unicoe
ကလေး တစ်ယောက်လို အမူအရာ လေးတွေ လုပ်ပြထား တဲ့ နန်းခင်ဇေယျာ ရဲ့ ဗီဒီယိုဖိုင်
ချစ်ပရိသတ်ကြီးရေ ဖြူစင်တဲ့ အပြုံးလေးတွေ ရယ် ရိုးသားပွင့်လင်းတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားပြီး မော်ဒယ်မလေးတစ်ယောက်လည်းဖြစ် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ နန်းခင်ဇေယျာကို ပရိသတ်ကြီးသိမှာပါနော်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုမှတ်တိုင်ပေါင်း များစွာကို စိုက်ထူထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့လက်ခုပ်သံတွေကို အရယူနိုင်ခဲ့တဲ့ တိုင်းရင်းသူ မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်ပါတယ်။
အမြဲအပြုံးလေးတွေ နဲ့ ဖမ်းစားခဲ့တဲ့ တိုင်းရင်းသူ မော်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။သူမဟာ Missတစ်ယောက်အဖြစ် ပရိသတ် အသိမှတ်ပြုခံလာရကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ် ကားရိုက်ရသည်ထိ အောင်မြင်မှုရရှိကာ ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိလာတာဖြစ်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်ကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။
သူမကတော့ အပန်းဖြေ ခရီးတွေတောက်လျှောက် ထွက်နေတာဖြစ်ပြီး ခရီးသွား အမှတ်တရပုံလေးတွေကိုလည်းဖေ့ဘွတ်ပေါ်မှာ ဖော်ပြလေ့ ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ကြည့်မိသူတိုင်း အသည်းယားသွား လာက်တဲ့ ကလေးတစ်ယောက် လိုအမူအရာလေးတွေလုပ်ပြ ထားတဲ့ ဗီဒီယိုလေး ကို သူမရဲ့ ဖေ့ဘွတ်စာ မျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ ရပါတယ် ။ဗီဒီယိုလေးထဲမှာ နန်းခင်တစ်ယောက် အရမ်း ချစ်စရာကောင်းနေတာကြောင့် ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်မျှဝေပေး လိုက်ပါတယ်။
Source & Photo Cerdit : Nang Khin Zay Yar facebook Account