ရေကူးဝတ်စုံ အမိုက်စားလေးနဲ့ ခေတ်မှီလှပလန်ထွက်နေတဲ့ ဂန္တဝင်

တစ်ခေတ် တစ်ခါက ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးချောလေး ဂန္တဝင်က အခုထိတိုင် ပရိသတ်တွေရဲ့ရင်ထဲမှာ ခိုအောင်းနေသေးတဲ့ သူလေးပါ။ အရွယ်တစ်ခုကို ရောက်ရှိလာပြီသလို အရင်ကထက်လည်း ပိုပြီးလှလာတဲ့ ဂန္တဝင်က အနုပညာအလုပ်တွေထက် လူမှုရေး၊ ဘာသာရေးများကို ပိုမို လုပ်ကိုင်ဖြစ်နေပါတယ်။

ဂန္တဝင်က အနုပညာအလုပ်တွေ ကို မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ ရင်းနှီးမှုရှိအောင် သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံလေးတွေကို သူမရဲ့ကိုယ်ပိုင်အကောင့်မှာ မကြာခဏတင်ပေးတတ်သူလေးပါ။ ဂန္တဝင်ကို အများအားဖြင့် လုံလုံခြုံခြုံရိုးရိုးရှင်းရှင်းလေးတွေ နဲ့သာ အမြင်များပေမယ့် ဒီတစ်ခါမှာတော့ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲလာတဲ့ ဖက်ရှင်အလန်းစားနဲ့ ဂေါ်နေတာကို တွေ့ရပါတယ်

သာယာလှပတဲ့ နေရာလေးကို သွားရောက် လည်ပတ်ရင်း ရေဆော့ကစားကာ အပန်းဖြေပျော်ရွှင်နေတဲ့ ဂန္တဝင်ကို ရေကူးဝတ်စုံအမိုက်စားလေးနဲ့ လန်းနေတာကို တွေ့ရပါတယ်။ ဂန္တဝင်က တောင်တွေကာရံထားတဲ့ ရေကန်အလယ်မှာ ဆိုကာ အရမ်းကိုမိမိုက်လှပနေတဲ့ ပုံလေးတွေကို ချပြ လိုက်ပါတယ်။

Source Gantawin Facebook

Photo Gantawin Facebook

Add a Comment

Your email address will not be published. Required fields are marked *

11 − 7 =