ဘဝမှာ ပြန်မပြောချင်တဲ့ အရာတွေနဲ့ ကြုံခဲ့ရ လို့ ဖန်သားပြင်ပေါ် မှာလို မလှပတဲ့ မင်းသမီးတစ်ယောက် ရဲ့ အတက်အကျတွေ အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦး

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ကြော်ငြာတခေတ်ရဲ့ ဘုရင်မလို့ ဆိုရလောက်အောင် လျှမ်းလျှမ်းတောက်အောင်မြင် ခဲ့တဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးကတော့ယခုထက်တိုင် ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို ရယူထားနိုင်ဆဲပါ။သူမအနေနဲ့ ဘယ်လိုအခက်အခဲပဲရင်ဆိုင်ရသည်ဖြစ်စေ အစဉ်အမြဲ ရှေ့ဆက်နိုင်ခဲ့ တာဟာယခုထက်တိုင် ချစ်မြတ်နိုးနေကြတဲ့ ပရိသတ်တွေကြောင့်ပါလို့ ထက်ထက်မိုးဦးကဆိုပါတယ်။

“အသက် (၁၅) နှစ် လောက်မှာ မှုံရွှေရည် နာမည် နဲ့ အနုပညာ စ လုပ်ခဲ့တယ်။ ထက်ထက်မိုးဦး ဆိုပြီး လူသိလာဖို့ အသိမိတ်ဆွေ တစ်ယောက်မှ မရှိတဲ့ ရန်ကုန်မြို့မှာ ရုန်းကန်ရင်း (၆)နှစ် လောက် ဒုက္ခခံ ကြိုးစားခဲ့ရတယ်။ မိသားစု ပံ့ပိုးမှု မရှိဘဲ တစ်ယောက်တည်း ရပ်တည်ခဲ့ရတဲ့ မင်းသမီး တစ်ယောက် ရဲ့ဘဝက ဖန်သားပြင် ပေါ်မှာလို မလှပပါဘူး” လို့ သူမရဲ့ ဘဝအကြောင်းပြန်ပြောင်းပြောပြလာခဲ့တာပါ။

“၆ နှစ်လောက်တော်တော်ရုန်းကန်ခဲ့ပြီးမှ ရုပ်ရှင်ကားကြီး စရိုက်ခွင့်ကို မိမိရရ ရခဲ့တာပါ။ကိုနဲ့အသိအကျွမ်း မရှိတဲ့ ဒီရန်ကုန်မြို့မှာ နေရ ထိုင်ရတာကို တအားကိုခက်ခဲခဲ့ပြီးတော့ ဘဝမှာပြန်မပြောချင်တဲ့ အရာတွေနဲ့ ကြုံခဲ့ရတယ်….တခြားမင်းသမီးတွေကတော့ ကိုယ့်လို မဟုတ်ဘူးပေါ့ အမေရှိမယ် အမတွေရှိမယ် မိသားစု စုံစုံလင်လင်ရှိတာပေါ့.. ကိုယ်ကတော့ တစ်ယောက်တည်း ကြိုးစားရတာပေါ့…ကိုယ်ပိုက်ဆံရှိလာတော့ အလှူအတန်းတွေလုပ်ဖြစ်တာက စုတာထက်ပိုများခဲ့တယ်…. ကိုယ်လှူထားတဲ့ ကိစ္စတွေမပြီးပြတ်သေးရင်လည်း ငါကြိုးစားပြီးရှာရမယ်ဆိုတဲ့စိတ်နဲ့ ပဲကြိုးစားခဲ့တာပါ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

ဒါကတော့ ထက်ထက်မိုးဦးပြောပြလာတဲ့ သူမဘဝဇာတ်ကြောင်း တစေ့တစောင်းပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးကို ချစ်ရင် အားပေးစကားလေးပြောသွားခဲ့ကြပါအုန်းနော်။

Add a Comment

Your email address will not be published. Required fields are marked *

20 + five =