေျပာင္းအလုပ္သမားမ်ား ၉၀ ေက်ာ္ခန႔္ကို ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ရန္ ထားဝယ္ၿမိဳ႕ ေ႐ႊဝယ္သီရိ အားကစားကြင္း၌ ေခတၱထားရွိခဲ့ျခင္း ျဖစ္သည္။ေမ ၁၂ ရက္က မေလးရွားႏိုင္ငံမွ ျပန္လည္ေရာက္ ရွိလာသူ ၂၁ ဦးစလုံးအား ထားဝယ္တကၠသိုလ္ဝင္း အတြင္း ရွိ ေ႐ႊဝယ္ထိပ္ထား အေဆာင္၌ သီးသန႔္ထားရွိၿပီး အဆိုပါ ၂၁ ဦးစလုံးကို COVID-19 ဗိုင္းရပ္စ္ပိုး ကူးစက္ ခံရမႈ ရွိမရွိ Swab နမူနာမ်ား ရယူစစ္ေဆးခဲ့ရာ၌ လက္ရွိ COVID-19 ဗိုင္းရပ္စ္ပိုး ကူးစက္ခံ ရေၾကာင္း ေတြ႕ရွိခဲ့သည့္ Case-185 အမ်ိဳးသားတစ္ဦးမွလြဲ၍ က်န္ရွိသည့္ ၂၀ ဦးစလုံးတြင္ ေရာဂါပိုး ကူးစက္ခံရမႈ မရွိေၾကာင္း အေျဖထြက္ေပၚ ခဲ့သည္ဟု သိရသည္။

crd : panpyoelat

unicode

COVID-19 Case-185 အမျိုးသား ၏ မိသားစုဝင် များနှင့် ထိတွေ့ဆက်ဆံ ခဲ့သူ ၁၁ ဦးနှင့် ထိုင်းမှ ပြန်လာသည့် လုပ်သား (၁၃၄) Negative အဖြေထွက်

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဌာနသို့ ပေးပို့စစ်ဆေးရာ တွင် COVID-19 Case-185 အမျိုးသား၏ မိသားစုဝင်များနှင့် ထိတွေ့ဆက်ဆံ ခဲ့သူ ၁၁ ဦးနှင့် ထိုင်းမှပြန်လာသည့် လုပ်သား ၁၃၄ ဦး၏ နမူနာများကို ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်သည်။Simple (နမူနာ) ကလေ ၁၄၄ ယောက်ကတော့ ပြန်ရပြီအဖြေက၊ တစ်ခု ကတော့ မရသေးဘူး။ error တက်နေလို့။ အဲဒါပြန်ပြီး လုပ်ရမယ်ပေါ့နော်။ ပြန်ပြီးလုပ်မယ် ဆိုတာက swab (ဓာတ်ခွဲစစ်ဆေးမည့် လည်ချောင်းနှင့် နှာခေါင်းတို့ဖတ် နမူနာ) ပြန်ပို့စရာတော့မလိုဘူး။ သူတို့ဟာ သူတို့လက်ကျန်နဲ့ပြန်လုပ်မယ်။ ဒီည ပါရင်ပါမယ်၊ ဒါမှမဟုတ် မနက်ပေါ့နော်။ အဖြေကတော့ မနက်ပါနိုင်တယ်။ Positive တွေ့တဲ့ မလေးရှားပြန် နဲ့ ပတ်သက်ပြီး Quarantine ထားတဲ့ closed contact ၁၁ ယောက်ရှိတယ်။ မိသားစုဝင်တွေအပြင် သူ့သားရဲ့ ရည်းစားပါတယ်။ ကျန်တဲ့ သူတွေတော့ မပါဘူး။ ရည်းစား ရဲ့ သူငယ်ချင်းတွေ ကိုတော့ Home Stay ပဲနေပေါ့နော်။ ဒီဘက်က အဖြေ ကိုကြည့်ပြီး ဆက်လုပ်စရာရှိတာ လုပ်မယ်ပေါ့။ အခုက မိသားစုဝင်တွေနဲ့ ထိတွေ့မှုရှိတဲ့ ၁၁ ယောက်ပါပဲ။ ၁၁ ယောက်စလုံး Negative ပဲ” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ပြောရေး ဆိုခွင့် ရသူ ဒေါက်တာထွေးမြစိုးက ပြောကြား သည်။

ဓာတ်ခွဲနမူနာ တစ်ခုမှာ ဓာတ်ခွဲ နည်းစနစ် အခက်အခဲ ကြုံတွေ့ရသဖြင့် အဖြေထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ထားဝယ်ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင်၌ ထားရှိကုသမှု ပေးနေသည့် အသက် ၄၆ နှစ် အရွယ် Case-185 အမျိုးသားမှာ အနံ့ခံအာရုံ ပျောက်ဆုံးနေသည်မှ လွဲ၍ ဖျားနာခြင်းနှင့် အခြား လက္ခဏာများပြသခြင်း မရှိဘဲ အခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။ထို့ပြင် Case-185 နှင့်အတူ မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် ဝင်ရောက်လာပြီး ရန်ကုန်လေဆိပ် မှ ထားဝယ်မြို့သို့ရောက်လာသူ ၂၁ ဦးကို သွားရောက်ကြိုဆို ခဲ့သည့် ကားသမား နှစ်ဦးအား Quarantine ထားရှိ ထားသည့်အပြင် ထားဝယ်မြို့သို့ ရောက်ရှိစဉ် ရွှေဝယ်သီရိ အားကစားကွင်းနှင့် ထားဝယ်တက္ကသိုလ် ရွှေဝယ်ထိပ်ထား အဆောင်၌ သွားရောက်ကြိုဆိုကာ လိုအပ်သည်များ စီစဉ်လုပ်ဆောင် ပေးခဲ့သူများကိုလည်း closed contacts အဖြစ် စာရင်းကောက်ယူနေပြီး ဓာတ်ခွဲနမူနာများရယူကာ စစ်ဆေးသွားရန်ရှိကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Case-185 နဲ့ထိတွေ့တဲ့ ကွင်းဆက်တွေကိုတော့ Swab ယူဖို့လုပ်နေတယ်။ လက်ရှိစာရင်းကို လိုက်နေတုန်းပဲ။ ရန်ကုန်မှာ သွားကြိုတာ ကားသမားနဲ့ စပယ်ရာပဲပါတယ်လေ။ ဒီမှာကျတော့ သူတို့ရောက်တဲ့ အခါကျတော့ သူတို့နဲ့ထိတွေ့တဲ့ ကွင်းဆက်လေးတွေကိုတော့ လိုက်နေတယ်။ Sawb တော့ယူမယ်၊ Quarantine ကတော့ လိုအပ်ရင် ဝင်ရမယ်။ အဓိက Swab ကိုအရင်ယူရမယ်။ Swab ယူပြီးမှပဲ အဖြေသိမယ်” ဟု ခရိုင်အဆင့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ (ထားဝယ်ခရိုင်) ဥက္ကဋ္ဌဖြစ်သူ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး ထံမှ သိရသည်။

ရွှေဝယ်သီရိ အားကစားရင်ပြင်၌ ထားရှိထားသည့် ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဝင်ရောက်လာသော နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁၀၀ ခန့်ကို မေ ၂၁ ရက် နံနက်ပိုင်းတွင် တပ်မတော် မော်တော်ယာဉ်များဖြင့် မွန်ပြည်နယ် မော်လမြိုင် ဘူတာကြီးသို့ပို့ဆောင် သွားရန် စီစဉ်ထားပြီး ယင်းမှတဆင့် မီးရထားဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အဖြေထွက်ပေါ်ခြင်း မရှိသေးသည့် တစ်ဦးကိုလည်း စောင့်ကြည့်နေပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အဖြေအပေါ် မူတည်ကာ နေရပ် (သို့မဟုတ်) ထားဝယ်ပြည်သူ့ဆေးရုံကြီးထံ တင်ပို့သွားမည်ဟု ဦးအောင်စိုးမိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်၌ အကြောင်းအမျိုးမျိုးဖြင့် အချုပ်ကျ ခံနေရသည့် မြန်မာနိုင်ငံအနှံ့မှ ရွှေ့ပြောင်း အလုပ်သမားများအနက် ပထမအသုတ်အဖြစ် အမျိုးသား ၁၅၈ ဦးနှင့်အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၁၇၈ ဦးမှာ ကော့သောင်းနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့မေလ ၁၅ ရက်နေ့က ပြန်လည် ဝင်ရောက်လာခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များမှ ရွှေ့ပြောင်းအလုပ်သမားများ ၉၀ ကျော်ခန့်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်း၌ ခေတ္တထားရှိခဲ့ခြင်း ဖြစ်သည်။မေ ၁၂ ရက်က မလေးရှားနိုင်ငံမှ ပြန်လည်ရောက် ရှိလာသူ ၂၁ ဦးစလုံးအား ထားဝယ်တက္ကသိုလ်ဝင်း အတွင်း ရှိ ရွှေဝယ်ထိပ်ထား အဆောင်၌ သီးသန့်ထားရှိပြီး အဆိုပါ ၂၁ ဦးစလုံးကို COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက် ခံရမှု ရှိမရှိ Swab နမူနာများ ရယူစစ်ဆေးခဲ့ရာ၌ လက်ရှိ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရကြောင်း တွေ့ရှိခဲ့သည့် Case-185 အမျိုးသားတစ်ဦးမှလွဲ၍ ကျန်ရှိသည့် ၂၀ ဦးစလုံးတွင် ရောဂါပိုး ကူးစက်ခံရမှု မရှိကြောင်း အဖြေထွက်ပေါ် ခဲ့သည်ဟု သိရသည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

2 + seventeen =