ေက်ာင္းေတြ ပိတ္ထားတာ မ်ားရင္ ကေလးေတြ ပညာသင္ခ်င္ စိတ္ေလ်ာ့နည္းသြား မွာျဖစ္ေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ဆို

ေက်ာင္းေတြ ပိတ္ထားတာ မ်ားရင္ ကေလးေတြ ပညာသင္ခ်င္ စိတ္ေလ်ာ့နည္းသြား မွာျဖစ္ေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ဆို

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေက်ာင္းမ်ား ပိတ္ထားတာမ်ားရင္ ကေလးေတြအေနနဲ႔ ပညာသင္ခ်င္စိတ္ေလ်ာ့နည္းသြားမွာျဖစ္ေၾကာင္း ေမလ (၁၉) ရက္ေန႔က ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ အျပန္အလွန္ေဆြးေႏြးရာမွာ ထည့္သြင္း ေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ အေျခခံပညာအထက္ေက်ာင္းမ်ား ကို ဇူလိုင္လအေစာပိုင္းတြင္ ဖြင့္လွစ္ရန္ ရည္မွန္းထားေနခဲ့တာပါ။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပညာေရးဟာ ရပ္ထာလို႔ မရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားခဲ့တာပါ။

“ႏိုင္ငံတစ္ႏိုင္ငံရဲ႕ပညာေရးဆိုတာ ရပ္ထားလို႔မရဘူး။ ခေလးေတြဟာ ေက်ာင္း နဲ႔ကင္းကြာသြားတဲ့အခါ ပညာသင္ခ်င္တဲ့စိတ္ကနည္းနည္းေလ်ာ့သြားတယ္။ ေက်ာင္းေတြပိတ္တာမ်ားရင္ ပညာေရးဘက္ကို တကယ္အထိနာပါတယ္။ ေနာက္က်မွ ျမန္ျမန္ဆန္ဆန္ေအာင္တဲ့သူေတြမ်ားေအာင္လို႔ဆိုၿပီး ျဖတ္လမ္းနည္းနဲ႔ သင္ေပး လိုက္တာကလည္း ဘြဲ႕ေတာ့ရသြားတာေပါ့။ ဘြဲ႕ရ႐ုံနဲ႔ ပညာတတ္တာမွဘမဟုတ္ဘဲ။

ကြၽန္မတို႔သိတဲ့ပညာေရးက ဘြဲ႕ရ႐ုံ ပညာေရးမ်ိဳးမဟုတ္ဘူး။ တကယ္ကို ကိုယ့္ အတြက္ေရာ၊ ကိုယ့္ပတ္ဝန္းက်င္အတြက္ေရာ၊ ကိုယ့္ႏိုင္ငံ ကိုယ့္ကမာၻႀကီးအတြက္ေရာ အက်ိဳးျပဳႏိုင္မယ့္ ပညာေရးမ်ိဳးကို ႏိုင္ငံကိုေပးခ်င္တာပါ။ အခု Covid ကိုရင္ဆိုင္တဲ့အခါမွာလည္း ပညာတစ္ခုပဲလို႔ ကြၽန္မကေတာ့ စဥ္းစားေစခ်င္တယ္”လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုသြားခဲ့တာပါ။

ဒါ့အျပင္ ကေလးေတြကို ေက်ာင္း ႀကိဳ၊ ပို႔ျပဳလုပ္တဲ့အခါမ်ိဳးမွာ ဆိုရင္ အသက္အ႐ြယ္ႀကီးရင့္တဲ့ ဘိုးဘြားမ်ားအေနနဲ႔ မျပဳလုပ္ဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားသြား ခဲ့ပါတယ္။

crd : panpyoelat

unicode

ကျောင်းတွေ ပိတ်ထားတာ များရင် ကလေးတွေ ပညာသင်ချင် စိတ်လျော့နည်းသွား မှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းများ ပိတ်ထားတာများရင် ကလေးတွေအနေနဲ့ ပညာသင်ချင်စိတ်လျော့နည်းသွားမှာဖြစ်ကြောင်း မေလ (၁၉) ရက်နေ့က ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အပြန်အလှန်ဆွေးနွေးရာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အခြေခံပညာအထက်ကျောင်းများ ကို ဇူလိုင်လအစောပိုင်းတွင် ဖွင့်လှစ်ရန် ရည်မှန်းထားနေခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးဟာ ရပ်ထာလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တာပါ။

“နိုင်ငံတစ်နိုင်ငံရဲ့ပညာရေးဆိုတာ ရပ်ထားလို့မရဘူး။ ခလေးတွေဟာ ကျောင်း နဲ့ကင်းကွာသွားတဲ့အခါ ပညာသင်ချင်တဲ့စိတ်ကနည်းနည်းလျော့သွားတယ်။ ကျောင်းတွေပိတ်တာများရင် ပညာရေးဘက်ကို တကယ်အထိနာပါတယ်။ နောက်ကျမှ မြန်မြန်ဆန်ဆန်အောင်တဲ့သူတွေများအောင်လို့ဆိုပြီး ဖြတ်လမ်းနည်းနဲ့ သင်ပေး လိုက်တာကလည်း ဘွဲ့တော့ရသွားတာပေါ့။ ဘွဲ့ရရုံနဲ့ ပညာတတ်တာမှဘမဟုတ်ဘဲ။

ကျွန်မတို့သိတဲ့ပညာရေးက ဘွဲ့ရရုံ ပညာရေးမျိုးမဟုတ်ဘူး။ တကယ်ကို ကိုယ့် အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော၊ ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာကြီးအတွက်ရော အကျိုးပြုနိုင်မယ့် ပညာရေးမျိုးကို နိုင်ငံကိုပေးချင်တာပါ။ အခု Covid ကိုရင်ဆိုင်တဲ့အခါမှာလည်း ပညာတစ်ခုပဲလို့ ကျွန်မကတော့ စဉ်းစားစေချင်တယ်”လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ကလေးတွေကို ကျောင်း ကြို၊ ပို့ပြုလုပ်တဲ့အခါမျိုးမှာ ဆိုရင် အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘွားများအနေနဲ့ မပြုလုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားသွား ခဲ့ပါတယ်။

crd : panpyoelat