ဖြူ နီ ပြာ ဝါ မခွဲ ခြားပဲ လူ သန်း ပေါင်း များ စွာ ရဲ့ အသက်တွေ ကို ကယ်တင်နိုင်ခဲ့ကြ တဲ့ ” မှင်စွန်း လက်သန်း လေးများ ” ရဲ့ ရာဇဝင်

အခုဆို မြန်မာနိုင်ငံ မှာ ကိုဗစ် နမူနာ စစ်ဆေးမှုပေါင်း ၁ သိန်းကျော်သွား ပါပီ ။ အကုန်လုံး က နိုင်ငံတော်က ငွေကြေးကျခံခဲ့ ပါတယ် ။ ဒီအချိန်မှာ အမှတ်တရ ဒီစာ ကိုရေး ပါတယ်။

မြန်မာ့သမိုင်း မှာ ပြည်သူတွေ အထူးညီညွှတ် ခဲ့ကြတဲ့ အချိန်က ၃ ခု ရှိ ပါ တယ် ။ အဲဒီအချိန် အားလုံး ဟာ ခေါင်းဆောင်ကောင်း ရှိတဲ့အချိန်တွေ မှာပါ။ ပထ မတခုက ဖက်ဆစ်ဂျပန် ကို တော်လှန်တဲ့ အချိန်က ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ခေါင်းဆောင်မှုအောက် မှာ ပြည်သူတွေဟာ လှည်းနေလှေအောင်း မြင်းစောင်း မကျန် တညီ တညွတ် ထဲ တော်လှန် ခဲ့ကြပါ တယ်။ ဒုတိယတခုက ၂၀၁၅ မှာပါ ။ ကမ္ဘာကတောင် ပင်လယ်နီ ( Red Sea ) လို့ တင်စားရလောက်အောင် အနီရောင်ရဲရဲတောက် ဝတ်ဆင်ပီး ကိုယ် လိုချင်တဲ့ ခေါင်းဆောင် ကို မဲပေးခဲ့ကြ ပါတယ်။

နောက်ဆုံး တခု ကတော့ ၂၀၂၀ မှာ COVID ရောဂါကြီးပါပဲ။ ဒီတခုကတော့ အရင်အရာတွေနဲ့ မတူပဲ တကမ္ဘာလုံးက နိုင်ငံအားလုံးကို ရိုက်ခတ်တာပါ။ ကျနော်တို့ တိုင်းပြည်ထက် များစွာ လူ့အရင်းအမြစ်၊ ငွေကြေး နဲ့ နည်းပညာ ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာတောင် မထိန်းနိုင်ပဲ လူတွေ သောက် သောက်လဲ သေခဲ့ကြရပါတယ်။ ဒီရောဂါကြီး စတင်ရိုက်ခတ်လာချိန်မှာ ကျနော်တို့ဟာ လူ့အရင်းအမြစ်နည်း ပါးမှု၊ နည်းပညာ အားနည်းမှုနဲ့ ပစ္စည်းကိရိယာ မပြည့်စုံမှုတွေနဲ့ စိတ်အားငယ်စွာ ရင်ဆိုင်ခဲ့ရပါတယ်။ ကမ္ဘာ့ရောဂါကျွမ်းကျင်သူတွေ ကတောင် မြန်မာပြည်မှာ လူ ၂ သန်းလောက် သေပီး သန်းပေါင်းများစွာ ကူးစက်နိုင် လိမ့်မယ် လို့ ခန့်မှန်းခဲ့ကြ ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက် မှာတော့ ခေါင်းဆောင်ကောင်းတဦးသာ ရှိနေခဲ့ပီး ပြည်သူအားလုံးဟာ မရေရာလှတဲ့အချိန်တွေကို ရင်ဆိုင်ဖို့ စောင့်စားနေခဲ့ ရပါတော့တယ်။

မတ်လမှာ ပိုးတွေ့လူနာ တဦး စတင်တွေ့ ရှိလိုက်တာ နဲ့ ပြည်သူတွေ ရဲ့ နိုးထမှုဟာ အံ့မခန်းပါပဲ။ အမေစုနဲ့ အစိုးရရဲ့ ခေါင်းဆောင်မှုအောက်မှာ တညီတညွှတ်ထဲ လိုက်ပါခဲ့ကြပါတယ်။ သင်္ကြန်လို ပွဲတော်တွေကို စတေးလို က်ရတယ်။ ကျောင်းတွေပိတ် အလုပ်တွေ ပိတ်။ အိမ်ထဲ မှာ နေခဲ့ကြတယ် ။ ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီခဲ့ကြတယ်။ လက်အိတ်၊ မျက်နှာဖုံးကအစ PPE တွေ စက်တွေအလည် နေဖို့နေရာ၊ စားဖို့ရိက္ခာက အစ ထောက်ပံ့ကြပါတယ်။

ဒါ့အပြင် ပရဟိတအဖွဲ့တွေ၊ ထွေအုပ်တွေ၊ ဝန်ထမ်းတွေ အားလုံး တာဝန်ကျေစွာနဲ့ နယ်စပ်ကနေ စပီး တာဝန်ယူခဲ့ကြရပါတယ်။ အခက်အခဲတွေ အဆင်မပြေမှုတွေကို နိုင်ငံသားတိုင်း ခံစားနေရချိန်မှာ ခေါင်းဆောင်ကိုယ်တိုင် ဆွေးနွေးတယ် ။ အားပေးတယ် ။ နိုင်ငံတော်ငွေကြေးတွေကိုလဲ ပြည်သူအတွက် ပုံအော သုံးစွဲပေး ခဲ့ပါတယ်။ လမ်းပေါ်မှာ လူတွေမရှိချိန်တွေ ကျန်းမာရေးလုပ်သားတွေနဲ့ သူနာပြုကားတွေပဲ ရှိတဲ့ ခြောက်ခြားဖွယ်ရာ အချိန်တွေ ကို ဖြတ်ကျော်ခဲ့ရတယ်။

ဝန်ကြီး ကိုယ်တိုင်ကလဲ နိုင်ငံခြားမှာ မိသားစု နဲ့ အေးဆေးနေနေ ခဲ့ပေမယ့် အမေစု အစိုးရဖြစ်လာချိန် မှာ ဆက်သွယ်ပီး တောင်းဆို ခဲ့လို့ ပြန်လာလုပ်ပေးတာဖြစ်သလို သူကလဲ ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်သူဖြစ် လို့ မြန်မာပြည်ကြီး ကံကောင်းသွား ခဲ့ပါတယ်။ ရောဂါအစပိုင်းလတွေ မှာ အဆင်မပြေမှုတွေ များစွာ ရှိပေမယ့် တတ်နိုင်သလောက် ဝိုင်းဝန်းခဲ့ကြလို့ မြန်မာပြည်ကြီး ကံကောင်းခဲ့ရပါတယ်။ ပြည်သူတွေ က ကိုယ်တတ်နိုင်တဲ့ ဘက်က သတင်းပေးခြင်း၊ Trace လိုက်ပေးခြင်းနဲ့ အိမ်ထဲမှာ နေထိုင်ခြင်းတွေနဲ့ ကူညီခဲ့ပါတယ်။ အစပိုင်းမှာ နမူနာတွေကို ထိုင်းကိုပို့စစ် ရပေမယ့် နောက်ပိုင်းတော့ NHL မှာပဲ စစ်လို့ရခဲ့ပီး အဲဒီက ဝန်ထမ်းတွေကလဲ နေ့မအား ညမနား အစွမ်းကုန် လုပ်ပေးခဲ့ကြတာ ဒီနေ့အထိပါပဲ။

ဒီနေရာမှာ လမ်းကြုံလို့ အမေစုနဲ့ အစိုးရရဲ့ စေတနာတခု ကို ပြောချင်ပါသေးတယ်။ ပိုးတွေ့လူနာတွေ စစ်ရတဲ့ငွေကြေးက မသေးပါဘူး။ ပြည်သူကလဲ စစ်ဆေးခကို ပိုက်ဆံယူစေချင်သလို ကျနော်တို့ကလဲ ယူစေချ င်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေရဲ့ သဘောထားက လေးစားစရာပါ။ ငွေကြေးနဲ့ စစ်ဆေးပေးခဲ့ရင် အင်္ဂလန်ပြန်၊ အမေရိကန်ပြန် အစရှိတဲ့ ချမ်းသာတဲ့အသိုင်း အဝိုင်းက လူတွေက နေ့စဉ်တောင် စစ်ဆေးကြ ပါလိမ့်မယ်။ ပိုက်ဆံမ ရှိရှာတဲ့ သူများတိုင်းပြည် မှာ အလုပ်သွားလုပ်နေရပီး ပြန်လာကြ တဲ့ နွမ်းပါးသူတွေ အတွက်တော့ အခက်တွေ့ပါလိမ့်မယ်။

သူများတွေ ဟောခနဲ ဟော ခနဲ စစ်နေချိန်မှာ မစစ်နို င်ရင် စိတ်ဓာတ် ကျပီး အခြေအနေပိုဆိုး မှာဖြစ်လို့ အားလုံး ဆင်းရဲ ချမ်းသာမရွေး နိုင်ငံတော် ကပဲ တာဝန်ယူ စစ်ပေးမယ်။ တန်းတူကုပေးမယ် လို့ ဆုံးဖြတ်ခဲ့တာ ပါပဲ။ ဒီနေ့အထိ နမူနာတွေ ကို နိုင်ငံတော်ငွေကြေး နဲ့ စစ်ဆေးပေးနေဆဲဖြစ်ပီး စစ်ဆေးခတွေကပဲ နမူနာ ၁သိန်းကျော်အတွက် ဘီလီယံ ၂၀ လောက်ရှိနေပါပီ။ ဆေးကုသမှုတွေ၊ ပစ္စည်းနဲ့ ဆေးဝါးတွေပါ ပေါင်းရင် ဘီလီယံပေါင်းများစွာ ကို နိုင်ငံတော်က ပြည်သူအတွက် ကျခံပေးခဲ့ပါတယ်။

အခုတော့ ကျနော်တို့ဟာ တကမ္ဘာလုံးက အံ့သြစွာနဲ့ ဂုဏ်ပြုကြရတဲ့ နိုင်ငံတခုဖြစ်လာ ပါပီ ။ ဒီကပ်ရောဂါဖြစ်ပွားသူ ရာဂဏန်းအနည်းငယ်ရှိခဲ့ပီး သေဆုံးသူ ၆ ယောက်ပဲရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ကပ်ရောဂါကို ပြင်းစွာခံစားနေရတဲ့ ကမ္ဘာ့လူဦးရေတဝက်လောက် ရှတဲ့ တရုတ် နဲ့ အိန္ဒိယကြားမှာတည်ရှိနေရပီး အခုလို ထိန်းချုပ်နိုင်ခဲ့ တာဟာ ဂုဏ်ယူစရာပါ။ ဒါ့အပြင် ဒီကပ်ရောဂါဘေးကြီးမှာ ဂျပန်ကို Mask တွေ၊ ကိုရီးယားကို PPE တွေ၊ အင်္ဂလန်ကို PPE တွေ နဲ့ အမေရိကန်ကို Apron တွေ သိန်းနဲ့ချီ တင်ပို့ပီး ရောဂါတိုက်ဖျက်ရေးကို ကူညီခဲ့ပါတယ်။ စားနပ်ရိက္ခာအတွက်လဲ ကမ္ဘာ့နိုင်ငံတွေကို ဆန်တွေ တင်ပို့ပီး ကူညီနိုင်ခဲ့ ပါသေးတယ် ။

အခုဆို လုပ်ငန်းတော်တော်များများလဲ ပြန်လည်ဖွင့်လှစ် နေကြပီဖြစ်ပီး ကျောင်းတွေ လဲ ပြန်ဖွင့်နေပါပီ။ ပွင့်လင်းရာသီမှာတော့ ခရီးသွားလုပ်ငန်းတွေကိုလဲ ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းမှာလဲ ရောဂါကူးစက်မှာ မပူပင်ရပဲ တနေရာနဲ့ တနေရာကို လွတ်လပ် ပျော်ရွှင်စွာ ခရီးသွားလာနိုင်ကြပီဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ ထိုင်လို့ရပီ။ ဈေးတွေ ပြန်ဖွင့်ပီ။ လက်ဖက်ရည်ဆိုင်တွေ ပြန်ထိုင်လို့ရပီ။ ငါ့များ ဘယ်အချိန် ကူးစက်လာမလဲဆိုတဲ့ စိုးရိမ်ရမှုတွေ ကြောက်ရွ့ရမှုတွေကနေ ကင်းဝေးလာနေကြ ပါပီ။ ဒါ့အပြင် COVID ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလဲ အချိန်နဲ့ တပြေးညီ လုပ်ကိုင်နေပါပီ။ နိုင်ငံခြားတိုင်းပြည်တွေကတောင် မြန်မာပြည် ရဲ့ ရောဂါထိန်းချုပ်မှုပုံစံ ကို ချီးကျူးခဲ့ကြ ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျနော်တို့ဟာ ကျနော်တို့ကို အုပ်ချုပ်စေချင်တဲ့ ခေါင်းဆောင်ကောင်းတယောက် ကို လက်သန်းမှင်စွန်းခံပီး တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီ မှင်စွန်းခဲ့တဲ့ လက်သန်းလေးတွေကြောင့် ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ အသက်ပေါင်းများစွာ ချမ်းသာရာရ ခဲ့ရတာပါ ။ ကျနော်တို့တိုင်းပြည်ကတော့ လက်ရှိ အချိန်ထိ ငြိမ်းချမ်းစွာနဲ့ ကျော်ဖြတ်နေဆဲပါပဲ။ ဒါတွေဟာ ခေါင်းဆောင်ကောင်းတယောက်ရဲ့ နောက်ကို စည်းလုံးစွာ လိုက်ပါကြခြင်းရဲ့ အကျိုး ပါ။

လက်ရှိအစိုးရအဖွဲ့ရဲ့ သက်တမ်းဟာ နောက်နှစ် မတ်လကုန် မှာ ပီးဆုံး ပါ ပီ။ COVID ကတော့ ပီးမယ် မပီးဘူး ဘယ်သူမှ မပြောနိုင်သေးပါဘူး။ ကျနော်တို့ ဘာကို ရွေးချယ်ကြမလဲ။ ကျနော်တို့ကို ပညာရှိစွာ ခေါင်းဆောင်ပီး ကျနော်တို့ အသက်တွေ ကို
ကယ်တင်မယ့်ခေါင်းဆောင်မျိုးကိုလား။ ရသမျှ အိတ်ထဲထည့်ပီး ပစ်စလတ်ခတ် ထားရစ်မယ့်ခေါင်းဆောင်မျိုးကိုလား။ ဒီလို အစိုးရနဲ့ ဝန်ကြီးတွေ မရှိတော့ရင် နောက်တက်လာမယ့်သူတွေ ရဲ့ အရည်အချင်း ကကော ဘယ်လိုရှိ မလဲ။

ကျနော်တို့ဟာ မိမိတို့ရဲ့ လက်သန်းလေးတွေကို မှင်စွန်းပေခဲ့ခြင်းဖြင့် လူ့အသက်ပေါင်းများစွာနဲ့ မြန်မာနိုင်ငံ ကို ကယ်တင် ခဲ့ကြပီ။ အစိုးရ ကို ကြိုက်သူကော မကြိုက်သူကော ဆန့်ကျင်ဘက် ပါတီတွေကော တိုင်းရင်းသားတွေေ ကာ လူမျိုးဘာသာမရွေး ဒီနိုင်ငံ က လူသန်းပေါင်းများစွာ ရဲ့ အသက်တွေ ကို ဒီမှင်စွန်းနေတဲ့ လက်သန်း တွေက ကယ်တင်ခဲ့ တာပါ ။ ဒီလက်သန်းလေးတွေ ရဲ့ ရာဇဝင်ဟာ နောင်တခေတ် ရဲ့ သမိုင်း မှာ လှပစွာကျန်ရစ်ခဲ့ကြ ပါပီ။

ဒီနှစ် နိုဝင်ဘာမှာလဲ မိတ်ဆွေ တို့ရဲ့ လက်သန်းလေးတွေ နဲ့ ကယ်တင်ကြဖို့ မြန်မာနိုင်ငံက နောက် တကြိမ် မျှော်လင့်ေ နပါပီ။ နောက်မျိုးဆက်တွေကို ဂုဏ်ယူစွာ ပြောလိုက်ပါ။ ငါတို့ဟာ ရာဇဝင်မှာ ကဗ္ဗည်းထိုးခံ ရမယ့် ခေါင်းဆောင်တယော က်နဲ့ အစိုးရကောင်းတရပ်ကို ရွေးချယ်ခြင်း ဖြင့် ကပ်ရောဂါကြီးကို အကောင်းဆုံး ကျော်လွန်နိုင်ခဲ့ တယ်လို့…

(Nay Thway)

Add a Comment

Your email address will not be published. Required fields are marked *

nineteen + nine =