



Source: Kyaw Kyaw Bo’s fb

unicode

လူတကာ ကို စနောက်ကျီ စယ်တက် တဲ့ ကိုပေါက် ကို ဆေးကြီးကြီးထိုး ပြီး ပညာပေး ခဲ့တဲ့ သရုပ် ဆောင် ကျော်ကျော်ဗို

သရုပ် ဆောင် ကျော်ကျော်ဗို ကတော့ ဇာတ် မင်းသားကြီး ဦးဝင်းဗို ရဲ့ မျိုးဆက် တစ်တစ်ယောက် ဖြစ်ပေမယ့် သဘင်လောကထက် ရုပ်ရှင်လောကမှာ ပိုမိုကျင်လည် သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗို က ပြီးခဲ့တဲ့နှစ်ကပဲ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ပူပူနွေးနွေးရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာလည်း ရုပ်ရှင် ဇာတ်ကားတွေကို ဆက်လက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

အမြဲ တမ်း ပျော်ပျော် နေတတ်ပြီး စိတ်ကို ပေါ့ပေါ့ပါးပါးသာ ထားတဲ့ ကျော်ကျော်ဗိုက ဒီနေ့မှာတော့ သူ့ရဲ့ ခင်မင်ရင်းနှီးတဲ့ ဒါရိုက်တာကိုပေါက်ကို ဆေးထိုး ကျီစယ်ထားတာကို တွေ့ရပါတယ်။ကျော်ကျော်ဗိုက လူတကာကို စနောက်ကျီစယ်လေ့ရှိတဲ့ ကိုပေါက်ရဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ပြီး ပေါက်ကရ ကပ်ပရှင်တွေ နဲ့ ဆေးထိုးထားတာ ဖြစ်ပါတယ်။

အနု ပညာ ရှင်တွေကို လိုက်ကျီစယ်လေ့ရှိတဲ့ ကိုပေါက် တစ်ယောက် ကျော်ကျော်ဗို ရဲ့ ဆေးထိုးမှု မှာ အကြီးအကျယ်ခံလိုက်ရပုံကို ပရိသတ်ကြီးကို မျှဝေပေး လိုက်ပါတယ်နော်။ကျော်ကျော်ဗိုကတော့ သူ့ကိုစနောက်သလို အခြားအနုပညာရှင် တွေကို ကျီစယ်လေ့ရှိတဲ့ ကိုပေါက်ကို ပညာပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ချစ်စရာကောင်း တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

Source: Kyaw Kyaw Bo’s fb
Credit Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

7 − three =