“မီးမီးခဲ” ဆုံးသွားတယ် ဆို တာ သတင်းမှား ဖြစ်ပြီး နေပြန်ကောင်း လာဖို့ ဆုတောင်းပေးကြ ဖို့ ပရိ သတ်တွေကို တောင်းဆို ခဲ့တဲ့ ထူးအယ်လင်း

ဂီတေ လာကရဲ့ တောက်ပတဲ့ ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ မီးမီးခဲနဲ့ ထူးအယ်လင်းတို့က အောင်မြင်တဲ့ အနုပညာလမ်းမမှာ ကိုယ်စီ လျှောက်လှမ်းနေကြသူများ ဖြစ်ပါတယ်။ ထူးအယ်လင်းနဲ့ မီးမီးခဲတို့က တရားဝင်ကွာရှင်းပြီးနောက်ပိုင်းမှာ ကိုယ်ပိုင်မိသားစုတွေအသီးသီး

တည်ထောင် ထားပေမယ့် သမီးဖြစ်သူ ဖြူဖြူစင်စင်လင်းကို တစ်ယောက်တစ်လှည့်စီ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ (၂၆) ရက်နေ့ညပိုင်းမှာတော့ မီးမီးခဲတစ်ယောက် ကွယ်လွန်သွားပြီဆိုပြီး သတင်းအမှားတွေ ထွက်ပေါ် လာခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသတင်းနဲ့ပက်သတ်ပြီး မီးမီးခဲရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ထူးအယ်လင်းက

“မီးမီးခဲ ဆုံးတယ် ဆိုတာ သတင်းအမှားပါ ။ သူ့ပရိတ်သတ်များကို ကျေးဇူးတင်ပါတယ်။ နေကောင်းကျန်းမာဖို့ ဆုတောင်းပေးကြပေါ့ဗျာ ။ ဘားဘီပြောပြချက်အရ ကျွန်တော် ဒီလောက်ပဲသိပါတယ် ။” ဆိုပြီး ပရိသတ်တွေကို အသိပေးထားပါတယ်။ အဆိုတော် မီးမီးခဲကတော့

ကင်ဆာနောက်ဆုံး အဆင့်ဝေဒနာကို ခံစားနေရတာဖြစ်ပြီး သြစတေးလျနိုင်ငံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မီးမီးခဲတစ်ယောက် အမြန်ဆုံးနေကောင်းလာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

nine − six =