ဆရာကြီး မင်းသိင်္ခ ၏ မန်ဒါလာ စက်ဝိုင်း ဗေဒင် နဲ့ ကိုယ့်ကံကြမ္မာကိုယ် ဆန်းစစ်နည်း

ကံကောင်းခြင်း ညံ့ခြင်းဆောင်ရန် ရှောင်ရန် အဖြေများကို ဖော်ပြပေး လိုက်ပါတယ်…

(၁) အိုးသစ်၊ အိမ်သစ်၊နေရာ ဌာနသစ်များသို့ ပြောင်းရွှေ့ရတတ်ပြီး ရာထူးတိုး တတ်သည်အကောင်းဆုံးသော အရာ များကို လက်ဝယ် ပိုင်ပိုင် ရလာစေနိုင်သည်။ လူမျိုးခြား နိုင်ငံခြားသားမိတ်ဆွေများနှင့်တွေ့ ဆုံရတတ်ပြီး အခွင့်ရေးကောင်းများ ရလာ မည်ပွဲအခမ်းအနားများသို့ တက်ရောက်ရ တတ်သည် ပြည်တွင်း၊ ပြည်ပ ခရီးများ အဆင်ပြေပြေသွားရတတ်သည်။

အကြိင်္းအကဲ၊ ဆွေမျိုးများ၏ ကူညီဖေးမခြင်း ခံရ တတ်ပြီး အဝေးမှ လက်ဆောင်များရတတ်သည်အချစ်ရေးကံ ကောင်းနေပြိင်္း ချစ်ခွင့်ပန်သူ များ နေမည်။ ပညာရေးကောင်း၏ အလုပ်အကိုင်အထူးအဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မယ်…ကျန်းမာရေးအထူးကောင်းမွန်နေချိန်ပါ နာတာရှည်ဖြစ်နေသူများ ဒီကာလမှာ ဆေးတိုးသွားနိုင်ပါတယ်။ ၅၊ ၆၊ ၉ ဂဏန်းများ အကျိုးပေးမည် ကံကောင်းသော အရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည် စနေထောင့်မှာတံခွန်နီ ၂ လက် ကပ်လှူပါ ကံကောင်းမှုဒီဂရီ ရာခိုင်နှုန်း ၇၀ % ထိရှိသည် ။

(၂) အသုံးဆောင်ပစ္စည်း၊ သင်နေတဲ့ အခန်းသည် အဖြူရောင် အလင်းရောင်များများရှိနေဖို့ လိုအပ်သည် …ပြဿနာပေါင်း များစွာကိုတာဝန်ယူ ဖြေရှင်းပေးနေရတတ်သည်။ အခက်ခဲများထဲမှ လွတ်မြောက်ဖို့ကြိုးစား ရင်း အကျပ်အတည်း ဖြစ်နေမည် လုပ်ငန်းများတွင်အထစ်အငေါ့လေး များ ရှိနေမည် ငွေကြေးအတွက် ပူပန်ရတတ်သည် ။ သူခိုးခိုးခံရကိန်းရှိသည် စက်ပစ္စည်းနှင့် ပက်သတ်ပြီး စကားများမည် ဘာသာရေး အဓိဌာန် ပြုလုပ်ပေးပါ …နေအိမ်သို့ ဧည့် ရောက်ပါက ‘၂’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။

ပညာရေးမှာ အောင်မြင်မှုများရရှိမည် ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည် အချစ်ရေးမှာ ကံကောင်းပါသည်။ ၂၊ ၅၊ ၆ ဂဏန်းများအကျိုးပေးမည် ကံကောင်းသော အရောင်မှာ ချောကလက်ရောင် ဖြစ်ပါသည် သောကြာနေ့တွင်နေအိမ်ဘုရားစင်မှာ ကောက်ညှင်းပေါင်းကပ်လှူပါ ကံကောင်းမှု ဒီဂရီရာခိုင်နှုန်း ၆၅ % ထိရှိသည် ။

(၃) သင့်ကို ပါတ်ဝန်းကျင်မှ ချစ်ခင်လေးစားမှုကို ခံရတတ်ပြီး တစ်ခါတရံ ခေါင်းမာခြင်း၊ အတ္တကြိင်္းခြင်းတွေကသင့်ရဲ့ လုပ်ငန်းများကိုအဟန့်အတား ဖြစ်စေတတ်သည်။ စိတ်စွမ်းအားကောင်းသူ တစ်ယောက်ဖြစ်၍ မည်သည့်လုပ်ငန်းမဆိုလုပ်ဆောင်ပါက အောင်မြင်မှုရရှိမည် …မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲလွန်းတဲ့ စိတ်ကိုလျော့ပါ..

အထက်လူအကြီးအကဲများရဲ့ ကူညီဖေးမခြင်း ခံရတတ်သည် ဝင်ငွေကောင်းသော်လည်း သူတစ်ပါးအတွက်ဖြည့်ဆည်းပေးနေရ၍ အဖတ်သိပ်မတင် ဖြစ်တတ်သည်။ မွေးနေ့ မွေးနံထာင့်မှာ သြဇာ ၉ညွန့်၊ သပြေ ၉ညွန့်၊ ကံ့ကော် ၉ ညွန့် လှူပါ အကျိုးပေးအရောင်မိုးပြာရောင် ဖြစ်ပါသည် ကံကောင်းမှု ဒီဂရီ ရာခိုင်နှုန်း ရှိမည် ။

(၄) ရဲရင့်ခြင်း၊ ထက်မြတ်ခြင်း၊ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းတို့ကြောင့် နာမည်ဂုဏ် သတင်း ကျော်ကြားခြင်းများရှိနေမည်.. အကောင်းဆုံးတွေကိုသာ ရရှိပိုင်ဆိုင်ဖို့ မဝေးတော့ပါ မေတ္တာကရုဏာစိတ်များလွန်းပြီးအားလုံးကို ကူညီ တတ်သူ၊ ချစ်ခင် တတ်သူဖြစ်သည်။

အရောင်းဝန်ထမ်း / အရောင်းဝယ်လုပ်ငန်းများ အကျိုးပေးနေသည့် အချိန် ကာလ ဖြစ်ပြီးလူသုံးကုန်နှင့်ဆိုင်သော ကုန်ပစ္စည်းများ ပိုပြီး အရောင်းသွက်နေမည်။ မင်္ဂလာ သတင်းကောင်းများ ကြားရတတ်သည် ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး ၄ လက် ကပ်လှူပါ ငွေ ကံကောင်းနေပြိင်္းငွေဝင်မည် အကျိုးပေးအရောင် အညိုရောင် ကံကောင်းမှု ဒီဂရီ ရာခိုင်နှုန်း ၈၅ % ထိရှိမည် ။

(၅) ဖြစ်သင့်သည်ထက် အရာရာကို စိတ်ခံစားချက်အတိုင်း လုပ်ကိုင်ဆောင် ရွက်နေတတ်သည်လူယုံများကအချိုသပ်၍ ယင်းကျင့်ကို အခွင့်အရေးယူတတ်သည် ။ လူမှုရေး အိမ်ထောင်ရေး ငွေရေးကြေးရေး မေတ္တာရေး ကိစ္စရပ်များသည် ရှေ့ဆက်မရ၊ နောက်ပြန်လှည့်မရတဲ့ဖြစ်တည်မှုတွေကြားမှာ လှုပ်လေမြုပ်လေမဖြစ်ရလေအောင် အချိန်တစ်ခုထိ စောင့်သင့်သည် ။

မကောင်းကြံသူများ အနားရှိနေတတ်ပြီး၊ အမှားစောင့်နေသူများလည်း အသင့်ရှိနေတတ်သည်သူတစ်ပါးအား အာမခံခြင်း မပြုသင့်ဘဲ၊သွားသတိ လာသတိ ရှိသင့်သည်။ ငွေကံနိမိ့းနေပြီး ရရန်ရှိသော ငွေကြေးများပင် မျှော်နေရတတ် သည် အိမ်ဘုရားတွင် ငွေထီး ၂ လက်လှူပါ …အကျိုးပေးအရောင် အဖြူရောင်ကံကောင်းမှု ဒီဂရီ ရာခိုင်နှုန်း ၅၀ % ထိရှိမည် ။

(၆) ကြိင်္းလေးသော တာဝန်များကို ဦးဆောင်နေရတတ်ပြီး ကိုယ်ရောစိတ်ပါ ပင်ပန်းနေမည် ယုံကြည်ချက်ဖြင့်ရှေ့ဆက်သူဖြစ်ပြိင်္း တိုက်ပွဲတိုင်းကို ခက် ခက်ခဲခဲနှင့် အောင်မြင်မည့်သူဖြစ်သည်။ သင်သည် ခက်ခဲသော၊ ကြမ်းတမ်းသော လမ်းခရီးကို လျှောက်လှမ်းနေရတတ်ပြီး ဘာလာလာ ရင်ဆိုင်ယှဉ်ပြိုင်မည့်သူမျိုးဖြစ်နေမည်။ ရွေးချယ်ရခက်အောင် အခွင့်အရေးများ ပြိုင်တူရလာ တတ်ပြီး ရလာသမျှကို လက်မလွှတ်ချင်သူဖြစ်သည် အလိုကြီးအရနည်းဖြစ်တတ်၏ ။

အတွင်း အပြင်ရန်ရှိနေတတ်ပြိင်္း အရာရာကို သတိ ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်သင့်သည် စိတ်ပင်ပန်းမှုကြုံပြီးမှ ငွေဝင်တတ်သည်။ ၁၊ ၄၊ ၅ ဂဏန်းများအကျိုးပေးမည် ကံကောင်းသော အရောင်မှာ အုန်းခွံရောင် ဖြစ်ပါသည် ရာထာင့်မှာရွှေထီး ၄ လက် ကပ်လှူပါ ကံကောင်းမှုဒီဂရီ ရာခိုင်နှုန်း ၆၀ % ထိရှိသည် ။

(၇) တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြင့်သာ ဘဝကို လျှောက်လှမ်းလိုသူဖြစ်ပြိင်္း သူတစ်ပါး အား ကူညီပေးတတ်သူမျိုးဖြစ်သည် အရာရာကို အကောင်းမြင်တတ်သူဖြစ်ပြီးစိတ်သဘော ထား ပြည့်ဝသူမျိုးဖြစ်သည်။ ချစ်တတ်သူ၊ တွယ်တာစိတ်များတတ်သူဖြစ်ပြိင်္း အထီးကျန် ဆန်ဆန်နေတတ်သူလည်းဖြစ်သည် …အလွယ် တကူ ယုံကြည်တတ်ပြိင်္း၊ အလွယ်တကူလည်း နားလည်ပေးတတ်သည်။ အနုပညာအလုပ် အကျိုးပေးမည် ပညာရေးကံကောင်းနေပြီး လုပ်ငန်းသစ်အတွက် ခရီးသွားရတတ်သည် ..ကောင်းမွန်တဲ့ အခွင့်လမ်းများ ရလာတတ်ပြီး ငွေဝင်မည် ။

၎၊ ၇၊ ၈ ဂဏန်းများအကျိုးပေးမည် ကံကောင်းသော အရောင် မှာ ဒေါင်းမြှီးစိမ်းရောင် ဖြစ်ပါသည် …ကြာသပတေးထောင့်မှာ သပြေ ၂၀ ညွန့်ကပ်လှူပါ ကံကောင်းမှုဒီဂရီ ရာခိုင်နှုန်း ၇၅ % ထိရှိသည် ။

Credit

Add a Comment

Your email address will not be published. Required fields are marked *

eight + one =