အဆုံးစွန် ထိ ပေးဆပ်သူကြီး ရဲ့ ပြော စမှတ် တွင် ခဲ့ တဲ့ ဇာတ်လမ်း တစ်ပုဒ်… ( လေးစားလွန်း လို့ ကြက်သီး ထမိတယ် ..)

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေး ကာလ ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာ မှာ လူထုခေါင်းဆောင်ရဲ့မဲဆွယ်ဟောပြောပွဲလု ပ်ဖို့ စီစဉ်ထားတဲ့ အိမ်ရှေ့မှာ ပရိတ်သတ်တွေ တစ်အားများနေတော့ အန်တီက အိမ်ထဲ မ ဝင်တော့ဘဲ ကားခေါင်မိုးပေါ် ကိုဆွေ့ကနဲတက်ပြီး လူထုကိုနှု တ်ဆက်တော့ ကိုစိုးဝင်းလည်း ကလည်း အမြန်လိုက် တက်ပြီး အန်တီကို ကာကွယ်ဖို့ အန္တရာယ်ဖြစ်နိုင်တာတွေရှာတဲ့ အခါ အပေါ်က ခါခြင်ကောင်တွေ ရှိတဲ့ ဘန်ဒါကိုင်း ကို ခါခြင် အကိုက်ခံပြီး အန်တီမမြင်အောင် အသာလေး အချိုးမှာ
အန်တီမြင် တော့ သူတစ်ပါး အိမ်ရှေ့ကအပင်ကို ခွင့်မတောင်း ဘဲ ခွင့်မပြုဘဲ မချိုးသင့် ဘူးပြောပြီး တစ်ခါ တည်းဆူ ပါ တယ်။

ပြီးတော့ ကိုယ်စား လှယ်လောင်း တစ်ဦးဖြစ်တဲ့ ကျနော့် ကို အိမ်ရှင် မိသားစုထံ ကိုယ်စားတောင်းပန်ခိုင်း ပါတယ် အိမ်ရှင်မိသားစုကလည်း မိမိတို့အိမ်ကိုတောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးအတွက် သုံးလိုကသုံးနိုင်အောင်ခွင့်ပြုထားပြီးဖြစ်လို့သစ်ကိုင်းလေး တစ်ကိုင်း အတွက် မည်သို့ မှ မဖြစ်ပါကြောင်း လူထုခေါင်းဆောင်က တစ်ခုတ်တစ်ရ လူလွှတ်ပြီးပြောတဲ့ အတွက် ဝမ်းမြောက်လှပါကြောင်း ၊ကျေးဇူးတင်လှပါကြောင်းပြန်ပြော ခဲ့ပါတယ်။

နောက်တွေ့တော့ ကိုစိုးဝင်းကို ပြန်ပြောပြတော့ သူပြောတာက “ပြည်သူ တစ်ယောက်ချင်းစီ ရဲ့အိမ်ရှေ့ သစ်ကိုင်း တစ်ကိုင်းချင်း ကိုတောင် တန်ဖိုးထားတာက အမကိစ္စ၊အမကို ပုရွက်ဆိပ် တစ်ကောင်၊ ခါခြင်တစ်ကောင်တောင် အကိုက် မခံရအောင်ကာကွယ်ဖို့ကျနော့် ကိစ္စ၊ ကျနော့် ကို ခါခြင် ကိုက်ခံရ ယုံမက အမက ဆူချင် သလောက်ဆူ ၊ရိုက်ချင်ရိုက် ကျနော့်အတွက်ပြဿနာ မရှိဘူး”တဲ့။ ကောင်းရာ သုဂတိရောက် မှာပါ ကိုစိုးဝင်းရေ…
အဆုံးစွန်ထိ ပေးဆပ် သူကြီး ရဲ့ ပြောစမှတ် တွင် ခဲ့ တဲ့ ဇာတ်လမ်း တစ်ပုဒ်…

Kyaw Htwe

ZN.H

Add a Comment

Your email address will not be published. Required fields are marked *

three × 4 =