မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် တရုတ်ပြည်က ကမ္ဘာ့အကြီး ဆုံးဆည်၏ ကြံ့ခိုင်မှု စိုးရိမ် စရာဖြစ်လာ

တရုတ်နိုင်ငံတွင် အဆက်မပြတ် မိုးရွာသွန်းပြီး ယန်စီမြစ်ရေဆက်လက် မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီး ဆုံးဆည်ကြီး (Three Gorges Dam) ၏ ခံနိုင်ရည် ဝန်အားအတွက် စိုးရိမ်စရာဖြစ်လာသည်။

An aerial view of Three Gorges Dam, water level of whose reservoir reaches 170 meters deep, five meters to the experimental depth of 175 meters, in Zigui county, Yichang city, central China’s Hubei province, 19 October 2019.

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ ဆည်ကျိုးပေါက်မည့် အန္တရာယ်ရှိသည် ဆိုသောသတင်းများကို တာဝန်ရှိသူများက ငြင်းဆိုထားသော်လည်း ကျွမ်းကျင်သူ ပညာရှင်များကမူ သဘောမတူပေ။

ကမ္ဘာ့အကြီးဆုံးဆည်ကြီး ဖြစ်သည့် Three Georges Dam ဆည်သည် ယန်စီမြစ်ပေါ် ၌ ရှိပြီး ဟူပေပြည်နယ်၊ ဆန်ဒူပင်းမြို့အနားတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆည်ရေမြင့်တက်လာသောကြောင့် အဓိက ရေလွှဲပေါက်များအားလုံးကို ဖောက်ချထားသည်။ ထို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်များမှ စ၍ တရုတ်နိုင်ငံတောင်ပိုင်းတွင် အဆိုးရွားဆုံးရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်နေရပြီး ရေဘေးဒုက္ခနှင့် ရင်ဆိုင်ရသူပေါင်း ၄၅ သန်းကျော်ရှိနေသည်။

(200720) — YICHANG, July 20, 2020 (Xinhua) — Photo taken on July 19, 2020 shows floodwater being discharged from the Three Gorges Dam in central China’s Hubei Province.
The second flood of China’s Yangtze River this year has smoothly passed the Three Gorges Dam on Sunday as the inflow into the reservoir has decreased.
The Three Gorges reservoir saw an inflow of 46,000 cubic meters per second at 8 p.m. Sunday, compared with a peak of 61,000 cubic meters per second, which appeared at 8 a.m. Saturday and lasted for 18 hours. (Xinhua/Xiao Yijiu)

တရုတ်အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာန၏ အချက်အလက်များအရ ဇူလိုင် ၂၃ ရက်နေ့ အထိ ရေဘေးကြောင့် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးသူ ၂၃,၁၄၂ ဦးနှင့် အိမ်ခြေပေါင်း ၃၅,၀၀၀ အထိ ပျက်ဆီးခဲ့သည်ဟု သိရသည်။

crd

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 10 =