“ချစ်သူ က ဆုံးသွား ပေမဲ့ တန်ခိုးရှင်ကြီး ဖြစ်နေပြီး ကိုယ့်ကို လိုက်စောင့်ရှောက်နေတယ် လို့ ခံစားရတယ် ” လို့ သူမ ရဲ့ ချစ်သူအကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်း

မင်းသမီးချော ဆောင်းအိနြေ္ဒထွန်းကတော့ ပရိတ်သတ်ချစ် မင်းသမီးတစ်ယောက်အနေနဲ့ရပ်တည်နေသူဖြစ်ပြီး မိဘ အမွေတွေကို တစ်ယောက်တည်း ရရှိခဲ့တာကြောင့် အလှူအတန်းများကို မပြတ်ပြုလုပ်နေသူပါ။ယနေ့ဆိုရှယ်မီဒီယာမှာတော့ ပရိသတ်တွေသိချင်နေကြတဲ့ သူမရဲ့ ချစ်သူအကြောင်းကို လူမှုကွန်ယက်ကတဆင့် အခုလိုမျှဝေလာခဲ့ပါတယ်။” မမဆောင်း ချစ်သူ က ဆရာဝန် လိုင်းရဒါ မယူတဲ့ စစ် အင်ဂျင်နီယာ ပါ. စစ်သားတွေ ရဲ့ ဘဝ ကြမ်းတမ်းလို့ စစ်အင်ဂျင်နေရာ က ထွက်ပြီး စီးပွားရေး လောက ထဲရောက်သွားဒါ. အရမ်းချမ်းသာ တဲ့ သူဌေး ပါ.နောကိတော့ ဘောလုံး အသင်း ဥကဠ လုပ်ဒယ်.” လို့ ဆိုလာခဲ့တာပါ။

ဒါ့အပြင် ဆောင်းအိနြေ္ဒထွန်းက ” “ဗိုလ်မှူး၊စစ်အင်ဂျင်နီယာ၊ ဆရာဝန်လိုင်းရတာလို့ပြောလိုက်မိပေမဲ့အဲဒီလူကတစ်ယောက်တည်းပါပဲ၊ အသက်၃၀ကျော်အထိ သူတစ်ယောက်တည်းတွေ့ခဲ့ဖူးတာပါ၊ သူက ကိုယ့်ကိုအရမ်းချစ်လွန်းလို့ဘယ်တော့မှမေ့လို့မရဘူး၊ အရမ်းချောပြီး အရမ်း ချမ်းသာ တော့ ကိုယ့်ကို ကြိုက်လိမ့်မယ်လို့မထင်ခဲ့ဘူး၊ ရေစက်မဆုံခဲ့ဘဲဆုံးသွားတာပါ။ဆုံးသွား ပေမဲ့ တန်ခိုးရှင်ကြီးဖြစ်နေပြီး ကိုယ့်ကို လိုက်စောင့်ရှောက်နေတယ်လို့ ခံစားရတယ် ” လို့ အားလုံး သိချင်နေကြတဲ့ သူမချစ်သူအကြောင်းကို ရှင်းပြလာခဲ့တာဖြစ်ပါတယ်။

သူမဟာ လက်ရှိမှာတော့ ရည်းစား ၂ ယောက် ၃ ယောက်လောက် ရှိပြီး နောက်တစ်နှစ်ခွဲလောက်နေရင် အိမ်ထောင်ပြုသွားမယ်လို့ ဆိုလာခဲ့တာပါ။ပရိသတ်ကြီးရေ… ဒါကတော့ မမဆောင်းပြောပြခဲ့တဲ့ သူမချစ်သူအကြောင်းပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ချစ်သူနဲ့ ဆုံစည်းခွင့် မရခဲ့တဲ့ မမဆောင်းအပေါ်ထင်မြင်ချက်လေးတွေပေးခဲ့ကြပါအုန်းနော်။

Credit ShweYaungMyanmar

Add a Comment

Your email address will not be published. Required fields are marked *

twenty − 12 =