ဖိလစ်ပိုင်နိုင်ငံ မှာ တစ်ယောက် တည်း သာ ကျန် ရှိတော့ တဲ့ အသက် (၁၀၃) နှစ် အရွယ် ရှေးဟောင်း တက်တူး ထိုးဆရာမကြီး (ရုပ် / သံ)
|ရှေးဟောင်းတက်တူးထိုးတဲ့လူတွေဟာ ဖိလစ်နိုင်ငံ တစ်နိုင်ငံတည်းသာမက အခု အချိန်အထိ ကမ္ဘာ့နိုင်ငံ တော်တော် များများ မှာ ရှိပါသေးတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီလိုရှေးဟောင်းတက်တူးကို ကျွမ်းကျွမ်းကျင်ကျင်ထိုးနိုင်တဲ့ လူကတော့ တစ်ယောက်တည်းသာရှိတော့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရှိရ ပါတယ်။ အဆိုပါ လူကတော့ အသက် ၁၀၃ နှစ်အရွယ် ဖွားဖွား Whang Od Oggay ပဲ ဖြစ်ပါတယ်။
Oggay နေတဲ့နေရာကတော့ ဖိလစ်ပိုင်နိုင်ငံရှိ Buscalan ဆိုတဲ့ ရွာကလေး မှာပါ။ အဆိုပါ ရွာကလေးဟာ အင်မတန်မှ အေးချမ်းပြီး တောင်တွေပတ် လည်ဝိုင်းရံထားတဲ့ တောင်ပေါ်ရွာငယ်လေးတစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မြောက်ဖက်အခြမ်းရှိ Kalinga ဒေသမှာ တည်ရှိပြီး မနီလာမြို့ကနေတောင် ၁၅ နာရီလောက် ကားမောင်းပြီး လာရပါတယ်။ ဒါပေမယ့် လည်း ဖိလစ်ပိုင်နိုင်ငံ ကို လာလည်တဲ့ နိုင်ငံခြားသားတော်တော် များများဟာ Oggay ဆီကို တကူးတကလာရောက်ပြီး တက်တူးထိုးလေ့ရှိကြောင်း သိရပါတယ်။
လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန် အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
ဒီလိုလူ တော်တော်များများ က Oggay ဆီကို တကူး တကလာရောက်ပြီး တက်တူး အထိုးခံတယ်ဆိုတာကလည်း သူမဟာ တစ်ဦးတည်းသော ရှေးဟောင်းတက်တူးပညာရှင် ဖြစ်နေလို့ပါပဲ။ Oggay ရဲ့ တက်တကးထိုးနည်းကတော့ ရိုးရာတက်တူးထိုးနည်းတစ်ခုပါပဲ။ ဒီဘက်ခေတ်မှာတော့ တက်တူး ထိုးရင် စုတ်တံတော်တော် များများမှာ အပ်ကို သုံးလေ့ ရှိပါတယ်။ Oggay ကတော့ အပ်နေရာမှာ ကျွဲကောသီးအပင်က အဆူးကို အသုံးပြုသလို စုတ်တံနေရာမှာတော့ ဝါးတံတစ်ခုကို အသုံးပြုကာ ရေ၊မီးသွေးတို့အဖြစ်နဲ့ တက်တူးထိုးလေ့ရှိပါတယ်။ ဒီလိုနည်းကိုတော့ Kalinga တက်တူးထိုးနည်း လို့ ခေါ်ပါတယ်။
“အရင်က ဆိုရင်တော့ အဖွားနဲ့အတူတူ အဖွားသူငယ်ချင်းတွေပါ တက်တူး ထိုးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကစပြီး သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားကြရှာပါပြီ။ အဖွားကတော့ နောက်ဆုံး ကျန်ရစ်ခဲ့သူပေါ့။ အဖွားလည်း မကြာခင် သွားရတော့မှာပါ။ ဒါပေမယ့် အဖွားမသေခင် အဖွားရဲ့တက်တူး လက်ရာကို အဝေးကြီးတွေဆီ ကနေ တကူးတက လာရောက်ပြီး တက်တူးထိုးကြတဲ့ လူတိုင်းကို အဖွားကျေးဇူးတင်ပါတယ်။ နောက်ဆုံး ခေါင်းမ ချခင်လေးတော့ ငါ့ လက်ရာတွေ ဒီကမ္ဘာကြီးက လူတွေဆီမှာ ကျန်ခဲ့ပါသေးလား ဆိုတဲ့ အတွေး နဲ့တင် အဖွား တော်တော်လေးကို ပျော်ပါတယ်” လို့ Oggay က ပြောကြားခဲ့ပါတယ်။
Credit – shwemom